စစ်တပ်က တရားစွဲတာခံနေရတဲ့ ရွှေဝါရောင်နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိန္တိတ ရွေးကောက်ပွဲကို ဘယ်လိုမြင်လဲ

မန္တလေး၊ နိုဝင်ဘာ- ၁၆-၂၀၂၀
ရှိုင်းအောင် (VOM)
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလမှာ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ခဲ့လို့ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ရတဲ့ ရွှေဝါရောင်ဆရာတော် ဦးစိန္တိတ ဟာ လက်ရှိမှာတော့ တပ်မတော်နဲ့ပတ်သက်ပြီး ဝေဖန်ရေးသားမှုကြောင့် ၆၆ (ဃ)၊ ပုဒ်မ – ၅၀၀ တို့နဲ့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တရားရုံး ကနေ ဆရာတော်ဦးစိန္တိတကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က ငွေကျပ်သိန်း ၃၀ တန် ကိုယ်ပိုင်ခံဝန်ပေးခဲ့ပြီး ၆၆(ဃ) ပုဒ်မကိုတော့ တရားလိုပြသက်သေတွေ မခိုင်လုံတာကြောင့် ပယ်ချခဲ့ပြီး ပုဒ်မ ၅၀၀ ကိုဆက်လက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။ နောက်ရုံးချိန်းကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။
တပ်မတော်နဲ့ပတ်သက်ပြီးဝေဖန်ရေးသားခဲ့တဲ့ ရွှေဝါရောင်ဆရာတော်ဦးစိန္တိတကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်မှာရှိတဲ့ အမှတ်(၂) ပင်မအလုပ်ရုံ (လျှပ်၊စက်)အလုပ်ရုံမှူး ဒုတိယဗိုလ်မှူးကြီးသန့်ဇော်ဦးက တိုင်တန်းခဲ့တာဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအပေါ် ဦးစိန္တိတရဲ့အမြင်တွေနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အမှုအကြောင်းကို ဆရာတော်ကမိန့်ကြားတဲ့ ရုပ်သံကို တင်ပြလိုက်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW