ရှစ်လေးလုံးရဲ့ ရည်မှန်းချက်တွေပြည့်ဖို့ဘယ်လောက်နီးပြီလဲ၊ ရှစ်လေးလုံးသမိုင်းကို နောက်မျိုးဆက်တွေဘယ်လောက်သိလဲဆိုတဲ့အပေါ် ၈၈ မျိုးဆက်အချို့ရဲ့ပြောဆိုချက်များ

မန္တလေး၊ သြဂုတ် ၇ – ၂၀၁၉ ဖြူဖြူ(VOM)   နိုင်ငံတစ်ဝှမ်းက ရဟန်းရှင်လူ ပြည်သူအများ သွေးချောင်းစီးခဲ့ရတဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ခဲ့တာဟာ သြဂုတ်လ ၈ ရက် (မနက်ဖြန်)မှာဆိုရင် ၃၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။   ဒီသမိုင်းအဖြစ်ဆိုးကို နောင်မျိုးဆက်တွေ သိရှိအောင်၊ မမေ့အောင် ခေတ်အဆက်ဆက်အစိုးရတွေက ဖေါ်ဆောင်ဖို့လိုအပ်သလို ၈၈ အရေးတော်ပုံရဲ့ ဘုံရည်မှန်းချက်တွေပြည့်ဝအောင်လည်း အကောင်အထည်ဖော်ဖို့ လိုနေသေးတယ်လို့ ၈၈ မှာ ပါဝင်ခဲ့တဲ့ မန္တလေးမြို့ခံအချို့က ဆိုပါတယ်။   ကျောင်းသင်ခန်းစာတွေ၊ သမိုင်းပြတိုက်တွေ၊ ပြန်တမ်းတွေမှာ ၈၈ လူထုအရေးတော်ပုံရဲ့သမိုင်းအမှန်ကို ဖေါ်ပြပေးဖို့အပြင် ၈၈ လူထုအရေးတော်ပုံနေ့ကို တရားဝင်အသိအမှတ်ပြုရက် သတ်မှတ်ပေးဖို့ကိုလည်း အကြံပြုကြပါတယ်။   ဒီအရေးတော်ပုံကြီးရဲ့ အကျိုးရလဒ်တစ်ခုအဖြစ် အခုအချိန်မှာဆိုရင်တော့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်လည်းပေါ်လာပြီ ဖြစ်ပါတယ်။ လူထုတင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာရော…

Read More

၂၀၀၈ ခြေ၊ဥ ပြင်ဆင်ရေးအပေါ် သူရဦးရွှေမန်းပြောဆိုချက်

နေပြည်တော်၊ သြဂုတ် ၅- ၂၀၁၉ ကိုထွန်း(VOM)   ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းရှိ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းညှိနှိုင်းဖို့လိုကြောင်း သူရဦးရွှေမန်းက ပြောပါတယ်။   ပထမအကြိမ်လွှတ်တော်မှာ  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်းတာဝန်ယူခဲ့စဉ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးလုပ်ဆောင်ခဲ့ကြပြီး ပုဒ်မတစ်ခုနဲ့ အချက် ၅၄ ချက်ကို ပြင်ဆင်နိုင်ခဲ့ပါတယ်။ အခု အစိုးရလက်ထက်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်နိုင်မလားဆိုတဲ့အပေါ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်း သူရဦးရွှေမန်းက ပြောဆိုပါတယ်။   #voiceofmyanmar #သူရဦးရွှေမန်း #၂၀၀၈ ခြေ၊ဥ

