မန္တလေး- နိုဝင်ဘာ ၂၀-၁၀၂၀ ညီသစ် (VOM) အသက် ၁၄ နှစ် သားကတည်းက ပရဟိတအလုပ်ကို စလုပ်ခဲ့တဲ့ ကိုကျော်ဖြိုးဝေဟာ သူအသက် ၂၀ ပြည့်ပြီး Covid 19 ကပ်ရောဂါ ကာလဖြစ်ချိန်မှာ အပေါင်းအသင်းတွေက လူနာသယ်ရတဲ့ သူ့လိုပရဟိတသမားကို ခပ်ဝေးဝေးရှောင်ပေမယ့် ချစ်သူရဲ့ နားလည်မှုကြောင့် သူယုံကြည်ရာကို ဆက်လုပ်နိုင်ခဲ့သလို လုပ်နေဆဲဖြစ်ပါတယ်။ ကိုဗစ်ဆိုရင်စိုးရွံ့ထိတ်လန့်သူတွေရှိကြပေမယ့် သူတို့ပရဟိတသမားတွေကတော့ စိုးရိမ်မှုကို ဘေးဖယ်ပြီး ပိုးတွေ့လူနာတွေ ထိစပ်လူနာတွေ သက်ဆိုင်ရာစင်တာတွေဆေးရုံတွေရောက်ဖို့ နေ့နေ့ညည ပို့ဆောင်ပေးနေကြရပါတယ်။ ဒီလိုအခက်အခဲတွေကြားက စေတနာကိုအဓိကထား ကိုယ်ကျိုးစွန့်လုပ်ကိုင်နေကြတဲ့ ပရဟိတသမားတွေရဲ့ စွမ်းဆောင်ရတဲ့ လုပ်ငန်းစဉ်တွေကို နားလည်ပေးနိုင်ဖို့ မန္တလေး မြောက်ပြင်ပရဟိတမင်းခေါင်လူမှုရေးအသင်းက အသက်အငယ်ဆုံး ယာဉ်မောင်း ကိုကျော်ဖြိုးဝေရဲ့ တနေ့တာလုပ်ငန်းတွေကို VOM သတင်းထောက် ကိုညီသစ် က ရိုက်ကူးတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #ပရဟိတနှလုံးသား #မန္တလေးမြောက်ပြင်…
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) က တောင်ကြီးမြို့ ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့ ဆန္ဒဖော်ထုတ်
တောင်ကြီး၊ နိုဝင်ဘာ- ၁၇- ၂၀၂၀ နေနန်းနွယ်(VOM) အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP) ဟာ နိုဝင်ဘာလ ၁၇ ရက်နေ့မနက်ပိုင်းက ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ကလည်း ဒါကို ပါတီစွဲပုဂ္ဂိုလ်စွဲနဲ့သွားမှာမဟုတ်ပဲ ပြည်သူတစ်ရပ်လုံးအနေနဲ့သာသွားမှာဖြစ်တယ်။ ကျွန်တော်တို့ဆီမှာလည်း သက်သေအထောက်ထားတွေရှိသလို တစ်နိုင်ငံလုံးအတိုင်းအတာမှာလည်း သက်သေအထောက်အထားတွေရှိနေတယ်။ တရားရုံးတွေမှာရော၊ သတင်းမီဒီယာတွေကရော ကျယ်ကျယ်ပြန့်ပြန့်ပြောနေကြတဲ့အပေါ်မှာ ကော်မရှင်ဟာ ယုံကြည်မှု လုံးဝကင်းမဲ့လာစေတဲ့အထိ ဖြစ်လာခဲ့တယ်။ အဲ့တော့ ကော်မစ်ရှင်အနေနဲ့ အစိုးရတစ်ရပ်ကိုဖွဲ့ပြီး တင်ပြလိုက်မယ်ဆိုရင် ဒါဟာမှားယွင်းတဲ့အစိုးရတစ်ရပ်သာဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဒါ ကျွန်တော်တို့ဘက်ကလည်း ကော်မစ်ရှင်ကတင်လိုက်တဲ့ အစိုးရတစ်ရပ်ကို ကန့်ကွက်ဆန့်ကျင်တာမျိုးပါ။ အဓိက ကတော့ ရွေးကောက်ပွဲကော်မစ်ရှင်ကမဟုတ်ဘဲ UEC ကိုယ်စား သီးသန့်တင်မြှောက်တဲ့အစိုးရကိုပဲ လက်ခံချင်ပါတယ်။ ဒ့ါကြောင့်လည်းဆန္ဒပြဖို့စီစဉ်ဖြစ်တာပါ” လို့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)မှ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးဝင်းဗိုလ်က ပြောပါတယ်။ အောက်တိုဘာ ၁၇ နေ့တွင် အေးသာယာကနေ…
Read Moreအရပ်သားတွေ ထိခိုက်သေဆုံးမှု အစိုးရဘာတွေကူသလဲလို့ ရခိုင်လွှတ်တော်မှာမေး
စစ်တွေ၊ နိုဝင်ဘာ ၁၇- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ရေး ပဋိပက္ခတွေကြောင့် အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရမှုတွေ တစ်နေ့တစ်ခြား တိုးလာတာနဲ့ အညီ ဒေသခံပြည်သူတွေရဲ့ အထွေထွေနစ်နာချက်တွေကို ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ကူညီထောက်ပံ့ပေးမှုတွေရှိကြောင်းနဲ့ အဲဒီလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရဲ့ကူညီထောက်ပံ့မှုအခြေအနေတွေအပေါ် လက်ရှိ စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ၊ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်က မနေ့ နိုဝင်ဘာ ၁၆ ရက်နေ့၊ ရခိုင်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးအောင်သန်းတင်ရဲ့ မေးမြန်းချက်ကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ပြန်လည်ဖြေကြားခဲ့ တာဖြစ်ပါတယ်။ ပြည်နယ်အစိုးရဖက်က ပြန်လည်ဖြေကြားရာမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့်၊ ထိခိုက်သေဆုံး ဒဏ်ရာရရှိသူတွေကို အစိုးရအနေနဲ့ ကူညီထောက်ပံ့ပေးနေပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု…
Read Moreစစ်တပ်က တရားစွဲတာခံနေရတဲ့ ရွှေဝါရောင်နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိန္တိတ ရွေးကောက်ပွဲကို ဘယ်လိုမြင်လဲ
မန္တလေး၊ နိုဝင်ဘာ- ၁၆-၂၀၂၀ ရှိုင်းအောင် (VOM) ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလမှာ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ခဲ့လို့ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ရတဲ့ ရွှေဝါရောင်ဆရာတော် ဦးစိန္တိတ ဟာ လက်ရှိမှာတော့ တပ်မတော်နဲ့ပတ်သက်ပြီး ဝေဖန်ရေးသားမှုကြောင့် ၆၆ (ဃ)၊ ပုဒ်မ – ၅၀၀ တို့နဲ့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တရားရုံး ကနေ ဆရာတော်ဦးစိန္တိတကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က ငွေကျပ်သိန်း ၃၀ တန် ကိုယ်ပိုင်ခံဝန်ပေးခဲ့ပြီး ၆၆(ဃ) ပုဒ်မကိုတော့ တရားလိုပြသက်သေတွေ မခိုင်လုံတာကြောင့် ပယ်ချခဲ့ပြီး ပုဒ်မ ၅၀၀ ကိုဆက်လက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။ နောက်ရုံးချိန်းကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။ တပ်မတော်နဲ့ပတ်သက်ပြီးဝေဖန်ရေးသားခဲ့တဲ့ ရွှေဝါရောင်ဆရာတော်ဦးစိန္တိတကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်မှာရှိတဲ့ အမှတ်(၂) ပင်မအလုပ်ရုံ (လျှပ်၊စက်)အလုပ်ရုံမှူး ဒုတိယဗိုလ်မှူးကြီးသန့်ဇော်ဦးက တိုင်တန်းခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအပေါ် ဦးစိန္တိတရဲ့အမြင်တွေနဲ့…
