VOM ရဲ့ ၂၀၂၁ ဇန်နဝါရီ ၅ရက်ညနေခင်း ပြည်တွင်း သတင်းတင်ဆက်မှု

-ပထမဆုံးတစ်ပုဒ်ကတော့ တွေ့ဆုံဖို့ နေရာအဆင်မပြေလို့ NLD ပါတီနဲ့ မွန်ညီညွတ်ရေးပါတီ MUP တွေ့ဆုံပွဲ ရပ်နားထားတာနဲ့ပတ်သက်ပြီး MUP ပါတီ ပြောရေးဆိုခွင့်ရှိသူ တွေ့ဆုံရေးအဖွဲ့ခေါင်း ဆောင် ဦးနိုင်လယိတမက ဘာပြောလဲ ဆိုတဲ့သတင်း – ရန်ကုန်တိုင်းက မြို့နယ် ၂၀ မြို့နယ်မှာ မဲမသမာမှု ခြောက်သိန်း နီးပါးရှိတယ်ဆိုတဲ့ သတင်း – လူပျောက်တိုင်ခံထားရသူကို မိန်းကလေးအလောင်းနဲ့အတူ သေဆုံးလျက် ပြန်တွေ့ခဲ့တဲ့ သတင်း – လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူက အသက် ၅ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တဲ့ သတင်း – ခြိမ့်ကေကို(ဘနားနား) ထောင်ကျသွားတယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့နေတယ်ဆိုတဲ့ သတင်း – ပြန်ဖွင့်ပေးမယ့် ယုဇနပလာဇာဈေးမှာ ကိုဗစ်ပိုးတွေ့ရင် ချက်ချင်းပိတ်မယ်ဆိုတဲ့ သတင်းပဲ VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews လို့ ရှာဖွေကြည့်နိုင်သလို ယူကျုကနေ…

Read More

ကွာရန်တင်းစင်တာတွေ ဖြေလျော့ပြီး ဆေးရုံတစ်ချို့ကို ပြန်ပေါင်းတော့မယ်

မန္တလေး၊ ဇန်နဝါရီ- ၄- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးခရိုင်အတွင်းမှာ ကိုဗစ်အတည်ပြုလူနာဦးရေ လျော့ကျလာတဲ့အတွက် ကွာရန်တင်းစင်တာတွေကို ဖြေလျော့ပြီး လူနာတွေကိုလည်း ဆေးရုံတစ်ချို့မှာ ပြန်ပေါင်းမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့ ကျင်းပတဲ့ လွပ်လပ်ရေးနေ့အခမ်းနားမှာ ကျန်းမာရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မိဒီယာတွေကို အခုလိုဖြေကြားခဲ့ ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၃၉၆၃ ဦးရှိနေပြီဖြစ်ပြီး သေဆုံးသူအရေအတွက် ၂၈၀ ဦးရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #COVID-19 #QuarantineCenter #Independence #လွတ်လပ်ရေးနေ့ #၇၃ကြိမ်မြောက်လွတ်လပ်ရေးနေ့

