Read MoreCategory: ဓာတ်ပုံ ဗီဒီယို
အညာဒေသ ကောက်သစ်စားပွဲခေါ်တဲ့ မုန့်ပေါင်းပွဲတော်ကျင်းပ
အညာဒေသ ကောက်သစ်စားပွဲခေါ်တဲ့ မုန့်ပေါင်းပွဲတော်ကျင်းပ စစ်ကိုင်း ဒီဇင်ဘာ ၁၁-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့မှာ အညာဒေသကောက်သစ်စားပွဲလို့ခေါ်နဲ့မုန့်ပေါင်းပွဲတော်ကို စစ်ကိုင်းမြို့ ဒါးဝယ်ဈေးတိုက်နယ်ထဲက ငါးထပ်ကြီးဘုရား အနီးမှာ ဒီနေ့ညနေပိုင်းအချိန်က စတင်ကျင်းပနေပါတယ်။ အဲ့ဒီမုန့်ပေါင်းပွဲတော်ကို ရှေးအရင်က ကျင်းပပြုလုပ်လာတာဖြစ်ပြီး မုန့်ပေါင်းပွဲတော် တပေါင်းလပြည့်နေ့နဲ့လပြည့်ကျော်၁ရက်ဆိုပြီး ၂ရက်တိုင်တိုင် ကျင်းပတာဖြစ်ပြီး ပွဲတော်နေ့မှာစားတဲ့မုန့်ပေါင်းပွဲဟာ ဆေးဖက်ဝင်တယ်လို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။ ရှေးတုန်းကလမုန့်ပေါင်းပွဲကို နတ်တော်လပြည့်နေ့ ည တစ်ည ထဲကျင်းပတာဖြစ်ပြီး လွန်ခဲ့တဲ့၁၀နှစ်လောက်က စပြီး လပြည့်ကျော်၁ရက်နေ့ ညထိကျင်းပတာဖြစ်ပါတယ်။ အရင်ကမုန့်ပေါင်းကို မြေပေါင်းအိုးနဲ့ လုပ်ကိုင်ရောင်းချကြပြီး အခုမှာတော့ သံဖြူ ပုံးပေါင်းအိုးနဲ့ ရောင်းချလာကြပါတယ်။ မုန့်ပေါင်းပွဲတော်ကိုသမိုင်းဝင် ဝေဠုဝန်ငါးထပ်ကြီးဘုရား အနီး၊ ဒါးဝယ်ဈေးတိုက်နယ်ထဲက တောင်ဘော်ဂါ၊ ကနားတော်၊ ညောင်ကုန်း စတဲ့အနီး ရပ်ကွက်တွေက လာရောက်ရောင်းချကြပြီး မုန့်ပေါင်း ဈေးသည် ၇၀ လောက်လာရောက် ရောင်းချကြပါတယ်။ #voiceofmyanmar #စစ်ကိုင်း #မုန့်ပေါင်းပွဲတော်…
Read Moreကျောက်မျက်အခွန် လျော့ပေးသင့်
Unicode ကျောက်မျက်အခွန် လျော့ပေးသင့် မန္တလေး၊ ဒီဇင်ဘာ ၁၁ ၊ ၂၀၁၉ အောင်ထူးနိုင်(VOM) Video News မြန်မာ့ကျောက်မျက်ရတနာအခွန်နှုန်းဟာ များပြားလွန်းတာကြောင့် လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ကျောက်မျက်ရတနာအခွန်ဟာ အဆင့်ဆင့်ပေးဆောင်နေရတာကြောင့် လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်ပေါ်တာလို့ ပတ္တမြား၊ နဂါး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီရဲ့ ဒါရိုက်တာ ဦးထွန်းဝင်းက ဆိုပါတယ်။ “သူတို့က တစ်ခုတည်းကောက်တာဆိုပေမယ့် ကျွန်တော်တို့က ပေးရတာက ခေါင်းစဉ်များနေတယ်။ ဟိုတုန်းကတော့ ကုမ္ပဏီက ၆၀ ရာခိုင်နှုန်း၊ နိုင်ငံတော် ၄၀ ရာခိုင်နှုန်း၊ အခုတော့ ကုမ္ပဏီ ၇၅ ရာခိုင်နှုန်း၊ နိုင်ငံတော် ၂၅ ရာခိုင်နှုန်း၊ ဒါပေမဲ့ ၇၅ ရာခိုင်နှုန်းက အပြည့်ရတာ မဟုတ်ဘူး။ တွင်းဝခွန်က ဆောင်ရသေးတယ်။ ရောင်းခွန် ၁၀ ရာခိုင်နှုန်းဗျာ၊ အဲဒီတော့ ကိုယ့်ဆီမှာ ဘာမှ…