Read Moreပဲခူးတိုင်းဝန်ကြီးချုပ်က ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူဝေတဲ့ကိစ္စနဲ့ ရှေ့ဆက်သွားမယ့် ပဲခူးတိုင်းအစိုးရခရီး ပြောပြချက်
ပဲခူး၊ နိုဝင်ဘာ- ၁၅- ၂၀၂၀ ကောင်းလကျာ် (VOM) ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ အင်ကြင်းကုန်းရွာမှာ နိုဝင်ဘာ ၆ ရက်နေ့ ညပိုင်းက ဒေသခံကလေးငယ်တွေကို ဗိုလ်ချုပ်ပုံပါ ၅၀၀ ကျပ်တန်တချို့ ပေးဝေတဲ့ကိစ္စကို ပိုက်ဆံ ပေးနေတယ်လို့ မယူဆဘဲ အထိမ်းမှတ်တစ်ခုကို ပေးဝေခြင်းသာ ဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက တုန့်ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ မျိုးဆက်သစ် ကလေးတွေကို ဗိုလ်ချုပ် အထိမ်းမှတ်ပုံပါတဲ့ ပိုက်ဆံအချို့ကိုလက်ဆောင်ပေးတာပါ။ကြုံရင် ကြုံသလို ပေးနေတာမျိုးပါ။ ငွေကြေးလို့ မယူဆပါဘူး။ ဗိုလ်ချုပ်ပုံပါတယ့် ပိုက်ဆံလေးတွေမို့လို့ မသုံးပါနဲ့ဆိုတာတောင် တစ်ခါတည်း မှာကြားပါတယ်” လို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့ ညပိုင်းက လူတချို့ကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုက်ပုံအင်္ကျီအိတ်ထောင်ထဲကနေ ကျပ်ငါးရာတန် ငွေစက္ကူတွေကို တစ်ယောက်…
Read Moreပြဿနာရှိရင်သတင်းရေးတဲ့သူဘဝမှ ပြဿနာရှင်းရမယ့်နေရာရောက်သွားသူ
ဖားကန့်၊ နိုဝင်ဘာ-၁၄-၂၀၂၀ ဇော်မိုးထက်(VOM) ပြဿနာဖြစ်တာတွေကို ပြည်သူနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေသိအောင် တင်ပြရေးသားပေးရတဲ့ သတင်းထောက်တယောက်ဟာ အဲဒီပြဿနာတွေကိုရှင်းပေးရမယ့်တာဝန်ရှိသူ လွှတ်တော်ကိုယ်စားလှယ်နေရာရောက်သွားရင် ဘာတွေကွာခြားသွားမလဲ ဘာအခဲတွေရှိလာနိုင်မယ်ထင်ပါသလဲ? အရင်က ဖားကန့်ကနေ သတင်းတွေရေးသားပေးပို့ခဲ့တဲ့ ကိုအောင်ဟိန်းမင်းဟာ ခုတော့ ဖားကန့်မြို့နယ်ရဲ့ အန်အယ်လ်ဒီပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံလိုက်ရပြီဖြစ်ပါတယ်။ သတင်းထောက်ဘဝနဲ့ နိုင်ငံရေးသမားဘဝ ဘာတွေကွာခြားသွားလဲ? သူဖားကန့်ပြည်သူတွေအတွက် ဘာလုပ်ပေးနိုင်မလဲ? လုပ်ပေးချင်တိုင်း လုပ်ပေးလို့ရော ရပါ့မလား? ဘာစိန်ခေါ်မှုတွေရှိနိုင်မလဲဆိုတာတွေကို VOM သတင်းထောက် ကိုဇော်မိုးထက်က ဖားကန့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အသစ်ဖြစ်လာတော့မယ့် ဦးအောင်ဟိန်းမင်းကို တွေ့ဆုံမေးမြန်းထားပါတယ်။ #voiceofmyanmar #VOM #ဖားကန့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် #ဦးအောင်ဟိန်းမင်း zawgy ပြဿနာရှိရင်သတင်းရေးသူဘဝမှ ပြဿနာရှင်းရမယ့်နေရာရောက်သွားသူ ဖားကန့်၊ နိုဝင်ဘာ-၁၄-၂၀၂၀ ဇော်မိုးထက်(VOM) ပြဿနာဖြစ်တာတွေကို ပြည်သူနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေသိအောင် တင်ပြရေးသားပေးရတဲ့ သတင်းထောက်တယောက်ဟာ အဲဒီပြဿနာတွေကိုရှင်းပေးရမယ့်တာဝန်ရှိသူ လွှတ်တော်ကိုယ်စားလှယ်နေရာရောက်သွားရင် ဘာတွေကွာခြားသွားမလဲ ဘာအခဲတွေရှိလာနိုင်မယ်ထင်ပါသလဲ? အရင်က ဖားကန့်ကနေ သတင်းတွေရေးသားပေးပို့ခဲ့တဲ့ ကိုအောင်ဟိန်းမင်းဟာ ခုတော့ ဖားကန့်မြို့နယ်ရဲ့ အန်အယ်လ်ဒီပါတီကိုယ်စားပြု…
Read Moreစောင်းတန်းလေးသွယ်မှ လမ်းဘေးဈေးသည်ဘဝ
Read Moreရွေးချယ်မှုမှန်ရင်စံစားရမယ် မှားရင်တော့ ခံစားသွားရမှာမို့ အရင်လုပ်ရပ်တွေကိုကြည့်ဖို့လို
ရေစကြို-နိုဝင်ဘာ- ၅-၂၀၂၀ နေလင်းဖြူ(VOM) တပ်မတော်အစိုးရလက်ထက်မှာ စစ်ဥပဒေချုပ်၊ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးလုပ်ခဲ့တဲ့ ခု အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုးမောင်က အရင်သူတို့လုပ်ခဲ့တဲ့ကာလက ကောင်းတာမကောင်းတာကိုသုံးသပ်ပြီး လူရွေးမှန်ဖို့လိုတယ်လို့ VOM နဲ့တွေ့ဆုံမေးမြန်းခန်းမှာဖြေခဲ့ပါတယ်။ သူ့ရဲ့ဇာတိ မကွေးတိုင်း ရေစကြိုမြို့နယ်ကနေ ပြည်သူ့လွှတ်တော်နေရာကဝင်ရောက်ယှဉ်ပြိုင်မယ့်အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုးမောင်ကို VOM သတင်းထောက် ကိုနေလင်းဖြူက တွေ့ဆုံမေးမြန်းထားတာပါ။ ပထမဆုံးအနေနဲ့ ဘာသာသနာအကြောင်းပြုမဲဆွယ်တဲ့ ကိစ္စတွေကို အရေးယူမယ်လို့ သက်ဆိုင်ရာက ပြောထားတဲ့အပေါ် ဦးစိုးမောင်ရဲ့ သဘောထားမေးကြည့်တော့ #voiceofmyanmar #VOM #ဦးစိုးမောင် #အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ zawgy ရွေးချယ်မှုမှန်ရင်စံစားရမယ် မှားရင်တော့ ခံစားသွားရမှာမို့ အရင်လုပ်ရပ်တွေကိုကြည့်ဖို့လို ရေစကြို-နိုဝင်ဘာ- ၅-၂၀၂၀ နေလင်းဖြူ(VOM) တပ်မတော်အစိုးရလက်ထက်မှာ စစ်ဥပဒေချုပ်၊ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးလုပ်ခဲ့တဲ့ ခု အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုးမောင်က အရင်သူတို့လုပ်ခဲ့တဲ့ကာလက ကောင်းတာမကောင်းတာကိုသုံးသပ်ပြီး လူရွေးမှန်ဖို့လိုတယ်လို့ VOM နဲ့တွေ့ဆုံမေးမြန်းခန်းမှာဖြေခဲ့ပါတယ်။ သူ့ရဲ့ဇာတိ…
Read MoreQuarantine တဲ့ မဲဆန္ဒရှင်တွေ မဲလက်မှတ်နဲ့ ၆ ပေအကွာက ကြိုတင်မဲပေးရမည်