Read More

စစ်ကိုင်းမှာ ကျောင်းသားသမဂ္ဂတွေ ဆန္ဒပြ

စစ်ကိုင်း၊ သြဂုတ် ၅-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့မှာ   ဒီနေ့ မနက်ပိုင်းက ကျောင်းသား သမဂ္ဂတွေစုပေါင်းပြီး စစ်ကိုင်း အသင်္ခယာ အဝိုင်းပတ်ကနေ မြို့မဈေးအထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ပါတယ်။   ဆယ်ဗင်းဇူလိုင်  လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့  ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြတာဖြစ်ပြီး  မတရားဖမ်းဆီးခံထားရတဲ့  ကျောင်းသားတွေ ချက်ချင်းလွှတ်၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာလှုပ်ရှားခွင့်ရရှိရေး ၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရရှိရေး စာသားပါ  ဆိုင်းဘုတ်များကိုင်ဆောင်ပြီး  ကြွေးကြော်သံများနဲ့ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြတာပါ။   ဆဲဗင်းဇူလိုင်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး  ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ ကျောင်းသားတွေကို  ပြန်လွှတ်ပေးခြင်းမရှိဘူးဆိုရင်  တစ်နိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂတွေစုပေါင်းပြီး လှုပ်ရှားမှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။   အဲဒီ ဆန္ဒပြပွဲမှာ  စစ်ကိုင်းပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေး ကောလိပ်၊ မန္တလေးပညာရေးကောလိပ်၊ ဖားအံပညာရေးတက္ကသိုလ် ၊ လားရှိုး ပညာရေးကောလိပ်၊ မုံရွာပညာရေးကောလိပ်တို့က ကျောင်းသားသမဂ္ဂတွေ…

Read More

ရွှေကြက်ယက် ရေချိုးဆိပ်ကမ်းအနီး ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်

မန္တလေး၊ ဇူလိုင် ၂၈ – ၂၀၁၉ စောပြည့်ချမ်းသာ(VOM)     မန္တလေးတိုင်း ရွှေကြက်ယက် တိုက်နယ်  အလံတိုင်ကျောင်း ရေချိုးဆိပ်အနီးမှာ ဘိလပ်မြေတင်လာတဲ့ ကုန်တင်သင်္ဘောတစ်စီး ဒီနေ့ နေ့လည်ပိုင်းက နစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။   အလျား ၁၆၈ ပေ၊ အနံ ၃၄ ပေရှိတဲ့  CPR 0311-10- 1541 အဲဒီ ကုန်တင်သင်္ဘောဟာ မန္တလေးမြို့ကနေ  မြောင်းမြမြို့ကို ပို့ဆောင်ဖို့အတွက် ဘိလပ်မြေ ၁၂၀၀၀ နဲ့မြေဆီ ၂၈၀၀ တင်ဆောင်လာတာဖြစ်ပြီး ဆိပ်ကမ်းမှာပဲ ခါးပိုင်းကနေ ပျက်ပြီး ငါးမိနစ်ခန့်အတွင်း နစ်မြုပ်သွားခဲ့တယ်လို့ အနီးနားရှိ မြင်တွေ့သူတစ်ဦးက ပြောပါတယ်။   အလံတိုင်ဆိပ်သို့ဆိုက်ကပ်နေစဉ် ဒီနေ့မ နက် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ခါးကျိုးပြီး  ဧရာဝတီမြစ်အတွင်း နစ်မြုပ်ခဲ့တာဖြစ်ပြီး ကုန်တင်သင်္ဘောတန်ဖိုးက ကျပ်သိန်း၂၀၀…

Read More

၂၀၀၈ ခြေဥဟာ တစ်ဦးတစ်ဖွဲ့ အခွင့်ထူးခံ မဖြစ်စေဖို့ ပြင်ဆင်စေချင်တယ်

ပုသိမ်၊ ဇူလိုင် ၂၅- ၂၀၁၉ ကိုအောင် (VOM)   ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လမ်းပေါ်ထွက် ထောက်ခံအင်အားပြတာထက် လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ အချိတ်အဆက်မိမိ ဆောင်ရွက်စေလိုတယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တစ်ဦးတစ်ဖွဲ့ အခွင့်ထူးခံ မဖြစ်စေဖို့ ပြင်ဆင်စေချင်တယ်လို့လည်း ဆိုပါတယ်။   ဒီနေ့ ဇူလိုင် ၂၄ ရက်မှာ ပုသိမ်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အခမ်းအနားကို တက်ရောက်အပြီး မီဒီယာတွေကို ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။   ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦးကော်မတီရဲ့ အစီရင်ခံစာ တင်သွင်းပြီးနောက်ပိုင်း မြို့အသီးသီးမှာ ထောက်ခံပွဲတွေနဲ့ ကန့်ကွက်ပွဲတွေ ဆက်တိုက် ပြုလုပ်နေကြတာပဲ ဖြစ်ပါတယ်။   #voiceofmyanmar #ကိုမင်းကိုနိုင်…