Read Moreဂျုံအရုပ်ပညာနဲ့ အသက်မွေးသူ ကိုစန်းဦး
Read Moreနယ်သာလန်နိုင်ငံက အိုင်စီဂျေကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ထောက်ခံပွဲ (ရန်ကုန်)
Unicode နယ်သာလန်နိုင်ငံက အိုင်စီဂျေကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ထောက်ခံပွဲ (ရန်ကုန်) ရန်ကုန် ၊ ဒီဇင်ဘာ ၁၀-၂၀၁၉ သူရိန် (VOM) ICJ တွင်တရားစွဲဆိုခံရမှုနှင့်ပက်သက်ပြီး မြန်မာနိုင်ငံရဲ့ဂုဏ် သိက္ခာကိုကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံတွင်ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ထောက်ခံသောအားဖြင့် ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် လူထုထောက်ခံပွဲကျင်းပ ပြုလုပ်ခဲ့သည်။ ယနေ့ပြုလုပ်မည့် လူထုထောက်ခံပွဲသို့ “နိုင်ငံ့ဂုဏ်သိက္ခာ ကာကွယ်ဖို့ အမေစုနဲ့ရပ်တည်စို့” ကြွေးကြော်သံများဖြင့် လူထုသောင်းနှင့်ချီသောပြည်သူများမှ မဟာဗန္ဓုလပန်းခြံသို့ လမ်း လျှောက်ချီတက်ခဲ့ကြသည်။ #voiceofmyanmar #ICJ #ထောက်ခံပွဲ #ရန်ကုန် Zawgyi နယ်သာလန်နိုင်ငံက အိုင်စီဂျေကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ထောက်ခံပွဲ (ရန်ကုန်) ရန်ကုန် ၊ ဒီဇင်ဘာ ၁၀-၂၀၁၉ သူရိန် (VOM) ICJ တွင်တရားစွဲဆိုခံရမှုနှင့်ပက်သက်ပြီး မြန်မာနိုင်ငံရဲ့ဂုဏ် သိက္ခာကိုကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံတွင်ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်သော…
Read MoreICJ ကို သွားဖြေရှင်းတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုထောက်ခံပွဲ မြစ်ကြီးနားမြို့မှာပြုလုပ်
ICJ ကို သွားဖြေရှင်းတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုထောက်ခံပွဲ မြစ်ကြီးနားမြို့မှာပြုလုပ် မြစ်ကြီးနား၊ ဒီဇင်ဘာ ၉-၂၀၁၉ ရန်အောင်ထွန်း(VOM) အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို သွားရောက်တရားရင်ဆိုင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ပွဲကို ဒီကနေ့မနက်ပိုင်းက မြစ်ကြီးနားမြို့မှာ ဒေသခံလူဦးရေ တစ်ထောင်လောက်နဲ့ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတာကို ရင်ဆိုင်ဖြေရှင်းဖို့ ဒီဇင်ဘာ ၈ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟေ့ဂ့်မြို့ကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ #voiceofmyanmar #မြစ်ကြီးနား #ထောက်ခံပွဲ
Read MoreICJ သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်ပြည်သူတွေ ထောက်ခံ