မြစ်ကြီးနား- နိုဝင်ဘာ၄-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က Quarantine Center တွေမှာ အသွားအလာ ကန့်သတ်ခံထားရသူတွေကို နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး ကြိုတင်မဲပေးခွင့် ပြုခဲ့ပြီး မဲဆန္ဒရှင်တွေဟာ မဲလက်မှတ်နဲ့ ၆ ပေအကွာကနေ မဲပေးရမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးနဲ့ ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသိန်းမြို့တို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။ Quarantine Center က မဲပေးခွင့်ရှိသူတွေကို ကြိုတင်မဲကောက်ယူမှု အနေနဲ့ မြစ်ကြီးနားမြို့နယ်အတွင်း နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်မှာ ကောက်ယူမှာဖြစ်ပြီး ဝိုင်းမော်မြို့နယ် အတွင်းမှာတော့ ၅ ရက်နေ့ကနေ ၇ ရက်အတွင်း ကောက်ယူမယ်လို့ သိရပါတယ်။ အဲ့ဒီလိုမဲပေးတဲ့အခါမှာ ရပ်ကျေးကော်မရှင် တာဝန်ရှိသူတွေ၊ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေနဲ့ စောင့်ကြည့်ရေး…
Read Moreလှည်းကူးမြို့မှာ အမျိုးဘာသာစောင့်ရှောက်တဲ့ခေါင်းဆောင်တွေကို မဲပေးဖို့ ကမ်ပိန်းပြုလုပ်
လှည်းကူး- နိုဝင်ဘာ ၃-၂၀၂၀ အေးချမ်းသူ(VOM) လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ အမျိုးဘာသာ၊သာသနာကို ကာကွယ်စောင့်ရှောက်တဲ့ခေါင်းဆောင်တွေကိုသာ မဲပေးဖို့အတွက် ဒီကနေ့မနက်ပိုင်းက လှည်းကူးမြို့မှာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကနေ ကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။ “ရဟန်း၊ သံဃာကိုသတ်ရင် တစ်ပါးပဲသေပါတယ်။ ဒါပေမယ့် ဘာသာသာသာနာမပျောက်သွားပါဘူး။ အဲ့ဒါကြောင့် ကျွန်မတို့ရွေးချယ်မယ့် ခေါင်းဆောင်က ဘယ်ခေါင်းဆောင်မဆို ကျွန်မတို့အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တဲ့သူမျိုး ရွေးချယ်ဖို့ ကမ်ပိန်းလုပ်တာပါ”လို့ ဦးဆောင်ပြုလုပ်သူ ဒေါ်အေးအေးမော်က VOMကိုပြောပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေနဲ့ လာမယ့် ၂၀၂၀ရွေးကောက်ပွဲတွင် အမျိုးဘာသာ သာသနာကိုစောင့်ရှောက်တဲ့ ခေါင်းဆောင်တွေကို မဲပေးမှသာ အမျိုးသားရေးကို နှိပ်ကွပ်မယ့်အစိုးရနဲ့ မကြုံရမှာဖြစ်တယ်လို့ ဝန်းရံသူ ကိုဇော်ဇော်ကလည်း VOMကိုပြောပါတယ်။ အမျိုးသာဘာ သာသနာကို စောင့်ရှောက်သူကို မဲပေးကြမည် ကမ်ပိန်းကို လှည်းကူးမြို့နယ်ရှိ ဗိုလ်ချုပ်ပန်းခြံရှေ့မှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ အင်အား၂၀ ဝန်းကျင်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #VOM #လှည်းကူး #အမျိုးသားရေးလှုပ်ရှားသူ #ကမ်ပိန်းပြုလုပ်…
Read More