ပုသိမ်၊ ဇူလိုင် ၄ – ၂၀၁၉ ကိုအောင်(VOM) ဧရာဝတီတိုင်းအတွင်းရှိ မြို့ နယ် ၂၆ ခုက အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ စုပေါင်း ပြီး ကလေးသူငယ်ဆိုင်ရာ ဥပဒေကြမ်း ကန့်ကွက်ဆန္ဒထုတ်ဖေါ်ပွဲကို ဒီနေ့ ဇူလိုင် ၄ ရက် နေ့လည်ပိုင်းက ပုသိမ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အမျိုးသားရေး လှုပ်ရှားသူတွေက ဦးဆောင်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ နဲ့ မိတ်ဖက် အဖွဲ့အစည်းများ၊ သံဃာတော်များလည်း ပါဝင်ခဲ့ပြီး စုစုပေါင်း အင်အား ၅၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ ပုသိမ်မြို့တွင်း လှည့်လည် ဆန္ဒထုတ်ဖေါ်ခဲ့ကြပြီး ပုသိမ်မြို့ပြည်ထောင်စုကွင်းမှာ လူထုဟောပြောပွဲ ကိုလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar # အမျိုးသားရေးလှုပ်ရှားသူတွေဦးဆောင်ပြီးဆန္ဒထုတ်ဖေါ် #ကလေးသူငယ်ဥပဒေကြမ်း ကန့်ကွက် #ဧရာဝတီ #ပုသိမ် #ပြည်ခိုင်ဖြိုး
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
ကိုဆွေဝင်းကို စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ငြိစွန်းမှု မရှိဟုဆိုကာ တရားရုံးက ပယ်ချ
မန္တလေး၊ ဇူလိုင် ၂ -၂၀၁၉ ဟိန်းကို(VOM) မြန်မာနောင်းသတင်းဌာန သတင်းထောက်ချုပ်ကိုဆွေဝင်းဟာ လူမှုကွန်ယက်စာမျက်နှာမှာ ဆရာတော် ဦးဝီရသူရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ရေးသားဖော်ပြတယ်ဆိုပြီး မဟာအောင်မြေတရားရုံးမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ(၆၆/ဃ) နဲ့ တရားစွဲဆိုထားမှုကို စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ငြိစွန်းမှု မရှိဘူးဆိုပြီး တရားရုံးက ဒီနေ့ မနက်ပိုင်းမှာ အမှုကို ပယ်ချခဲ့ပါတယ်။ အမှုကို (၂)နှစ် နဲ့ (၁)လကျော် စစ်ဆေးခဲ့ပြီး အမှုစစွဲတဲ့အချိန်ကတည်းက တရားလိုတွေဖြစ်တဲ့ ကိုကျော်စွာထွန်း၊ ဘန္ဒန္တဝိစိတ္တာဘိဝံသ(ခ)ဦးဝီရသူ၊ ဘန္ဒန္တတိက္ခနြ္ဒိယာဘဝံသ(မဟာအောင်မြေမြို့နယ် သံဃာ့နာယကက္ကဌ)နဲ့ အမှုစစ် ရဲအုပ်ကျော်သူတို့ဟာ တရားရုံးကို လာရောက်ခြင်းမရှိတဲ့အပြင် တရားလို ကိုကျော်မျိုးရွှေ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့လည်း ငြိစွန်းမှုမရှိဘူးဆိုပြီး ပယ်ချခဲ့တာ ဖြစ်ပါတယ်။ #voiceofmyanmar# ကိုဆွေဝင်းအမှု #တရားရုံးကပယ်ချ #မန္တလေး# မဟာအောင်မြေ #ဦးဝီရသူ
Read Moreရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို အစိုးရက အသိအမှတ်မပြုဖြစ်နေ
မြောက်ဦး၊ ဇွန် ၃၀-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ ၅ သောင်းနီးပါး ခိုလှုံနေထိုင်လျက်ရှိတဲ့ ဒုက္ခသည်စခန်းပေါင်း ၁၀၀ နီးပါးရှိနေတာ ဖြစ်ပါတယ်။ အဲ့ဒီဒုက္ခသည်တွေကို ထားရှိဖို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကဦးစီးပြီး ကယ်ဆယ်ရေးခစန်းတွေ ဆောက်လုပ်နေပေမယ့် သူတို့ရဲ့မူလကျေးရွာတွေ၊ အလုပ်အကိုင်တွေနဲ့ ဝေးလွန်းတဲ့အတွက် သွားရေးလာရေးအဆင်မပြေဖြစ်မှာကို စိုးရိမ်ပြီးတော့ နေထိုင်မယ့်သူတွေ နည်းပါးနေပါတယ်။ စစ်ဘေးဒုက္ခသည်အများစုတို့ဟာ အစိုးကဆောက်လုပ်နေတဲ့စခန်းတွေမှာ နေထိုင်ဖို့မလိုလားကြတာကြောင့် လက်ရှိနေထိုင်တဲ့စခန်းတွေကိုလည်း အစိုးရက အသိအမှတ်မပြုတဲ့အတွက် ဒုက္ခသည်တွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ #voiceofmyanmar # ရခိုင်ပြည်နယ်အတွင်းကဒုက္ခသည်စခန်းတွေကိုအစိုးရကအသိအမှတ်မပြုဖြစ်နေ #ရခိုင် #တပ်မတော် #AA #ဒုက္ခသည်
Read Moreတရားစွဲခံရတဲ့ သတင်းထောက်တစ်ဦးနဲ့ အောင်သပြေရွာသား ၇ ဦး အမှု စတင်စစ်ဆေး
မန္တလေး၊ ဇွန် ၂၇-၂၀၁၉ ဟိန်းကို(VOM) မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ ၂၀၁၉ မေလ ၁၄ ရက် မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ အဓိကရုန်းဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုပြီး တရားစွဲခံရတဲ့ သတင်းထောက် နန္ဒ(တကိုယ်တော်) နဲ့ အောင်သပြေရွာသား (၇)ဦးအမှုကို ဒီနေ့ နေ့လည်ပိုင်းက ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ စစ်ဆေးမှုဟာ ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးမျိုးညွန့်သန်းက ပုဒ် ၁၄၇၊ ၃၃၃၊ ၃၃၂၊ ၃၅၃၊ ၁၁၄ တို့နဲ့ တရားလိုလုပ်ကာ တရားစွဲဆိုထားတာဖြစ်ပြီး တရားလိုပြသက်သေအဖြစ်ပါဝင်တဲ့ ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့ ရဲတပ်သား အောင်ဇင်ငြိမ်းကို စတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ လာမယ့်ရုံးချိန်းကို ၂၀၁၉ ဇူလိုင် ၅ ရက်သို့ ထပ်မံချိန်းဆိုခဲ့ပါတယ်။ #voiceofmyanmar # တရားစွဲခံရတဲ့သတင်းထောက်တစ်ဦးနဲ့အောင်သပြေရွာသား၇ဦး အမှုစတင်စစ်ဆေး # မန္တလေး#…
Read More၅၀၅/ခ နဲ့ တရားစွဲခံရတဲ့ အောင်သပြေရွာက ရာအိမ်မှူးကို စတင်တရားစွဲဆို
မန္တလေး၊ဇွန် ၂၇-၂၀၁၉ ဟိန်းကို(VOM) မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှာ အခုနှစ် မေလ ၁၄ ရက် မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံဝင်းအတွင်း ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုမှာ ပါဝင်ခဲ့တယ်လို့ဆိုပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅/ခ နဲ့ တရားစွဲခံခဲ့ရတဲ့ ရာအိမ်မှူး ဦးမိုးလင်းကို ဒီနေ့ နေ့လည်ပိုင်းက ပုသိမ်ကြီးကြီးမြို့နယ် တရားရုံးမှာ တတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ ရုံးထုတ်အပြီးမှာ ရာအိမ်မှူး ဦးမိုးလင်းက “တရားရုံးကို တင်ပြမယ့် သက်သေတွေဟာ အမှားတွေပါ။ အဲဒီနေ့မှာ ကျနော်က မြကန်သာဘက်ကို ရောက်နေတဲ့အချိန် ဖြစ်ပါတယ်။ တရားရုံးတင်ပြတဲ့ Hand Speakor(လက်ကိုင်မိုက်)ကို ကိုင်ပြီး ဟောပြောခြင်းများလည်း မရှိပါ။ သူတို့က ကျနော့်ကို သောက်မြင်ကပ်တဲ့ ပုဒ်မ၊ အာမခံမရတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုတာပါ။” လို့ ပြောပါတယ်။ …