ICJ သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်ပြည်သူတွေ ထောက်ခံ ပုသိမ်-ဒီဇင်ဘာ ၈-၂၀၁၉ ကိုအောင်(ပုသိမ်) အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာမြန်မာနိုင်ငံအတွက် ဦးဆောင်ဖြေရှင်းမယ့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ပွဲကို ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဒီဇင်ဘာလ ၈ ရက်နေ့ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲပါတယ်။ ထောက်ခံပွဲကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့အစိုးရအဖွဲ့ဝန်ကြီးတွေ၊ လွှတ်တော် ဥက္ကဋ္ဌနဲ့ကိုယ်စားလှယ်များတွေအပါအဝင် ဒေသခံ စုစုပေါင်း အင်အား ၅၀၀၀ နီးပါး တက်ရောက် ခဲ့ကြပါတယ် #voiceofmyanmar #ICJ #ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ #ဧရာဝတီတိုင်း #ပုသိမ် Zawgyi ICJ သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်ပြည်သူတွေ ထောက်ခံ ပုသိမ်-ဒီဇင်ဘာ ၈-၂၀၁၉ ကိုအောင်(ပုသိမ်) အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာမြန်မာနိုင်ငံအတွက် ဦးဆောင်ဖြေရှင်းမယ့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ပွဲကို ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဒီဇင်ဘာလ ၈ ရက်နေ့…
Read Moreနမ်ဆန်ယန်ကျေးရွားအနီး တိုက်ပွဲဆက်မဖြစ်ဖို့ တပ်မတော်ဘက်က အာမခံချက်ပေး
Unicode နမ်ဆန်ယန်ကျေးရွားအနီး တိုက်ပွဲဆက်မဖြစ်ဖို့ တပ်မတော်ဘက်က အာမခံချက်ပေး ဝိုင်းမော်-ဒီဇင်ဘာ ၇-၂၀၁၉ ရန်အောင်ထွန်း (VOM) ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က နေရပ်ပြန်စစ်ရှောင်ပြည်သူတွေစိတ်မပူဖို့ နမ်ဆန်ယန်ကျေးရွာအနီးမှာ တိုက်ပွဲထပ်မဖြစ်ဖို့ တပ်မတော်ဘက်က ဒီဇင်ဘာ ၅ ရက်နေ့က အကြောင်းပြန်ထားတယ်လို့ နန်ဆမ်ယန် နေရပ်ပြန်အရေး အကျိုးဆောင် ဦးဖော်လားကမ်ဖန်က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က နန်ဆမ်ယန်နဲ့ ၄ မိုင်အကွာမှာ တပ်မတော်နဲ့ KIO တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းကြောင့် ပြန်လည်အခြေချနေထိုင်သူတွေ စိုးရိမ်ပြီး နေရပ်စွန့်ခွာဖို့ ပြင်ဆင်ခဲ့ကြရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နေရပ်ပြန်စစ်ရှောင်တွေ ပြန်လည်ထူထောင် အခြေချနေထိုင်တဲ့ ကျေးရွာတွေ အနီးမှာ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့တွေ တိုက်ပွဲမပြုလုပ်ဖို့ ဆွေးနွေးပြီး အပစ်အခတ်မဲ့ဇုန် ဖော်ဆောင်ပေးစေချင်တယ်လို့ နန်ဆမ်ယန်ကျေးရွား ကျောင်းထိုင် ဘုန်းတော်ကြီး ဖာသာဂေါ့လိုယုံဝါ ကပြောပါတယ်။ ဦးဖော်လားကမ်ဖန်အနေနဲ့ နိုင်ဝင်ဘာ ၂၉ ရက်နေ့…
