တပ်မတော်ဘက်က တရားစွဲဆိုထားတဲ့ ဦးစိန္တိတအမှုကို အမှုမမြောက်တဲ့အတွက် တရားရုံးက ပလပ်

မန္တလေး၊ ဇူလိုင် ၂၂-၂၀၁၉

ဟိန်းကို(VOM)

 

လူမှုကွန်ယက်စာမျက်နှာမှာ တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားတယ်ဆိုကာ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးကနေ ရွှေဝါရောင်ဆရာတော် ဦးစိန္တိတကို တရားစွဲဆိုဖို့ တိုင်တန်းထားမှုကို ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက အမှုမမြောက်တဲ့အတွက် ဒီကနေ့ ဇူလိုင် ၂၃ ရက် ရုံးချိန်းမှာ ပလပ်ခဲ့ပါတယ်။

 

ရွှေဝါရောင် ဆရာတော်ဦးစိန္တိတကို ဒုတိယဗိုလ်မှူးကြီးသန်းဇော်ဦးကနေ ၂၀၁၉ ခုနှစ် မေလ၂၇ ရက်က ပြည်ကြီးတံခွန်တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နဲ့  တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီနောက် ၂၀၁၉ ခုနှစ် ဇွန်လ ၆ရက်မှာ ရဲတပ်ဖွဲ့က ဆရာတော် သီတင်းသုံးနေထိုင်တဲ့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မလိခဝါဆိုကျောင်းတိုက်ကို လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ဒီနေ့မှာတော့ အဲဒီအမှုကို တရားရုံးက ပလပ်ခဲ့တာ ဖြစ်ပါတယ်။

 

#voiceofmyanmar #ရွှေဝါရောင်ဆရာတော် #ဦးစိန္တိတ #ဒုတိယဗိုလ်မှူးကြီးသန်းဇော်ဦး #၅၀၅(ခ)

Related posts

Leave a Comment

VOM News

FREE
VIEW