သစ်ကားတစ်စီးတိမ်းမှောက်ပြီး လူ(၄)ဦးသေဆုံး ဟင်္သာတ၊ မေ၂-၂၀၂၀ ဂျန်ကိုးလ်(VOM) ဧရာဝတီတိုင်း၊ ဟင်္သါတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ မနေ့ မေလ(၁)ရက်ညပိုင်းက သစ်ကားတစ်စီးတိမ်းမှောက်ပြီး လူ၄ဦးသေဆုံးသွားတယ်လို့ လေးမျက်နှာသစ်တောဦးစီးဌာနက ပြောပါတယ်။ အဲ့ဒီကားဟာ တရားမဝင်သစ်(၂)တန်ကျော် တင်ဆောင်လာရင်း ဝါးတောကွင်းကျေးရွာအုပ်စု၊ ထောက်ကြံကွင်းကျေးရွာနားက ကြံခင်းရိုးတံတားအနီးမှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ် “ဟုတ်ပါတယ်ခင်ဗျာ ညကဖြစ်တာပါ။ ကားက တံတားနားမှာမှောက်တာပါ။ ကားပေါ်ပါလာတဲ့လူလေးဦးတော့ နေရာတင် ပွဲချင်းပြီးသေဆုံးသွားတာပါ “လို့ လေးမျက်နှာမြို့နယ်သစ်တောဦးစီးဌာနကတောအုပ် ဦးဇော်ဝင်းနိုင်ကပြောပါတယ်။ လတ်တလောမှာတော့ မြို့နယ်ရဲတပ်ဖွဲ့က ယာဉ်မတော်ဆမူ့ကြောင့် လူသေဆုံးခဲ့ရတဲ့အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၀၄/က နဲ့ အမှု့ဖွင့်ထားပြီး သစ်တောဦးစီးဌာနက သစ်တောဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။ ဟသာၤတခရိုင်အတွင်း ပြီးခဲ့တဲ့ဧပြီ ၂၉ ရက်နေ့က အင်္ဂပူမြို့နယ်ကွင်းကောက်မှာ ဝါးကားတိမ်းမှောက်ပြီး အခုလိုလူလေးဦးသေဆုံးကာ လေးဦးကိုတော့ အရေးပေါ်ကုသနေရဆဲဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ဟင်္သာတ #သစ်ကားမှောက် #လူသေဆုံး Zawgyi…

Read More

ကင်ဂျုံအန်မသေသေးကြောင်း မြောက်ကိုရီးယားသတင်းဌာနတွေက ဓါတ်ပုံအထောက်အထားနဲ့ ဖော်ပြ ပြုံးယမ်း၊ မေ-၂-၂၀၂၀ မျိုးဆက် (VOM) မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ ဓါတ်မြေသြဇာစက်ရုံ ဖွင့်ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တဲ့ အသေးစိတ်ဓါတ်ပုံ ၂၀ နဲ့ သတင်းတစ်ရပ်ကို အာဏာရပါတီရဲ့ သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။ ဒီလိုသတင်းဖော်ပြမှုဟာ ကင်ဂျုံအန်ကျန်းမာရေးအခြေအနေဟာ အသက်အန္တရာယ်ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် လူမြင်ကွင်းကနေ အချိန်အတော်ကြာပျောက်နေတဲ့ ကင်ဂျုံအန်ရဲ့ ပထမဆုံးအကြိမ် လူရှေ့ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကင်ဂျုံအန်ဟာ နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ဓါတ်မြေသြစာစက်ရုံဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ အာဏာရပါတီရဲ့ Rodong Sinmunသတင်းစာနဲ့ နိုင်ငံပိုင် KCNA သတင်းဌာနတို့က ဖော်ပြထားပါတယ်။ Rodong Sinmun ရဲ့ရှေ့မျက်နှာဖုံးမှာတော့ ကင်ဂျုံအန်ဟာ စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေတဲ့ပုံနဲ့ သတင်းကိုဖော်ပြထားပြီး အခြားဓါတ်ပုံတွေကတော့ စင်ပေါ်မှာရယ်မောနေတဲ့ပုံတွေအပြင် ထိပ်တန်းတာဝန်ရှိသူတွေနဲ့အတူ စက်ရုံကို လှည့်လည်ကြည့်ရှုနေတဲ့ ပုံတွေကို ဖော်ပြထားပါတယ်။ ဒါဟာ ဧပြီ ၁၂ ရက်ကတည်းက လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ ကင်ဂျုံအန်နဲ့ပတ်သက်ပြီး…