Read Moreစည်းကမ်းမဲ့ ခရီးသွားတွေကြောင့် ရွှေနန်းတော်ကျောင်းကို လုံခြုံရေးချပေးဖို့လိုအပ်
စည်းကမ်းမဲ့ ခရီးသွားတွေကြောင့် ရွှေနန်းတော်ကျောင်းကို လုံခြုံရေးချပေးဖို့လိုအပ် မန္တလေး-ဒီဇင်ဘာ ၂-၂၀၁၉ ဇာနည်မာန် + ရှိုင်းအောင် မန္တလေးက ရွှေနန်းတော်ကျောင်းကို ကမ္ဘာလှည့်ခရီးသွားတွေ ဒီနှစ်ပိုင်း အလာများပြီး ဒီထဲမှာ ဆေးလိပ်သောက်တာ၊ ပန်းပုရုပ်တွေကို ကိုင်တွယ်တာတွေနဲ့ စည်းမဲ့ကမ်းမဲ့အမှိုကစွန့်တာတွေကြောင့် ရွှေကျောင်းကြီးအတွက် လုံခြုံရေးက အရေးတကြီးလိုအပ်နေတယ်လို့ ပြုပြင်ထိမ်းသိမ်းရေးလုပ်နေသူတွေက ဆိုပါတယ်။ အမေရိကန်သံအမတ်တွေရဲ့ ရံပုံငွေနဲ့ ရှေးမူမပျက် ပြုပြင်ထိမ်းသိမ်းမှုတွေလုပ်နေတဲ့ World Monument Fund က Program Director ဂျက်ဖ်အလန်နဲ့ မြန်မာမမှု ပန်းပုပညာရှင် ဦးကံချွန်တို့ကို ရွှေနန်းတော်ကျောင်းမှာ မဇာနည်မာန်က တွေ့ဆုံပြီး ကိုရှိုင်းအောင်က ရိုက်ကူးတင်ဆက်ထားပါတယ်။ World Monument Fund က Program Director ဂျက်ဖ်အလန် ပြောတာတွေကတော့ ဒီနှစ်အဖို့ ကြုံရတဲ့ အခက်အခဲက ခရီးသွားတွေ တအားများလာတာပါပဲ။ ခရီးသွားတွေထဲမှာ တရုတ်ပြည်မကြီးက ခရီးသွားတွေ တော်တော်များလာတော့…
Read MoreHIVနဲ့နေထိုင်သူတွေရဲ့ ကွန်းခိုရာ
Unicode HIVနဲ့နေထိုင်သူတွေရဲ့ ကွန်းခိုရာ ရန်ကုန် ဒီဇင်ဘာ- ၂-၂၀၁၉ အောင်ထူးနိုင်(VOM) HIV (AIDS) ရောဂါနဲ့အတူဘဝရှင်သန်နေသူတွေကို ကျမ္မာရေးအသိနည်းသူတွေက ခွဲခြားဆက်ဆံမှုတွေ လုပ်ကြပါတယ်။ တချို့ဆိုရင် မိသားစုအရင်းကြီးတွေကတောင် ပစ်ပယ်လိုက်ကြတာ ရှိပါတယ်။ ဒီလိုအချိန်မှာ သူတို့အတွက် အရေးအကြီးအဆုံးက နေထိုင်နိုင်ဖို့ နေရာပါပဲ။ စိတ်ဓာတ်ခွန်အား ပေးမယ့်သူတွေလည်း လိုပါတယ်။ အခုတော့ သူတို့လိုအပ်တာကို ဖြည့်ဆည်းနိုင်မယ့် နေရာရှိနေပါပြီ။ ဒါကတော့ NAC ဆိုလို့ ခေါ်တဲ့ NLD AIDS Center ပါပဲ။ ဒီစင်တာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက NLD အစိုးရမဖြစ်ခင်ကာလကတည်းက ဦးဆောင်ခဲ့ပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြားထဲက ဒီစင်တာဖြစ်အောင် ဘယ်လိုကြိုးစားတည်ဆောက်ခဲ့ရသလဲ ၊ ဂေဟာမှာနေထိုင်သူတွေ ဘယ်လိုနေကြသလဲဆိုတာ ကိုအောင်ထူးနိုင်က ရိုက်ကူးတင်ဆက်ထားပါတယ်။ #voiceofmyanmar #မဖြူဖြူသင်း #NLDAIDSCENTER #HIV #NAC Zawgyi HIVနဲ့နေထိုင်သူတွေရဲ့ ကွန်းခိုရာ…
Read More