Read More

ဗစ်တိုးရီးယားအမှုမှာ ဆရာမ နှင်းနုကို နောက်တိုးတရားခံအဖြစ် ဆင့်ခေါ်ဖို့ တောင်းဆို

နေပြည်တော်၊ ဇူလိုင် ၂၄ – ၂၀၁၉ ကိုထွန်း(VOM)   လူအများစိတ်ဝင်စားနေတဲ့ ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ဒီနေ့ ဇူလိုင် ၂၄ ရက် ရုံးထုတ်ခဲ့ရာမှာ တရားလိုကို စတင်စစ်ဆေးခဲ့ပါတယ်။   နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ သုံးနှစ်ခန့်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားတာပါ။   ဒီနေ့ စစ်ဆေးမှုအပြီးမှာ စွပ်စွဲခံရသူ ကိုအောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်ပြောတာကတော့ “ကလေးအမေက ရုံးကို စာနှစ်စောင်တင်တယ်။ တစ်စောင်ကမနှင်းနုကို နောက်တိုးတရားခံအဖြစ် ဆင့်ပေးဖို့၊ နောက်တစ်ခုက အဲဒီကျောင်း အခင်းဖြစ်တဲ့နေရာကို ကွင်းဆင်းပြီး စစ်ဆေးဖို့။” လို့ ပြောပါတယ်။   လာမယ့်ရုံးချိန်းကို  သြဂုတ်လ ၁…

Read More

တပ်မတော်ဘက်က တရားစွဲဆိုထားတဲ့ ဦးစိန္တိတအမှုကို အမှုမမြောက်တဲ့အတွက် တရားရုံးက ပလပ်

မန္တလေး၊ ဇူလိုင် ၂၂-၂၀၁၉ ဟိန်းကို(VOM)   လူမှုကွန်ယက်စာမျက်နှာမှာ တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားတယ်ဆိုကာ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးကနေ ရွှေဝါရောင်ဆရာတော် ဦးစိန္တိတကို တရားစွဲဆိုဖို့ တိုင်တန်းထားမှုကို ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက အမှုမမြောက်တဲ့အတွက် ဒီကနေ့ ဇူလိုင် ၂၃ ရက် ရုံးချိန်းမှာ ပလပ်ခဲ့ပါတယ်။   ရွှေဝါရောင် ဆရာတော်ဦးစိန္တိတကို ဒုတိယဗိုလ်မှူးကြီးသန်းဇော်ဦးကနေ ၂၀၁၉ ခုနှစ် မေလ၂၇ ရက်က ပြည်ကြီးတံခွန်တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နဲ့  တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။   အဲဒီနောက် ၂၀၁၉ ခုနှစ် ဇွန်လ ၆ရက်မှာ ရဲတပ်ဖွဲ့က ဆရာတော် သီတင်းသုံးနေထိုင်တဲ့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မလိခဝါဆိုကျောင်းတိုက်ကို လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ဒီနေ့မှာတော့ အဲဒီအမှုကို တရားရုံးက ပလပ်ခဲ့တာ ဖြစ်ပါတယ်။   #voiceofmyanmar #ရွှေဝါရောင်ဆရာတော် #ဦးစိန္တိတ #ဒုတိယဗိုလ်မှူးကြီးသန်းဇော်ဦး…