Read More

မေဒေးမှာ လုပ်အားခမရခဲ့တဲ့ အမှတ်တရ ရန်အောင်ထွန်း(VOM) “လုပ်အားခရှင်းပေးမယ့် အလုပ်ရှင်တရုတ်က ပြန်သွားပြီ” ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းက တစ်သျှူးငှက်ပျော်လုပ်ငန်းရှင် တရုတ်သူဋ္ဌေးက လုပ်အားခတွေ အပြီးအပြတ်ရှင်းမပေးဘဲ ပြည်တော်ပြန်သွားလေပြီ။ တစ်နှစ်လုံး နေပူမရှောင် မိုးရွားမရှောင် အလုပ်လုပ်ထားရတဲ့ ချွေးနည်းစာ မရနိုင်တော့ဘူးလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မေဒေး နေ့မနက်ကို ကိုဆန်းထွေးတစ်ယောက် စတင်ရင်ဆိုင်လိုက်ရပါတယ်။ တစ်သျှူးငှက်ပျောလုပ်ငန်းမှာ ပုတ်ပြတ်(ကျင်စား)ယူလုပ်ကိုင်ခဲ့တာ မှာလေပြီလားလို့ဆိုတဲ့နောင်တက သူ့တစ်နှစ်စာ လုပ်အားခပါ ပါသွားခဲ့ရသည်အထိ အရင်းအနှီးကြီးလှပါတယ်။ “ကျွန်တော်စိုက်ခဲ့ရတာက အပင် (၁၅၀၀)ရှိတယ် ၊ တစ်တန်ကို ကျင်နှစ်ထောင်နှုန်းနဲ့တွက်ရင် မြန်မာငွေ သိန်း ၁၄၀ ကျော်တယ်“ ဆိုပြီး ဆုံးလေပြီလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဦးဆန်းထွေး ရှင်းပြနေရှာသည်။ ဦးဆန်းထွေးနဲ့ တရုတ်လုပ်ငန်းရှင်တို့ ၂၀၁၉ မေလကတည်းက ငှက်ပျောအပင် တစ်သောင်းကျော်ကို ပေါင်းသင်၊ မြက်ရှင်းကအစ ရေလောင်း၊ ဆေးကျွေး အခိုင်ခုတ်ပြီးသည်အထိ ငှက်ပျောတစ်တန်ကို ကျင်နှစ်ထောင်…

Read More

ကိုရိုနာဗိုင်းရပ်စ်ကို Remdesivirဆေးနဲ့ အရေးပေါ်ကုသဖို့ အမေရိကန်မှာခွင့်ပြု

ကိုရိုနာဗိုင်းရပ်စ်ကို Remdesivirဆေးနဲ့ အရေးပေါ်ကုသဖို့ အမေရိကန်မှာခွင့်ပြု ဝါရှင်တန်၊ မေ-၂-၂၀၂၀ မျိုးဆက်(VOM) အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာတွေကိုကုသဖို့အတွက် Remdesivir ဆေးကို အရေးပေါ်အသုံးပြုရေး အစားအစာနဲ့ဆေးဝါးစီမံခန့်ခွဲမှုဌာန (အက်ဖ်ဒီအေ) က ခွင့်ပြုလိုက်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲဒီဆေးဟာ ဗိုင်းရပ်စ်ကုသရေးအတွက် အနာဂါတ်မှာ အလားအလာကောင်းတွေရှိပြီး မယုံနိုင်ကြည်နိုင်ဖွယ် ရလဒ်တွေကို တွေ့ရှိခဲ့တယ်လို့ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရန့်က ပြောပါတယ်။ အမေရိကန်အခြေစိုက် Gilead Sciences ကုမ္ပဏီကနေထုတ်လုပ်တဲ့ Remdesivir ဆေးဟာ အီဘိုလာရောဂါ ကုသရာဖို့အတွက် အသုံးပြုတဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။ အမေရိကန် အက်ဖ်ဒီအေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာအနည်းငယ်ကို Remdesivir ဆေးနဲ့ကုသဖို့ ဇန်နဝါရီလအတွင်းက ခွင့်ပြုခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ နိုင်ငံတစ်ဝန်းရှိဆေးရုံတွေမှာ ပိုမိုကျယ်ပြန့်စွာ အသုံးပြုဖို့ အာဏာပိုင်တွေက ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ အဲဒီဆေးနဲ့ လက်တွေ့စမ်းသပ်ကုမှုတွေပြုလုပ်ရာမှာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေဟာ အချိန်တိုအတွင်း…