Read Moreလင်မယားနှစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ သူကို သေဒဏ်နဲ့ ထောင်ဆယ်နှစ်ချ
မန္တလေး၊ ဇွန် ၂၇ – ၂၀၁၉ ရဲရင့်မင်းခန့် (VOM) မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ လင်မယားနှစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ သေနတ်သမားကို မန္တလေးခရိုင်တရားရုံးက သေဒဏ်နဲ့ ထောင်ဒဏ်ဆယ်နှစ် ကျခံဖို့ ဒီနေ့ ဇွန် ၂၇ ရက်မှာ အမိန့်ချလိုက်ပါတယ်။ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၃ ရက်က ချမ်းမြသာစည်မြို့နယ် ၅၅ လမ်း၊ ရွာလယ်လမ်းနဲ့ နှင်းဆီလမ်းအနီးမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ လင်မယားနှစ်ယောက်ကို ဦးခွန်ကောလားဆိုသူက ဆိုင်ကယ်နဲ့ဝင်တိုက်ပြီး အမျိုးသမီးရဲ့လက်ကိုင်အိတ်ကို လုယူခဲ့ရာမှာ လင်မယားနှစ်ယောက်က ပြန်လုတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ တရားရုံးထွက်ဆိုချက်တွေက သိရပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် အမျိုးသမီးဖြစ်သူမှာ နဖူးကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး သေဆုံးခဲ့သလို အမျိုးသားဖြစ်သူ ဦးလီဆွမ်(ခ)ဇော်လင်းကတော့ ဝဲရင်ဘတ် ကျည်ဖောက်ဝင်၊ ယာချိုင်းအောက် ကျည်ဖောက်ထွက်ဒဏ်ရာတွေနဲ့ စိုးရိမ်ရအခြေအနေထိ…
Read Moreမန္တလေးတိုင်းမှာ H1N1 တုပ်ကွေးရောဂါ ကူးစက်လူနာစာရင်း တရားဝင် စာမရောက်သေး
မန္တလေး၊ဇွန် ၂၄-၂၀၁၉ ဟိန်းကို(VOM) မန္တလေးတိုင်းမှာ လေမှတဆင့်ကူးစက်နိုင်တဲ့ ရာသီပေါ်တုပ်ကွေး H1N1ရောဂါ ဖြစ်ပွားပြီး ဆေးရုံတွေပေါ်ကို တက်ရောက်ကုသတဲ့ လူနာစာရင်း တိုင်းကုသရေး ဦးစီးဌာနမှူးရုံးကို တရားဝင် စာမရောက်သေးဘူးလို့ မန္တလေးတိုင်း ကုသရေးဦးစီးဌာနမှ ဒေါက်တာ သန်းသန်းမြင့်(ဦးစီးဌာနမှူး) က ဇွန်လ ၂၄ ရက် ညနေပိုင်းက တရားဝင် ပြောပါတယ်။ ရောဂါကူးစက်ခံရတဲ့ လူနာရောက်လာရင်လည်း ကုသဖို့ဆေးဝါးတွေနဲ့ ကာကွယ်ရေးပစ္စည်းတွေကို အလုံအလောက်ထားရှိပြီး အချိန်နဲ့တပြေးညီ လူနာစာရင်း ပေးပို့ဖို့ကိုလည်း ညွန်ကြားထားပြီး ဖြစ်ပါတယ်။ #voiceofmyanmar#H1N1ကူးစက်တုပ်ကွေးရောဂါလူနာစာရင်းတရားဝင်စာမရောက်သေး#မန္တလေး#
Read Moreစစ်ကိုင်းမြို့နယ်က ထူးထူးခြားခြား ဝက်သားနဲ့ နတ်တင်ပွဲ
စစ်ကိုင်း၊ ဇွန် ၂၂-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့အနောက်ဘက် မအူပင်ကျေးရွာအုပ်စု၊ သာဒွန်းကျေးရွာမှာ ရှေးကတည်းက နှစ်စဉ် နယုန်လပြည့်ကျော် (၅)ရက်နေ့တိုင်း ဝက်သားနဲ့နတ်တင်တဲ့ ဗြုန်းစပ် နတ်တင်ပူဇော်ပွဲကို ဒီနှစ်မှာလည်း ကျင်းပနေပြီ ဖြစ်ပါတယ်။ အဲဒီ ဝက်သားနဲ့ နတ်တင်တဲ့ ဗြုန်းစပ် နတ်တင်ပူဇော်ပွဲကို ဒီနေ့ ဇွန် ၂၂ ရက် နေ့လည်ပိုင်းက ကျင်းပခဲ့တာဖြစ်ပါတယ်။ လာရောက်ပူဇော်တဲ့ ရွာသူရွာသားတွေဟာ ဆန်ကောဗန်းထဲ ဝက်သားနဲ့စားစရာတွေ ထည့်ယူလာပြီး သတ်မှတ်တဲ့နေရာမှာ စီတန်းပြီးတော့ ပူဇော်ကြတာဖြစ်ပါတယ်။ ဒီနတ်ပွဲဟာ ရိုးရာနတ်ပွဲများ တွေထဲမှာတော့ တစ်မူထူးခြားတဲ့ နတ်တင်ပူဇော်ပွဲဖြစ်ပြီး အခုနှစ်မှာတော့ ပွဲပေါင်း ၃၇၀ ကျော်နဲ့ ပူဇော်ခဲ့ကြပါတယ်။ ဒီနှစ်တွေမှာတော့ အဲဒီ နတ်ပွဲကို သာဒွန်းရွာအပြင် အနီးမှာရှိတဲ့ ကုန်းတန်းလေး၊ မအူပင် ကျေးရွာတွေနဲ့ စစ်ကိုင်းနဲ့ မန္တလေးမြို့အနီးဝန်းကျင်ကပါ လာရောက်ပူဇော်ကြပြီး…
Read MoreH1N1 ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတွေ အလကားဖြန့်ဝေ
မန္တလေး၊ဇွန် ၂၂-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့မှာ လေထဲကနေတဆင့်ကူးစက်နိုင်တဲ့ H1N1 ရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ One To One ပြည်သူ့ကူညီရေးအဖွဲ့က အသိပညာပေးလက်ကမ်းစာစောင်နဲ့ နှာခေါင်းစည်း(face mask) အခုတစ်ထောင် အလကားဖြန့်ဝေမှု ဒီနေ့ နေလည်ပိုင်းက ၆၆လမ်းနဲ့ ၂၂ လမ်းထောင့်မှာ ပြုလုပ်ခဲ့ပါတယ်။ H1N1 ရောဂါဟာ မန္တလေးမြို့မှာ မဖြစ်ပွားသေးပေမယ့် အခုနှစ် ဇွန်လအတွင်း ရန်ကုန်းတိုင်းမှာ (၅)ဦး နဲ့ စစ်ကိုင်တိုင်းမှာ(၁)ဦးတို့ဟာ အဲဒီရောဂါနဲ့သေဆုံးခဲ့တဲ့အတွက် ကြိုတင်ကာကွယ်မှုတစ်ခုအနေနဲ့ အသိပညာပေးလက်ကမ်းစာစောင်နဲ့ နှာခေါင်းစည်း(face mask) တွေကို အလကားဖြန့်ဝေပေးတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က H1N1 ရောဂါပိုး နဲ့ သေဆုံးသူ (၃၈)ဦးရှိခဲ့ပြီး၂၀၁၈ခုနှစ်မှာတော့ ရောဂါပိုးတွေ့ရှိသူ ၁၃ ဦးရှိကာ သေဆုံးမှုမရှိခဲ့ဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇွန်လ၂၀ရက်က H1N1…
Read Moreသံဃာသင်းကွဲကိစ္စရပ်တွေ ဆက်ဖြစ်နေရင် ဂဠုန်နီဆရာတော်ဦးဆောင်တဲ့အဖွဲ့က တားဆီးမယ်
မန္တလေး၊ဇွန် ၂၁-၂၀၁၉ ဟိန်းကို(VOM) လက်ရှိဖြစ်ပွားနေတဲ့ သံဃာသင်းကွဲ ကိစ္စရပ်တွေကို ထိန်းသိမ်းနိုင်မှုမရှိဘဲ ဆက်ပြီးဖြစ်နေရင် ဂဠုန်နီဆရာတော် ဦးဆောင်တဲ့ အထက်မြန်မာပြည်သံဃာ့သမဂ္ဂအဖွဲ့ချုပ်က လက်ပိုက်ကြည့်မနေဘဲ ဥပဒေနဲ့အညီတားဆီးရလိမ့်မယ်လို့ ဇွန်လ၂၀ ရက် ညနေပိုင်းက မန္တလေးမြို့မှာပြုလုပ်တဲ့ ဘာသာပေါင်းစုံမိတ်ဆုံစားပွဲ အခမ်းအနားမှာ ဂဠုန်နီဆရာတော် ဘဒ္ဒန္တကာဝိယက မိန့်ကြားခဲ့ပါတယ်။ ဆရာတော်ဘဒ္ဒန္တကာဝိယဟာ ၁၉၈၈ ခုနှစ်က အထက်ဗမာပြည် ပြည်သူတွေ ဒီမိုကရေစီအရေးပါဝင်လှုပ်ရှားဖို့ လှုံ့ဆော်ခဲ့တဲ့ ဂဠုန်နီသပိတ်အဖွဲ့ ဥက္ကဌ ဆရာတော်တစ်ပါးလည်း ဖြစ်ပါတယ်။ #voiceofmyanmar #သံဃာသင်းကွဲကိစ္စရပ်တွေဆက်ပြီးဖြစ်နေရင် ဥပဒေနဲ့အညီတားဆီးမယ် #ဂဠုန်နီဆရာတော်ဦးဆောင်တဲ့အဖွဲ့# မန္တလေး
Read More