ကင်ဂျုံအန်မသေသေးကြောင်း မြောက်ကိုရီးယားသတင်းဌာနတွေက ဓါတ်ပုံအထောက်အထားနဲ့ ဖော်ပြ

ပြုံးယမ်း၊ မေ-၂-၂၀၂၀
မျိုးဆက် (VOM)

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ ဓါတ်မြေသြဇာစက်ရုံ ဖွင့်ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တဲ့ အသေးစိတ်ဓါတ်ပုံ ၂၀ နဲ့ သတင်းတစ်ရပ်ကို အာဏာရပါတီရဲ့ သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။

ဒီလိုသတင်းဖော်ပြမှုဟာ ကင်ဂျုံအန်ကျန်းမာရေးအခြေအနေဟာ အသက်အန္တရာယ်ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် လူမြင်ကွင်းကနေ အချိန်အတော်ကြာပျောက်နေတဲ့ ကင်ဂျုံအန်ရဲ့ ပထမဆုံးအကြိမ် လူရှေ့ထွက်ပေါ်လာတာဖြစ်ပါတယ်။

ကင်ဂျုံအန်ဟာ နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ဓါတ်မြေသြစာစက်ရုံဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ အာဏာရပါတီရဲ့ Rodong Sinmunသတင်းစာနဲ့ နိုင်ငံပိုင် KCNA သတင်းဌာနတို့က ဖော်ပြထားပါတယ်။

Rodong Sinmun ရဲ့ရှေ့မျက်နှာဖုံးမှာတော့ ကင်ဂျုံအန်ဟာ စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေတဲ့ပုံနဲ့ သတင်းကိုဖော်ပြထားပြီး အခြားဓါတ်ပုံတွေကတော့ စင်ပေါ်မှာရယ်မောနေတဲ့ပုံတွေအပြင် ထိပ်တန်းတာဝန်ရှိသူတွေနဲ့အတူ စက်ရုံကို လှည့်လည်ကြည့်ရှုနေတဲ့ ပုံတွေကို ဖော်ပြထားပါတယ်။

ဒါဟာ ဧပြီ ၁၂ ရက်ကတည်းက လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ ကင်ဂျုံအန်နဲ့ပတ်သက်ပြီး ပထမဆုံးဖော်ပြတဲ့ သတင်းဖြစ်ကာ သူဟာ ယမန်နေ့ကလည်း ပါတီအစည်းအဝေးတစ်ရပ်ကို တက်ရောက်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနကနေ ဖော်ပြထားပါတယ်။

ကင်ဂျုံအန်ရဲ့ သတင်းနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မှတ်ချက်ပြုဖို့ ငြင်းဆိုလိုက်ပြီး သင့်လျော်တဲ့အချိန်တစ်ခုကျမှ ပြောဆိုမယ်လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

Ref: NHK
Photo: Reuters
#voiceofmyanmar #VOM #ကင်ဂျုံအန် #မသေသေးကြောင်း #မြောက်ကိုရီးယားဖော်ပြ

Zawgyi

ကင္ဂ်ံဳအန္မေသေသးေၾကာင္း ေျမာက္ကိုရီးယားသတင္းဌာနေတြက ဓါတ္ပံုအေထာက္အထားနဲ႔ ေဖာ္ျပ

ျပံဳးယမ္း၊ ေမ-၂-၂၀၂၀
မ်ိဳးဆက္ (VOM)

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ံဳအန္ဟာ ဓါတ္ေျမၾသဇာစက္ရံု ဖြင္႔ပြဲအခမ္းအနားတစ္ခုကို တက္ေရာက္ခဲ႔တဲ႔ အေသးစိတ္ဓါတ္ပံု ၂၀ နဲ႔ သတင္းတစ္ရပ္ကို အာဏာရပါတီရဲ႕ သတင္းစာမွာ ေဖာ္ျပလိုက္ပါတယ္။

ဒီလိုသတင္းေဖာ္ျပမႈဟာ ကင္ဂ်ံဳအန္က်န္းမာေရးအေျခအေနဟာ အသက္အႏၱရာယ္ရိွေနတယ္ဆိုတဲ႔ သတင္းေတြထြက္ေပၚခဲ႔ျပီးေနာက္ လူျမင္ကြင္းကေန အခ်ိန္အေတာ္ၾကာေပ်ာက္ေနတဲ႔ ကင္ဂ်ံဳအန္ရဲ႕ ပထမဆံုးအၾကိမ္ လူေရွ႕ထြက္ေပၚလာတာျဖစ္ပါတယ္။

ကင္ဂ်ံဳအန္ဟာ နိုင္ငံေျမာက္ပိုင္းမွာရိွတဲ႔ ဓါတ္ေျမၾသစာစက္ရံုဖြင္႔ပြဲအခမ္းအနားကို တက္ေရာက္ခဲ႔တယ္လို႔ အာဏာရပါတီရဲ႕ Rodong Sinmunသတင္းစာနဲ႔ နုိင္ငံပိုင္ KCNA သတင္းဌာနတို႔က ေဖာ္ျပထားပါတယ္။

Rodong Sinmun ရဲ႕ေရွ႕မ်က္နွာဖံုးမွာေတာ႔ ကင္ဂ်ံဳအန္ဟာ စက္ရံုကို ဖဲၾကိဳးျဖတ္ဖြင္႔လွစ္ေပးေနတဲ႔ပံုနဲ႔ သတင္းကိုေဖာ္ျပထားျပီး အျခားဓါတ္ပံုေတြကေတာ႔ စင္ေပၚမွာရယ္ေမာေနတဲ႔ပံုေတြအျပင္ ထိပ္တန္းတာဝန္ရိွသူေတြနဲ႔အတူ စက္ရံုကို လွည္႔လည္ၾကည္႔ရႈေနတဲ႔ ပံုေတြကို ေဖာ္ျပထားပါတယ္။

ဒါဟာ ဧျပီ ၁၂ ရက္ကတည္းက လူျမင္ကြင္းကေန ေပ်ာက္ကြယ္ေနတဲ႔ ကင္ဂ်ံဳအန္နဲ႔ပတ္သက္ျပီး ပထမဆံုးေဖာ္ျပတဲ႔ သတင္းျဖစ္ကာ သူဟာ ယမန္ေန႔ကလည္း ပါတီအစည္းအေ၀းတစ္ရပ္ကို တက္ေရာက္ခဲ႔တယ္လို႔ နုိင္ငံပိုင္သတင္းဌာနကေန ေဖာ္ျပထားပါတယ္။

ကင္ဂ်ံဳအန္ရဲ႕ သတင္းနဲ႔ပတ္သက္ျပီး အေမရိကန္သမၼတေဒၚနယ္ထရန္႔က မွတ္ခ်က္ျပဳဖို႔ ျငင္းဆိုလိုက္ျပီး သင္႔ေလ်ာ္တဲ႔အခ်ိန္တစ္ခုက်မွ ေျပာဆိုမယ္လို႔ အိမ္ျဖဴေတာ္မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

Ref: NHK
Photo: Reuters
#voiceofmyanmar #VOM #ကင္ဂ်ံဳအန္ #မေသေသးေၾကာင္း #ေျမာက္ကိုရီးယားေဖာ္ျပ

Related posts

Leave a Comment

VOM News

FREE
VIEW