Read More

ရက်ပိုင်းအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်ကြောင်း မိုးဇလထုတ်ပြန်၊ မြစ်ချောင်းဘေးနေသူများ သတိပြုနေထိုင်ရေး ဘေးစီမံတိုင်းဦးစီး တိုက်တွန်း

ရက်ပိုင်းအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်ကြောင်း မိုးဇလထုတ်ပြန်၊ မြစ်ချောင်းဘေးနေသူများ သတိပြုနေထိုင်ရေး ဘေးစီမံတိုင်းဦးစီး တိုက်တွန်း ကလေး၊ မေ ၂-၂၀၂၀ ငြိမ်းသူမင်း(VOM) အိန္ဒိယနိုင်ငံ နဲ့ နယ်မြေချင်းစပ်ဆက်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာနထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မိုးဇလ သတင်းတွေကို အစဉ် မပြတ် နားစွင့်ထားကြဖို့ နဲ့ သတိထားနေထိုင်ကြဖို့ စစ်ကိုင်းတိုင်းဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဦးစီး မှူး ဦးစဝီလီဖရန့် ကတိုက်တွန်းပြောကြာခဲ့ပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနကနေ မေလ ၂ ရက်နေ ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း နဲ့ ဘင်္ဂလားပင်လယ်အောင် အရှေ့တောင်းပိုင်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ နောက်ထပ် ၃ ရက်အတွင်း မုန်းတိုင်းငယ် ဖြစ်ပေါ်လာနိုင်ပြီး အဲ့ဒီ မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံဖက်ကို ရွေ့လျားလာနိုင်တာကြောင့် အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။ “မေလ ပထမပတ်ထဲမှာဖြစ်မယ့်မုန်တိုင်းက စစ်ကိုင်းတိုင်းကိုတော့ မိုးကတော့ ရောက်မှာပဲ၊ မိုးရောက်ရင် နေရာဒေသအလိုက် မိုးကြီးနိုင်တယ်၊ မိုးကြီးရင်…

Read More

အုတ်ရေကန်ပြိုကျ ပြီး (၆၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံး

အုတ်ရေကန်ပြိုကျ ပြီး (၆၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကိုင်းမှာ အုတ်ရေကန်ပြိုကျ ပြီး (၆၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံး စစ်ကိုင်း ၊ မေ ၂-၂၀၂၀ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့နယ် ဝါးချက်ကျေးရွာအုပ်စု ဝါးချက်ကျေးရွာ စစ်ကိုင်းတောင် အဆင်းလမ်း မြစခန်းကျောင်းတိုက် မှာ ဒီနေ့ နံနက် ၄ နာရီ ဝန်းကျင်ခန့် က ရေကန်ကြီး ပြိုကျရာ အသက် ၆၅ နှစ်ရွယ်အမျိူ းသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။ စစ်ကိုင်းတောင် အဆင်းလမ်းက မြစခန်းကျောင်းတိုက်တွင်းမှာရှိတဲ့ ဂါလံ(၂၅၀၀၀၀)ဆံ့ အုတ်ရေကန်ပြိုကျပြီး အောက်မှာရှိတဲ့ ကျောင်းဆောင်ငယ်တခြမ်းပိမိကာ ကျောင်းအတွင်းနေတဲ့ ကျောင်းထိုင်းဆရာတော် ဦးဇဋိလရဲ့ မယ်တော် ဒေါ်တင်လှ အသက်(၆၅)နှစ် မြေပိသေဆုံးခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း) ထံကသိရပါတယ်။ ပြိုကျခဲ့တဲ့ အုတ်ရေကန် နဲ့ ကျောင်းဆောင်ကို စစ်ကိုင်းတောင်မီးသတ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း) သုခကာရီ လူမှုကူညီရေးအသင်းအိုးဘို လူမှုကူညီရေးအသင်းတို့က ရှင်းလင်းဆောင်ရွက်ခဲ့ပြီး သေဆုံးသွားတဲ့ အသက်၆၅နှစ် မယ်တော်ကြီး ဒေါ်တင်လှ အလောင်းကိုတော့ စစ်ကိုင်းမြို့ကုတင်၂၀၀…

Read More
VOM News

FREE
VIEW