နေပြည်တော် ဇန်နဝါရီ ၁၆-၂၀၁၉ မြတ်မင်းခန့် (VOM) ၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက်အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLDက ကန့်ကွက်တိုင်ကြားခဲ့ပါတယ်။ ဒီကိစ္စအတွက် NLD ပါတီဘက်က မန္တလေးတိုင်း လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးက ရွေးကောက်ပွဲကော်မရှင်ဆီကို အချက်လက်တွေ လာရောက်ပေးပို့ခဲ့ပါတယ်။ ဒီတိုင်ကြားမှုနဲ့ပတ်သတ်လို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တရားမျှတစွာ ဆုံးဖြတ်မယ်လို့ယုံကြည်ကြောင်း တိုင်ကြားသူ ဒေါ်နန်းထွေးမှုံက ပြောဆိုလိုက်ပါတယ်။ #voiceofmyanmar#နန်းထွေးမှုံ#SNLD#NLD
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
ထွေအုပ်ကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက် ပြောင်းတော့မယ်
နေပြည်တော် ဒီဇင်ဘာ ၂၁-၂၀၁၈ မြတ်မင်းခန့် (VOM) ပြည်ထဲရေးလက်အောက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အောက် ပြောင်းဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သောကြာနေတိုင်းကျင်းပတဲ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ ဒီကနေ့ ပြောလိုက်ပါတယ်။ မြတ်မင်းခန့် သတင်းပေးပို့ထားတာပါ။ #voiceofmyanmar #အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန#ဦးဇော်ဌေး
Read Moreဘင်္ဂလားဒေရှ်ကို ထွက်ပြေးသွားသူတွေ ပြန်လက်ခံဖို့ အာဆီယံကူညီမယ်
နေပြည်တော် ဒီဇင်ဘာ ၁၈- ၂၀၁၈ မြတ်မင်းခန့် (VOM) ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံနိုင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာမှာ အာဆီယံအဖွဲ့ကြီးက ကူညီဆောင်ရွက်သွားမှာဖြစ်ပြီး သက်သေအဖြစ်နဲ့ ကမ္ဘာကိုသိအောင် ဆောင်ရွက်သွားဖို့လုပ်ဆောင်နေကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။ #voiceofmyanmar #ဒေါက်တာဝင်းမြတ်အေး #ဘင်္ဂလားဒေရှ်
Read Moreနှစ်သက်တမ်း ၇၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ စစ်ကိုင်းမြို့ က “ရုပ်စုံကျောင်း”
စစ်ကိုင်း၊ ဒီဇင်ဘာ ၈-၂၀၁၈ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းတောင်ဆင်းလမ်း၊ အရိယ၀ံသချောင်”မှာ နှစ်သက်တမ်း ၇၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ကျောင်းတစ်ကျောင်းရှိပါတယ်။ အဲ့ဒီ ကျောင်း ကို “ရုပ်စုံကျောင်း” လို့ ခေါ်ပါတယ်။ ဘာကြောင့် “ရုပ်စုံကျောင်း” လို့ ခေါ်ရသလဲဆိုရင် ဇာတ်ကြီးဆယ်ဘွဲ့ နိပါတ် ဇာတ်ရုပ်တွေကို စုံလင်စွာ ထည့်သွင်း တည်ဆောက်ထားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီကျောင်းဆောင်လေးကို အင်းဝခေတ် ရေငုံဆရာတော်ကြီး ထံမှာ စာပေသင်ကြားနေတဲ့ “ရှင်အရိယာဝံသ” ကိုယ်တော်ရဲ့ စာပေကျမ်းဂန် တတ်မြောက်မှုကို ကြည်ညိုတဲ့အနေနဲ့ အင်းဝဘုရင်”ဒုတိယမင်းခေါင်” ကကျောင်းဆောက်ကာ လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ခရီးသွား နေရာတစ်ခု အဖြစ် ဖော်ဆောင်ထားရှိပြီး အများပြည်သူ လာရောက် ကြည့်ရှု့လေ့လာနိုင်ရန် သန့်ရှင်းလှပ မှုတွေ ပြုလုပ်ထားပါတယ်။ ခု နောက်ပိုင်းမှာ “ရုပ်စုံကျောင်း”လေးကို ပြည်တွင်းဘုရားဖူးတွေသာမက ပြည်ပ…
Read Moreမြောက်ဦးမှာ တစ်ကိုယ်တော် ပန်းချီပြပွဲ ကျင်းပမည်
မြောက်ဦး၊ဒီဇင်ဘာ ၆-၂၀၁၈ ခိုင်လင်းစံ(VOM) မြောက်ဦးရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်အသိအမှတ်ပြုခံရရေးအတွက် ဆောင်ရွက်နေကြတဲ့အပေါ် ကြိုဆိုထောက်ခံတဲ့ အသည်းနှလုံးထဲကမြောက်ဦး တစ်ကိုယ်တော်ပန်းချီပြပွဲတစ်ခုကို ပန်းချီဆရာမောင်မောင်စောက ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ ကျင်းပသွားဖို့ရှိနေပါတယ်။ မြောက်ဦးရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေထဲက သာသနိကအဆောက်အအုံတွေနဲ့သက်ဆိုင်တဲ့ ပန်းချီကားပေါင်း ၃၀ နီးပါးပါဝင်မှာဖြစ်ပြီး အဲဒီပြပွဲဟာ မြောက်ဦးနဲ့ပတ်သက်ပြီးတော့ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ပန်းချီပြပွဲလည်း ဖြစ်ပါတယ်။ အဲဒီပန်းချီပြပွဲကို မြောက်ဦး၊ ကျောက်တော်၊ စစ်တွေမြို့တွေမှာ ပြုလုပ်သွားမှာဖြစ်ပြီး တစ်ပွဲကိုတစ်ပတ်ခန့်အကြာပြသပေးသွားမှာဖြစ်ပါတယ်။ #voiceofmyanmar#မြောက်ဦး#တစ်ကိုယ်တော်ပန်းချီပြပွဲ#
Read Moreလက်ပံတောင်း ကြေးနီစီမံကိန်းက အက်ဆစ်ငွေ့ကြောင့် ပျက်စီးသွားတဲ့ သီးနှံတွေအတွက် လျော်ကြေးရရေးဆန္ဒပြ
လက်ပံတောင်း၊ဒီဇင်ဘာ-၅-၂၀၁၈ ဗျဂ္ဃ (VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကနေ အောက်တိုဘာလ ၃၀ ရက်နေ့က စီမံကိန်းဧရိယာအတွင်း အက်ဆစ်ဖျန်းခဲ့တာကြောင့် စီမံကိန်းအနီးက နှမ်း၊ ပဲစင်းငုံ၊ ပြောင်း၊ ပဲတီစိမ်း စတဲ့ သီးနှံစိုက်ခင်းတွေအပြင် ကွမ်းခြံတွေပါ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တာကို လျော်ကြေးငွေရရေးအတွက် ဒီဇင်ဘာလ ၅ ရက်နေ့က မြန်မာ ဝမ်ပေါင် ကုမ္ပဏီရှေ့မှာ ဒေသခံ၁၅၀ခန့်က ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ဒေသခံတွေက စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ မလိုက်နာတဲ့စီမံကိန်း ချက်ချင်းရပ်၊ နယ်ချဲ့တရုတ်ဝမ်ပေါင်နှင့် ဦးပိုင် အလိုမရှိ၊လူသတ် မြေသိမ်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ ပတ်ဝန်းကျင်ထိခိုက်စေတဲ့စီမံကိန်း အရေးယူပေးရေး၊ သီးနှံလျော်ကြေး၊ နစ်နာကြေး အမြန်ဆုံးရရှိရေး စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။ #voiceofmyanmar#လက်ပံတောင်း#ကြေးနီစီမံကိန်းကအက်ဆစ်ငွေ့ကြောင့်ပျက်စီးသွားတဲ့ သီးနှံတွေအတွက်လျော်ကြေးရရေးဆန္ဒပြ#
Read Moreဗဟိုဘဏ်ကနေချေးယူနေရတာကိုလျော့ချဖို့လို
နေပြည်တော် ဒီဇင်ဘာ ၅-၂၀၁၈ မြတ်မင်းခန့်(VOM) မြန်မာအစိုးရအနေနဲ့ ပြည်တွင်းကြွေးမီ ကျပ်ဘီလျံ ၁သောင်း၅ထောင်ကျော်ရှိနေပြီး နှစ်စဉ်အတိုးဘီလျံ ၁၀၀၀ကျော်ဆပ်နေရတာကြောင့် ဘတ်ဂျတ်လိုငွေပြမှု ဗဟိုဘဏ်ကနေချေးယူနေရတာကိုလျော့ချဖို့ လိုအပ်နေပီဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုဥက္ကဌ ကပြောဆိုလိုက်ပါတယ်။ မြတ်မင်းခန့်သတင်းပေးပို့ထားပါတယ်။ #voiceofmyanmar#ဗဟိုဘဏ်ကနေချေးယူနေရတာကိုလျော့ချဖို့လို # ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ
Read Moreထူးချွန် ကျောင်းသားတွေအတွက် ဆေးတက္ကသိုလ်တွေရဲ့ ထပ်ဖြည့်ဝင်ခွင့်စာရင်း ထုတ်ပြန်ပေးစေလို
မန္တလေး ဒီဇင်ဘာ ၂-၂၀၁၈ ဟိန်းကို(V0M) ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မှာ ဘာသာစုံဂုဏ်ထူးနဲ့ အောင်ခဲ့ပေမယ့် ပြောင်းလဲလိုက်တဲ့ ပညာရေးစနစ်အသစ်ကြောင့် ဆေးတက္ကသိုလ်ဝင်ခွင့် မရခဲ့တဲ့ ကျောင်းသားတွေရှိနေတာကို မန္တလေးကွန်မြူ နတီစင်တာမှာ ကျောင်းသားတွေနဲ့မိဘဆရာတွေက သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ခုလို တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမှုမှာ တစ်ဦးတစ်ယောက်တည်း ဖြစ်နေတဲ့ ကိစ္စမဟုတ်ပဲ ကျောင်းသား\သူ (၂၀၀)ကျော်က ယခုလိုအခြေအနေကို ကြုံတွေနေရတာ ဖြစ်တယ်လို့ သိရပါတယ်။ #VOICEOFMYANMAR #တက္ကသိုလ်ဝင်ခွင့်စနစ်သစ်#ဆေးတက္ကသိုလ်တွေရဲ့ထပ်ဖြည့်ဝင်ခွင့်စာရင်း ထုတ်ပြန်ပေးစေလို
Read Moreမန္တလေးမှာလုပ်တဲ့ မီးပုံးပျံမုန့်ဈေးတန်း
မန္တလေး နိုဝင်ဘာ ၃၀-၂၀၁၈ ဟိန်းကို (VOM) မီးပုံးပျံ အလုံး(၂၀၀၀)လွတ်တင်ပြီး မန္တလေးမြို့မှာ ပထမဉ်ီးဆုံးအကြိမ်ပြုလုပ်တဲ့ မီးပုံးပျံမုန့်ဈေးတန်းကို ယနေ့ နိုဝင်ဘာ(၃၀)ရက်နေ့ ညပိုင်းက မန္တလေးတောင်ခြေအနီးက Little Star Water Park မှာကျင်းပပြုလုပ်နေပါတယ်။ အဲဒီပွဲကို နိုဝင်ဘာ(၃၀)ရက် နဲ့ ဒီဇင်ဘာ(၁)ရက် နှစ်ရက်တာကျင်းပသွားမှာ ဖြစ်ပြီး ယနေ့ပထမနေ့မှာ မီးပုံးပျံအလုံး (၂၀၀၀) လွတ်တင်ခဲ့ကာ ဒုတိယနေ့မှာ အလုံး(၂၀၀၀)ထက်မံလွတ်တင်သွားမယ်လို့ သိရပါတယ်။
Read Moreဝေသာလီခေတ်လေ့လာချက် စာတမ်းဖတ်ပွဲ စစ်တွေမှာကျင်းပ
စစ်တွေ နိုဝင်ဘာ ၃၀-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်သမိုင်းရဲ့ အစောဆုံးခေတ်တစ်ခတ်ဖြစ်တဲ့ ရှေးဦးဝေသာလီခေတ်ရဲ့ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားတွေထဲက အသစ်တွေ့ရှိတဲ့အချက်အလက်တွေနဲ့ပတ်သက်တဲ့ ဝေသာလီခေတ်လေ့လာဆန်းစစ်ချက် စာတမ်းဖတ်ပွဲတစ်ခုကို နိုဝင်ဘာလ ၂၉ ရက်နေ့က စစ်တွေမြို့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲဒီစာတမ်းဖတ်ပွဲကို အယနာစာပေအဖွဲ့ (ရန်ကုန်)က ရခိုင်သမိုင်းကြောင်းကျွမ်းကျင်သူတွေ၊ သမိုင်းပညာရှင်တွေက ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပြီးတော့ အာနန္ဒစန္ဒြမင်းကျောက်စာနဲ့ သံဃာယနာဆက်စက်ပုံ လေ့လာဆန်းစစ်ချက်စာတမ်းနဲ့ ပျူသက္ကရာဇ်များလေ့လာဆန်းစစ်ချက် စာတမ်းတွေကို ဖတ်ကြားခဲ့ကြတာဖြစ်ပါတယ်။ အဲဒီစာတမ်းဖတ်ပွဲကို အခုလ ၂၅ ရက်နေ့ကနေ စတင်ပြုလုပ်နေတာဖြစ်ပြီး ဘူးသီးတာင်၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးမြို့တွေမှာ စာတမ်းစုစုပေါင်း ၅ စောင်ကိုဖတ်ကြားသွားကြမှာဖြစ်ပါတယ်။ #voiceofmyanmar #စစ်တွေ #ဝေသာလီခေတ်စာတမ်း
Read More