Read More

၂၀၂၁ခုနှစ် ဇန်နဝါရီလ ၃ရက် Voice of Myanmar (VOM) ရဲ့ ကိုယ်ပိုင်သတင်းများ

-တောင်ကုတ်ရဲစခန်းက အချုပ်သားတချို့ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရတဲ့သတင်း – ပဲခူးထောင်မှာ အကျဉ်းသားတစ်ဦး ကိုဗစ်နဲ့သေဆုံး၊ အကျဉ်းသား ၅၆ ဦး ကိုဗစ်ပိုးကူးစက်ခံထားရတယ်ဆိုတဲ့ သတင်း -စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၊ မိုးကောင်းရပ်ကွက် ၊ မိုးကောင်း အ.လ.က ကွာရန်တင်းစင်တာမှာ ကွာရန်တင်းစင်တာမှာ ထောင်ပြန် ၃ ယောက် ရိုက်ပွဲဖြစ်လို့ ၂ ယောက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်း – ည ၁၂ နာရီကျော်မှ အလုပ်ကပြန်လာတဲ့ အလုပ်သမားတွေကို ပုဒ်မ-၁၈၈ ကနေ ကင်းလွတ်ပေးဖို့ တောင်းဆိုထားတယ်ဆိုတဲ့ သတင်း – မိတ္ထိလာခရိုင် တရားရုံးရှေ့မှာ မိတ္ထိလာကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက ပြည်တွင်းစစ် အပြည့်စုံရပ်စဲရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနဲ့ ဖမ်းဆီးခံကျောင်းသားအရေးတွေအတွက် လှုပ်ရှားမှုလုပ်တဲ့သတင်း – မိုးကုတ်မှာ ကျောက်တွင်းမြေပြိုကျလို့ ၁ ဦးသေ၊ ၁ ဦး…

Read More

တောင်ကြီးမြို့က (၇၃) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမြင်ကွင်း

တောင်ကြီး၊ ဇန်နဝါရီ- ၄-၂၀၂၁ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က (၇၃) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အဝေရာကွင်းမှာ လူဦးရေအကန့်အသတ်နဲ့ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ #Independence #VOM #voiceofmyanmar#Taunggyi #လွတ်လပ်ရေးနေ့ #တောင်ကြီး

Read More

မန္တလေးက စားသောက်ဆိုင်တချို့ ကျန်းမာရေးညွှန်ကြားချက်ညီရင် ဖွင့်ခွင့်ရ

မန္တလေး၊ ဇန်နဝါရီ – ၁- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမှာ A အဆင့်သတ်မှတ်ခံထားရတဲ့ စားသောက်ဆိုင်နဲ့ လ္ဘက်ရည်ဆိုင်တွေကို တိုင်းအစိုးရက ခွင့်ပြီးနောက်ပိုင်းမှာ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့ အညီ အတော်များများဖွင့်လာပြီဖြစ်ပါတယ်။ “Semi Lockdown သတ်မှတ်ကတည်းက ပါဆယ်ရောင်းတော့ အရောင်းအဝယ် သိပ်မရှိဘူးပေါ့ Lockdown ပြန်ဖြည်လိုက်တော့ အရောင်းအဝယ်က မဆိုးဘူး ပြန်တက်လာတယ်။ ကျနော်တို့ဆီမှာ ညွှန်ကြားစာက ၁၆ ရက်နေ့ကရောက်တာ ဒီရက်ပိုင်းက ဆိုင်ပြင်နေတာရောပါတယ် ကျန်းမာရေးနဲ့အညီ ပြင်ဆင်ပြီးသွားရင် ဆိုင်ဖွင့်ခွင့်ပေးဖို့ ခွင့်ပြုချက်စာတင်ရမယ် အဲ့ဒါ သူတို့ ဖွင့်ခွင့်ပေးတာနဲ့ ပြန်ဖွင့်မှာပါ” လို့ မင်းသီဟ လ္ဘက်ရည်ဆိုင် မန်နေဂျာက ပြောပါတယ်။ ဖွင့်ခွင့်မရသေးတဲ့ဆိုင်တွေကတော့ A အဆင့်ရအောင် ကြိုးစားပြင်ဆင်နေကြပြီး လတ်တလောမှာ ပါဆယ်စနစ်နဲ့ရောင်းနေကြပါတယ်၊ ဆိုင်တွေဖွင့်ပေမယ့် တချို့ကျမ္မာရေးအသိရှိသူတွေက သွားရောက်စားသောက်တာမရှိသေးတာကြောင့် ကိုဗစ်မဖြစ်ခင်ကာလကလောက်တော့ စည်ကားမှုမရှိသေးပါဘူး။ ဖွင့်ခွင့်ရတဲ့ဆိုင်တွေ ဘယ်လိုကြိုးစားခဲ့ရလဲ ဘာတွေဂရုစိုက်လုပ်ဆောင်နေကြလဲဆိုတာ…

Read More

ငြိမ်းချမ်းရေး တိုးတက်လာရင် စစ်မှုထမ်းဥပဒေကို ကျင့်သုံးသင့်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကို အကောင်အထည်ဖော်သင့်ကြောင်း တပ်မတော်ပြော

နေပြည်တော်၊ ဒီဇင်ဘာ- ၃၁- ၂၀၂၀ ကိုလတ် (VOM) လက်ရှိမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအခြေနေတွေဖြစ်ပေါ်နေတာကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို မကျင့်သုံးနိုင်သေးပေမယ့် အနာဂတ်မှာ ဒီဥပဒေကို ကျင့်သုံးသင့်တဲ့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကြိုတင်အသိပေးတာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်အဖွဲ့က ပြောပါတယ်။ “ယခုဖြစ်ပေါ်နေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအခြေအနေတွေကြောင့် ဒီစစ်မှုထမ်းဥပဒေဟာတော့ ကျင့်သုံးဖို့အတွက် အခုလောလောဆယ်မှာတော့ အကန့်အသတ်တွေရှိပါတယ်။ ငြိမ်းချမ်းရေးရရှိလာရင်တော့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တိုးတက်လာရင် ဒါပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဆောင်ရွက်သင့်တဲ့ ဥပဒေတစ်ခုဖြစ်တယ်။ ဒါ အဲ့နေရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ကလည်း ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်လာလိမ့်မယ် ရရှိလာလိမ့်မယ် ယုံကြည်တယ် ဒါကြောင့်မလို့ အနာဂတ်မှာ ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းအဖြစ် ကြိုတင်ပြီး အသိပေးထားခြင်းဖြစ်တယ်”လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၃၀ ရက်နေ့က နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ နိုင်ငံတော်ရဲ့…

Read More

ဦးပိန်တံတားနားမှာ လည်ပတ်စရာနေရာ တစ်ခုတိုးလာတော့မယ့် စက္ကူပန်းနန်းတော်

မန္တလေး၊ ဒီဇင်ဘာ- ၃၀- ၂၀၂၀ ရှိုင်းအောင်(VOM) အမရပူရ တောင်သမန်အင်းဘေး ဦးပိန်တံတားနား ရတနာပုံတက္ကသိုလ်ရှိတဲ့ဘက်ခြမ်းမှာ ဖန်တီးထားတဲ့ စက္ကူပန်းနန်းတော်ဟာ ကိုဗစ်ကာလအလွန်မှာ လည်ပတ်စရာနေရာတစ်ခု ဖြစ်လာမှာမို့ လမ်းညွန်ပါရစေ။ အဲဒီနေရာမှာ စက္ကူပန်း မျိုးစိတ် ၇၀ ကျော်၊ အရောင် ၃၀ ကျော် နဲ့ ပန်းပင်ပေါင်း ၁ သိန်းကျော်ပါဝင်တဲ့ ဥယျာဉ်တစ်ခုအဖြစ် စီစဉ်ထားတာကို တွေ့ရပါတယ်။ “စက္ကူပန်း မျိုးစိတ်တွေကို လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်ကနေ စုဆောင်းခဲ့တာပါ၊ LAND SCAPE တွေထက်ကို စက္ကူပန်းတွေက အရမ်းပိုနေတဲ့အတွက် ကျနော်တို့ကို ဒီနားမှာ စက္ကူပန်းကို အထူးပြုတဲ့ ပန်းဥယျာဉ်တစ်ခု တည်ဆောက်မယ်ပေါ့နော်၊ အဓိကကတော့ ဒီနားမှာရှိတဲ့ နယ်ခံတွေနဲ့ မန္တလေးမြို့သူ မြို့သားတွေ အပန်းဖြေလို့ရအောင်နဲ့ သူများနိုင်ငံတွေမှာလည်း Landscape တွေကို လူသွားလူလာများတဲ့နေရာမျိုးတွေမှာ တွင်တွင်ကျယ်ကျယ်…

