သစ်ကားတစ်စီးတိမ်းမှောက်ပြီး လူ(၄)ဦးသေဆုံး

ဟင်္သာတ၊ မေ၂-၂၀၂၀
ဂျန်ကိုးလ်(VOM)

ဧရာဝတီတိုင်း၊ ဟင်္သါတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ မနေ့ မေလ(၁)ရက်ညပိုင်းက သစ်ကားတစ်စီးတိမ်းမှောက်ပြီး လူ၄ဦးသေဆုံးသွားတယ်လို့ လေးမျက်နှာသစ်တောဦးစီးဌာနက ပြောပါတယ်။

အဲ့ဒီကားဟာ တရားမဝင်သစ်(၂)တန်ကျော် တင်ဆောင်လာရင်း ဝါးတောကွင်းကျေးရွာအုပ်စု၊ ထောက်ကြံကွင်းကျေးရွာနားက ကြံခင်းရိုးတံတားအနီးမှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်

“ဟုတ်ပါတယ်ခင်ဗျာ ညကဖြစ်တာပါ။ ကားက တံတားနားမှာမှောက်တာပါ။ ကားပေါ်ပါလာတဲ့လူလေးဦးတော့ နေရာတင် ပွဲချင်းပြီးသေဆုံးသွားတာပါ “လို့ လေးမျက်နှာမြို့နယ်သစ်တောဦးစီးဌာနကတောအုပ် ဦးဇော်ဝင်းနိုင်ကပြောပါတယ်။

လတ်တလောမှာတော့ မြို့နယ်ရဲတပ်ဖွဲ့က ယာဉ်မတော်ဆမူ့ကြောင့် လူသေဆုံးခဲ့ရတဲ့အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၀၄/က နဲ့ အမှု့ဖွင့်ထားပြီး သစ်တောဦးစီးဌာနက သစ်တောဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။

ဟသာၤတခရိုင်အတွင်း ပြီးခဲ့တဲ့ဧပြီ ၂၉ ရက်နေ့က အင်္ဂပူမြို့နယ်ကွင်းကောက်မှာ ဝါးကားတိမ်းမှောက်ပြီး အခုလိုလူလေးဦးသေဆုံးကာ လေးဦးကိုတော့ အရေးပေါ်ကုသနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဟင်္သာတ #သစ်ကားမှောက် #လူသေဆုံး

Zawgyi

သစ္ကားတစ္စီးတိမ္းေမွာက္ၿပီး လူ(၄)ဦးေသဆံုး

ဟသၤာတ၊ ေမ၂-၂၀၂၀
ဂ်န္ကိုးလ္(VOM)

ဧရာဝတီတိုင္း၊ ဟသၤါတခ႐ိုင္၊ ေလးမ်က္ႏွာၿမိဳ႕နယ္မွာ မေန႔ ေမလ(၁)ရက္ညပိုင္းက သစ္ကားတစ္စီးတိမ္းေမွာက္ၿပီး လူ၄ဦးေသဆုံးသြားတယ္လို႔ ေလးမ်က္ႏွာသစ္ေတာဦးစီးဌာနက ေျပာပါတယ္။

အဲ့ဒီကားဟာ တရားမဝင္သစ္(၂)တန္ေက်ာ္ တင္ေဆာင္လာရင္း ဝါးေတာကြင္းေက်း႐ြာအုပ္စု၊ ေထာက္ႀကံကြင္းေက်း႐ြာနားက ႀကံခင္း႐ိုးတံတားအနီးမွာ တိမ္းေမွာက္ခဲ့တာ ျဖစ္ပါတယ္

“ဟုတ္ပါတယ္ခင္ဗ်ာ ညကျဖစ္တာပါ။ ကားက တံတားနားမွာေမွာက္တာပါ။ ကားေပၚပါလာတဲ့လူေလးဦးေတာ့ ေနရာတင္ ပြဲခ်င္းၿပီးေသဆုံးသြားတာပါ “လို႔ ေလးမ်က္ႏွာၿမိဳ႕နယ္သစ္ေတာဦးစီးဌာနကေတာအုပ္ ဦးေဇာ္ဝင္းႏိုင္ကေျပာပါတယ္။

လတ္တေလာမွာေတာ့ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ယာဥ္မေတာ္ဆမူ႔ေၾကာင့္ လူေသဆုုံးခဲ့ရတဲ့အတြက္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ၃၀၄/က နဲ႔ အမႈ႕ဖြင့္ထားၿပီး သစ္ေတာဦးစီးဌာနက သစ္ေတာဥပေဒအရ အေရးယူသြားမယ္လို႔ သိရပါတယ္။

ဟသာၤတခ႐ိုင္အတြင္း ၿပီးခဲ့တဲ့ဧၿပီ ၂၉ ရက္ေန႔က အဂၤပူၿမိဳ႕နယ္ကြင္းေကာက္မွာ ဝါးကားတိမ္းေမွာက္ၿပီး အခုလိုလူေလးဦးေသဆုံးကာ ေလးဦးကိုေတာ့ အေရးေပၚကုသေနရဆဲျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ဟသၤာတ #သစ္ကားေမွာက္ #လူေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW