ကားေတြ အမည္ေျပာင္း အခြန္ေဆာင္ရမယ္႕ ကိစၥ လူထုုအသံ

ခု ကားမည္ေပါက္ေျပာင္း အခြန္ေဆာင္ရမွာနဲ႔ ပတ္သက္ၿပီး ကားပိုုင္ရွင္ ကိုုေက်ာ္ၾကီးက ဗီအိုုအမ္ကေန အမ်ားျပည္သူသိေအာင္ အိတ္ဖြင့္ေပးစာ ေပးပိုု႕ထားပါတယ္။

မွန္တာေျပာ ဘာမွကို ေျပာခ်င္စိတ္မရွိတာ ေျပာရမယ္ဆိုရင္ အားနည္းခ်က္ေတြက အမ်ားႀကီးလို႔ျမင္သလိုပဲ ၊ အစိုးရက သူတို႔ျဖစ္ခ်င္တာလုပ္တာ ျပည္သူ႔ေကာင္းက်ိဳးလား သူတို႔ေကာင္းက်ိဳးလားကို မကြဲဘူး

။

ကားကို ပိုင္ရွင္အမည္ေပါက္ျဖစ္ရမယ္ဆိုတာကို အျပည့္အ၀လက္ခံတယ္။ ျဖစ္သင့္တယ္။

 အမည္ေပါက္ေျပာင္းရတာ ကိစၥမရွိေပမယ့္ အခြန္ထပ္ေဆာင္ရတာမွာ ေျပာစရာ ေထာက္ျပစရာ အားနည္းခ်က္ေတြက အမ်ားႀကီး

တကယ္ေတာ့ဗ်ာ ဦးသိန္းစိန္လက္ထက္ ကားေဟာင္းအပ္ ကားသစ္စသြင္းခြင့္ျပဳကတည္းက ကိုယ့္ကားဟာ ကိုယ့္အမည့္ေပါက္ျဖစ္ရမယ္ သက္တမ္းတိုးရင္ ပိုင္ရွင္ကိုယ္တိုင္ျဖစ္ရမယ္ဆိုတဲ့ အခ်က္ကို ဘာအတြက္ေလ်ာ့ေပးခဲ့လဲ။

အဲ့လိုေလ်ာ့ေပးခဲ့ေတာ့ဗ်ာ အဲ့အခ်ိန္က ကားဝယ္ရင္ နာမည္ေပါက္ရရ မရရ ဂ႐ုမစိုက္ခဲ့ဘူး။ ဝယ္ခဲ့တာပဲ။ နာမည္ေပါက္ရလည္း ဒီေစ်းပဲ။ မရလည္းဒီေစ်းပဲေလ။

 နာမည္ေပါက္ရလို႔ မရလို႔ ေစ်းကြာတာမွမဟုတ္တာ။

အဲ့လို ၁၀ ႏွစ္ေလာက္ႀကီး ခြင့္ျပဳခဲ့ၿပီးမွ ခုမွ အမည္ေပါက္ျဖစ္ရမယ္လို႔ ဘာလို႔ ထလုပ္တာလဲ။ အဲ့တုန္းက ဘာေၾကာင့္ခြင့္ျပဳခဲ့ပါသလဲ။ ကညနက လူေတြေျဖၾကည့္ေလ။

နာမည္ေပါက္ျဖစ္ေစခ်င္ရင္ ကညနမွာ နာမည္ေပါက္ေျပာင္းခယူ ေျပာင္းခိုင္းလိုက္ေပါ့။ ခုေတာ့ အခြန္ေဆာင္ရအုံးမွာဆိုေတာ့ မခက္ဘူးလား။

နာမည္ေပါက္ျဖစ္ေစခ်င္တာထက္ အခြန္ရခ်င္တာမဟုတ္ဘူးလား။

ထိုင္းမွာ ကားအမည္ေပါက္ေျပာင္းရင္ ၅ ေသာင္းေလာက္ပဲကုန္တယ္။ ဘယ္ႏွစ္ႀကိမ္ေျပာင္းေျပာင္း ဒီေလာက္ပဲတဲ့။ အဲ့လိုမျဖစ္သင့္ဘူးလား ကဲ
ေနာက္ က်ေနာ္တို႔ ဝယ္စီးတယ္ဆိုတာက Brandnew အသစ္ေတြမွမဟုတ္တာ

သူမ်ားတိုင္းျပည္က စီးၿပီးသား အေဟာင္းေတြေလ။

တစ္စီးကို ႏွစ္ဘယ္ေလာက္ၾကာေအာင္စီးရမွာလဲ။ အၿမဲအလဲအထပ္လုပ္ေျပာင္းစီး ေနၾကတာေလ။ 

အဲ့လိုအေဟာင္းေတြကို တကယ္ျဖစ္သင့္တဲ့ေစ်းထက္ ႏွစ္ဆ သုံးဆေလာက္ မတန္တဆေစ်း ပိုေပးစီးေနၾကရတာ။ ျပည္သူေတြ ဘယ္ေလာက္သနားဖို႔ေကာင္းလဲ။

ဒီၾကားထဲ ခု အခြန္ထပ္ေဆာင္ရအုံးမယ္ဆိုေတာ့ . . . 


ဒီကားေတြက သြင္းလာတုန္းက အခြန္လိုအပ္ခ်က္ေတြမ်ားရွိခဲ့လို႔လား



။

ျပည္သူ႔ဘ႑ဘီလ်ံရာနဲ႔ခ်ီနစ္နာခဲ့တဲ့ ၿငိမ္းခ်မ္းေရးပါမစ္နဲ႔သြင္းလာတဲ့ အခြန္မဲ့ 9/E နံပါတ္ ကမာၻ႔ေစ်းအႀကီးဆုံးကားေတြေတာင္ ေအးေဆးပဲေလ
။

ေနာက္အဆိုးဆုံးကေတာ့ က်ေနာ္တို႔ျပည္သူေတြက ကညန တို႔ အခြန္႐ုံးတို႔ဆိုေၾကာက္တယ္ ဘာလို႔လဲဆိုေတာ့ ရႈပ္ေထြး ခက္ခဲမႈေတြအရမ္းမ်ားလို႔။ တက္ႏိုင္သမွ် မသြားခ်င္ၾကဘူး။
အထူးသျဖင့္ အခြန္ကိစၥဆို ရွင္းလင္းစြာ နာလည္သူမရွိသေလာက္ပဲ။ မွန္တာေျပာကိုယ္ေတာင္နားမလည္ဘူး။

ဥပမာ အခု အခြန္ရာျဖတ္မယ္ဆိုရင္ေတာင္ Crown 2004 3.0 အကၡရာ D E F ဆို သိန္းသုံးရာ ပတ္ဝန္းက်င္ အဲ့ထက္အကၡရာျမင့္တဲ့ကားေတြဆို ၄၀၀ အထက္ေတြေလ
အဲ့ေတာ့ ဘယ္လိုစံနဲ႔ျဖတ္မလဲ။ Crown 2004 3.0 ဆိုတာနဲ႔ အားလုံးတန္းတူျဖတ္မွာလား ဒါေတာင္ ရန္ကုန္လိုင္စင္နယ္လိုင္စင္ကြာေသးတယ္။ ဂရိတ္ေပၚမူတည္ကြာေသးတယ္။ အခြန္အရာရွိပါးစပ္ထဲမွာရွိေတာ့ အဂတိတရားေတြျဖစ္မလာႏိုင္ဘူးလား

၊ အဲ့လိုေတြရႈပ္ေထြးတဲ့ ႐ုံးကိစၥေတြကို ျပည္သူေတြက ရင္ဆိုင္ရမွာ အရမ္းေၾကာက္တယ္။

 

ေနာက္ ရန္ကုန္လိုင္စင္က နယ္လိုင္စင္ေျပာင္းလို႔ရၿပီး နယ္လိုင္စင္ကၾကေတာ့ ရန္ကုန္လိုင္စင္ေဖာက္မရဘူးဆိုတဲ့ သဘာ၀မက်တာေတြအမ်ားႀကီးလို႔ျမင္တယ္

။

 

ေနာက္ အေရးႀကီးဆုံးကေတာ့ အားလုံးသိတဲ့ အတိုင္း အခုခ်ိန္မွာ ျပည္သူအားလုံးက ၾကပ္တည္းေနတယ္။ အလုပ္အကိုင္ေတြမေကာင္းၾကဘူး။ 


ဒီၾကားထဲ ျပည္သူေတြက အခြန္ေပါင္းစုံပိေနတယ္။

 

အခြန္ ၂ ထပ္ ၃ ထပ္ျပန္ေဆာင္ေနၾကရသလိုပဲ။ အခြန္ေပါင္းစုံသာ ေပးေဆာင္ေနရေပမယ့္ ႏိုင္ငံသားတစ္ဦး ရရွိသင့္တဲ့ ဝန္ေဆာင္မႈၾကေတာ့ ျပန္မရသလိုခံစားရတယ္။

 

ခုေခတ္မွာ ကားပိုင္တိုင္သူေဌးမဟုတ္ဘူးဆိုတာလည္းေျပာခ်င္တယ္။
အဲ့ေတာ့ ခု နာမည္ေပါက္ျဖစ္ေရးကို လုပ္ေဆာင္မႈကို နည္းနည္းျပန္သုံးသပ္ေစခ်င္တယ္။
ေလ်ာ့ေပါ့သက္သာခြင့္ေလးစဥ္းစားေပးေစခ်င္တယ္ ဆိုုတဲ႕ အေၾကာင္း. သက္ဆိုုင္ရာ အစိုုးရ တာဝန္ရွိသူေတြသိဖိုု႕ ဗီအိုုအမ္ လူထုုအသံ က႑ကေန တင္ျပေပးလိုုက္ပါတယ္။

 

Unicode

 

ခု ကားမည်ပေါက်ပြောင်း အခွန်ဆောင်ရမှာနဲ့ ပတ်သက်ပြီး ကားပိုင်ရှင် ကိုကျော်ကြီးက ဗီအိုအမ်ကနေ အများပြည်သူသိအောင် အိတ်ဖွင့်ပေးစာ ပေးပို့ထားပါတယ်။

 

မှန်တာပြော ဘာမှကို ပြောချင်စိတ်မရှိတာ ပြောရမယ်ဆိုရင် အားနည်းချက်တွေက အများကြီးလို့မြင်သလိုပဲ ၊ အစိုးရက သူတို့ဖြစ်ချင်တာလုပ်တာ ပြည်သူ့ကောင်းကျိုးလား သူတို့ကောင်းကျိုးလားကို မကွဲဘူး

။

ကားကို ပိုင်ရှင်အမည်ပေါက်ဖြစ်ရမယ်ဆိုတာကို အပြည့်အဝလက်ခံတယ်။ ဖြစ်သင့်တယ်။

 အမည်ပေါက်ပြောင်းရတာ ကိစ္စမရှိပေမယ့် အခွန်ထပ်ဆောင်ရတာမှာ ပြောစရာ ထောက်ပြစရာ အားနည်းချက်တွေက အများကြီး

တကယ်တော့ဗျာ ဦးသိန်းစိန်လက်ထက် ကားဟောင်းအပ် ကားသစ်စသွင်းခွင့်ပြုကတည်းက ကိုယ့်ကားဟာ ကိုယ့်အမည့်ပေါက်ဖြစ်ရမယ် သက်တမ်းတိုးရင် ပိုင်ရှင်ကိုယ်တိုင်ဖြစ်ရမယ်ဆိုတဲ့ အချက်ကို ဘာအတွက်လျော့ပေးခဲ့လဲ။

 

အဲ့လိုလျော့ပေးခဲ့တော့ဗျာ အဲ့အချိန်က ကားဝယ်ရင် နာမည်ပေါက်ရရ မရရ ဂရုမစိုက်ခဲ့ဘူး။ ဝယ်ခဲ့တာပဲ။ နာမည်ပေါက်ရလည်း ဒီဈေးပဲ။ မရလည်းဒီဈေးပဲလေ။

 နာမည်ပေါက်ရလို့ မရလို့ ဈေးကွာတာမှမဟုတ်တာ။

 

အဲ့လို ၁၀ နှစ်လောက်ကြီး ခွင့်ပြုခဲ့ပြီးမှ ခုမှ အမည်ပေါက်ဖြစ်ရမယ်လို့ ဘာလို့ ထလုပ်တာလဲ။ အဲ့တုန်းက ဘာကြောင့်ခွင့်ပြုခဲ့ပါသလဲ။ ကညနက လူတွေဖြေကြည့်လေ။

 

နာမည်ပေါက်ဖြစ်စေချင်ရင် ကညနမှာ နာမည်ပေါက်ပြောင်းခယူ ပြောင်းခိုင်းလိုက်ပေါ့။ ခုတော့ အခွန်ဆောင်ရအုံးမှာဆိုတော့ မခက်ဘူးလား။

နာမည်ပေါက်ဖြစ်စေချင်တာထက် အခွန်ရချင်တာမဟုတ်ဘူးလား။

ထိုင်းမှာ ကားအမည်ပေါက်ပြောင်းရင် ၅ သောင်းလောက်ပဲကုန်တယ်။ ဘယ်နှစ်ကြိမ်ပြောင်းပြောင်း ဒီလောက်ပဲတဲ့။ အဲ့လိုမဖြစ်သင့်ဘူးလား ကဲ
နောက် ကျနော်တို့ ဝယ်စီးတယ်ဆိုတာက Brandnew အသစ်တွေမှမဟုတ်တာ

သူများတိုင်းပြည်က စီးပြီးသား အဟောင်းတွေလေ။

တစ်စီးကို နှစ်ဘယ်လောက်ကြာအောင်စီးရမှာလဲ။ အမြဲအလဲအထပ်လုပ်ပြောင်းစီး နေကြတာလေ။ 

အဲ့လိုအဟောင်းတွေကို တကယ်ဖြစ်သင့်တဲ့ဈေးထက် နှစ်ဆ သုံးဆလောက် မတန်တဆဈေး ပိုပေးစီးနေကြရတာ။ ပြည်သူတွေ ဘယ်လောက်သနားဖို့ကောင်းလဲ။
ဒီကြားထဲ ခု အခွန်ထပ်ဆောင်ရအုံးမယ်ဆိုတော့ . . . 


ဒီကားတွေက သွင်းလာတုန်းက အခွန်လိုအပ်ချက်တွေများရှိခဲ့လို့လား



။

ပြည်သူ့ဘဏ္ဍဘီလျံရာနဲ့ချီနစ်နာခဲ့တဲ့ ငြိမ်းချမ်းရေးပါမစ်နဲ့သွင်းလာတဲ့ အခွန်မဲ့ 9/E နံပါတ် ကမ္ဘာ့ဈေးအကြီးဆုံးကားတွေတောင် အေးဆေးပဲလေ
။

နောက်အဆိုးဆုံးကတော့ ကျနော်တို့ပြည်သူတွေက ကညန တို့ အခွန်ရုံးတို့ဆိုကြောက်တယ် ဘာလို့လဲဆိုတော့ ရှုပ်ထွေး ခက်ခဲမှုတွေအရမ်းများလို့။ တက်နိုင်သမျှ မသွားချင်ကြဘူး။
အထူးသဖြင့် အခွန်ကိစ္စဆို ရှင်းလင်းစွာ နာလည်သူမရှိသလောက်ပဲ။ မှန်တာပြောကိုယ်တောင်နားမလည်ဘူး။

ဥပမာ အခု အခွန်ရာဖြတ်မယ်ဆိုရင်တောင် Crown 2004 3.0 အက္ခရာ D E F ဆို သိန်းသုံးရာ ပတ်ဝန်းကျင် အဲ့ထက်အက္ခရာမြင့်တဲ့ကားတွေဆို ၄၀၀ အထက်တွေလေ
အဲ့တော့ ဘယ်လိုစံနဲ့ဖြတ်မလဲ။ Crown 2004 3.0 ဆိုတာနဲ့ အားလုံးတန်းတူဖြတ်မှာလား ဒါတောင် ရန်ကုန်လိုင်စင်နယ်လိုင်စင်ကွာသေးတယ်။ ဂရိတ်ပေါ်မူတည်ကွာသေးတယ်။ အခွန်အရာရှိပါးစပ်ထဲမှာရှိတော့ အဂတိတရားတွေဖြစ်မလာနိုင်ဘူးလား
အဲ့လိုတွေရှုပ်ထွေးတဲ့ ရုံးကိစ္စတွေကို ပြည်သူတွေက ရင်ဆိုင်ရမှာ အရမ်းကြောက်တယ်။

နောက် ရန်ကုန်လိုင်စင်က နယ်လိုင်စင်ပြောင်းလို့ရပြီး နယ်လိုင်စင်ကကြတော့ ရန်ကုန်လိုင်စင်ဖောက်မရဘူးဆိုတဲ့ သဘာဝမကျတာတွေအများကြီးလို့မြင်တယ်

။

နောက် အရေးကြီးဆုံးကတော့ အားလုံးသိတဲ့ အတိုင်း အခုချိန်မှာ ပြည်သူအားလုံးက ကြပ်တည်းနေတယ်။ အလုပ်အကိုင်တွေမကောင်းကြဘူး။ 


ဒီကြားထဲ ပြည်သူတွေက အခွန်ပေါင်းစုံပိနေတယ်။

အခွန် ၂ ထပ် ၃ ထပ်ပြန်ဆောင်နေကြရသလိုပဲ။ အခွန်ပေါင်းစုံသာ ပေးဆောင်နေရပေမယ့် နိုင်ငံသားတစ်ဦး ရရှိသင့်တဲ့ ဝန်ဆောင်မှုကြတော့ ပြန်မရသလိုခံစားရတယ်။

ခုခေတ်မှာ ကားပိုင်တိုင်သူဌေးမဟုတ်ဘူးဆိုတာလည်းပြောချင်တယ်။
အဲ့တော့ ခု နာမည်ပေါက်ဖြစ်ရေးကို လုပ်ဆောင်မှုကို နည်းနည်းပြန်သုံးသပ်စေချင်တယ်။
လျော့ပေါ့သက်သာခွင့်လေးစဉ်းစားပေးစေချင်တယ် ဆိုတဲ့ အကြောင်း. သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေသိဖို့ ဗီအိုအမ် လူထုအသံ ကဏ္ဍကနေ တင်ပြပေးလိုက်ပါတယ်။

 

#voiceofmyanmar #people’s voice #လူထုုအသံ

Related posts

Leave a Comment

VOM News

FREE
VIEW