Read More

၂၀၀၈ ခြေဥထောက်ခံပွဲက အမြင်တချို့

မန္တလေး၊ ဇူလိုင် – ၂၁- ၂၀၁၉ ရဲရင့်မင်းခန့်(VOM)   မန္တလေးမြို့မှာ ဒီနေ့ ဇူလိုင် ၂၁ ရက်က ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ခဲ့သူအချို့ရဲ့ ဘာကြောင့်ထောက်ခံသလဲဆိုတဲ့ အမြင်သဘောထားတချို့ကို ဖော်ပြပေးလိုက်ပါတယ်။   #voiceofmyanmar #မန္တလေး #၂၀၀၈ ခြေဥပြင်ဆင်ရေး #ထောက်ခံပွဲ  

Read More

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ကျောက်အရောင်းအဝယ်လုပ်သူတွေက ဦးဆောင်ပြီး ထောက်ခံဆန္ဒပြ

မန္တလေး၊ဇူလိုင် ၂၁-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းမှာ ကျောက်အရောင်းအဝယ်ပြုလုပ်သူတွေ ဦးဆောင်ပြီး ဒီနေ့ နေ့လည်ပိုင်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။   ထောက်ခံဆန္ဒပြမှုကို ကျောက်ဝိုင်းရှေ့မှာ စုရပ်လုပ်ကာ လူအင်အား ၁၀၀၀ ကျော်က ၃၈လမ်း၊ ၇၄ လမ်းထောင့်အထိ ချီတက်လမ်းလျှောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီ အစီရင်ခံစာအတည်ပြုရေး၊ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒ အောင်ရမည် စတဲ့ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ပါတယ်။   #voiceofmyanmar #မန္တလေး #၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး#ထောက်ခံဆန္ဒပြ#

Read More

မန္တလေးမှာ ဝါတွင်းကာလ သံဃာတော် ၃၇၀၀၀ အတွက် ဆွမ်းဆန်လောင်းလှူ

မန္တလေး၊ ဇူလိုင် ၁၈ – ၂၀၁၉ ဖြူဖြူ (VOM)   မြန်မာ ဓလေ့ထုံးထမ်းအရ ဝါဝင်ပြီဆိုတာနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေ ကျင်းပလေ့ရှိပါတယ်။ ဝါတွင်းကာလမှာ မိုးရွာတတ်တဲ့အကြိမ်အခါတွေများတာကြောင့် သံဃာတော်တွေအနေနဲ့ ဆွမ်းခံထွက်ဖို့ အခက်အခဲရှိတတ်တော့ ဆွမ်းကွမ်းလိုအပ်မှုတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် သံဃာ့ထုံးထမ်းအစဉ်အလာအရ ပရိယတ္တိစာပေတွေကို ဝါတွင်းကာလမှာ အထူးလေ့လာသင်ကြားနေတာကြောင့်လည်း ဆွမ်းဆန်လိုအပ်တတ်ပါတယ်။ အဲဒါကြောင့် ဆွမ်းအတွက် မပူပန်ရအောင် ဆန်လှူအသင်းတွေက လောင်းလှူလေ့ ရှိကြပါတယ်။   မန္တလေးမြို့မှာလည်း ချမ်းသာကြီး ဆန်လှူအသင်းကနေ ဝါဆိုသံဃာ ၃၇၀၀၀ ကျော်အတွက် ဆွမ်းဆန်တွေ လောင်းလှူနေပြီ ဖြစ်ပါတယ်။ မန္တလေးခရိုင်အတွင်းရှိ ခြောက်မြို့နယ်က ဝါဆိုသံဃာတွေအတွက် ဒီနေ့ ဝါဆိုလဆုတ် ၂ ရက်ကနေ ၈ ရက်အထိ လှူဒါန်းသွားမှာပါ။   ဝါဆိုသံဃာတစ်ပါးကို ဆွမ်းဆန် ၄ ပြည် ၊ လွယ်အိတ်တစ်လုံး၊ ဆွမ်းစားပန်းကန်…

Read More
VOM News

FREE
VIEW