Read More

တိုင်းရင်းသားပြည်နယ်တွေနဲ့ အာဏာခွဲဝေဖို့ကိစ္စ NLD ပါတီမှာ အစီအစဉ်ရှိပြီးပြီလား

နေပြည်တော်-ဒီဇင်ဘာ-၂၉-၂၀၂၀ ကိုထွန်း(VOM) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟအိမ်ရာအမှတ်(၂)၊ ရတနာသိဒ္ဓိရပ်ကွက်၊ မလှိုင်လမ်းနဲ့ ပန်းရွှေပြည် (၃)လမ်းထောင့်မှာရှိတဲ့ ၊ အမှတ်(၅၆၅၉)က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ်(ရုံးခွဲ)မှာ ဒီကနေ့ ဒီဇင်ဘာ ၂၉ မွန်းလွဲပိုင်းက NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အစည်းအဝေး အပြီးမှာ UEC မှာ ကန့်ကွက်ခံရတဲ့ ကိုယ်စားလှယ်စာရင်းနဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဖို့ကိစ္စတွေအပြင် ပြည်နယ်တွေမှာ အာဏာခွဲဝေမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ ဒေါက်တာဇော်မြင့်မောင်က သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။   တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးအင်ထုန်ခမ်းနော်ဆမ်းတို့ဦးဆောင်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က ရက်နေ့က ဖွဲ့စည်းပေးထားခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးကို ဒေါက်တာဇော်မြင့်မောင်၊ ဦးဉာဏ်ဝင်း၊ ဦးသိန်းဦး၊ ဦးဟံသာမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးဖြိုးမင်းသိန်း၊ ဒေါက်တာမြင့်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဦးအောင်ကြည်ညွန့်၊…

Read More

တောင်ကြီးမြို့က စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီးကို ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်ထား

တောင်ကြီး၊ ဒီဇင်ဘာ- ၂၄- ၂၀၂၀ နေနန်းနွယ်(VOM) ကိုဗစ်ရောဂါကြောင့် ၈ လခန့်ပိတ်ထားရတဲ့ တောင်ကြီးမြို့ကစူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီးကို တစ်နေ့ နှစ်ချိန် တစ်သုတ်ကို အယောက် ၃၀ တစ်လှည့်စီ ဝင်ရောက်ဖူးမျှော်နိုင်ဖို့ စီစဉ်ထားတယ်လို့ စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီး ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးညိုလုံးက ပြောပါတယ်။ ဘုရားပြန်လည်ဖူးမျှော်ခွင့်ပြုရင် ကျန်းမာရေးစည်းကမ်းချက်တွေနဲ့ အညီဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာနဲ့ ဘုရား‌ဝင်းတွင်းမှာရှိတဲ့ ‌စားသောက်ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ အခြေအနေနဲ့ပတ်သတ်ပြီး စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဥက္ကဌ ဦးညိုလုံးကို VOM သတင်းထောက် နေနန်းနွယ်က မေးမြန်းထားပါတယ်။ #VOM #voiceofmyanmar #TaungGyi #စူဠာမုနိလောကချမ်းသာ ဓါတ်ပုံ တောင်ကြီးသားများဆုံဆည်းရာ

Read More

အနိုင်ရ ကိုယ်စားလှယ်ရဲ့ ခိုင်လုံမဲတွေဟာ အစစ်မှန်မဟုတ်ဆိုပြီး ကန့်ကွက်လွှာတင်

အနိုင်ရ ကိုယ်စားလှယ်ရဲ့ ခိုင်လုံမဲတွေဟာ အစစ်မှန်မဟုတ်ဆိုပြီး ကန့်ကွက်လွှာတင် နေပြည်တော်၊ ဒီဇင်ဘာ- ၂၄- ၂၀၂၀ ဦးထွန်း(VOM) တအာင်းအမျိုးသားပါတီကိုယ်စားပြုပြီး ရှမ်းပြည်နယ်၊ မဲဆန္ဒအမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အနိုင်ရသွားသူ ဦးအိုက်မွန်း ကို ကန့်ကွက်လွှာတင်ဖို့ မြန်မာစီးပွားရေးဘဏ်ကို ငွေ ၅ သိန်းပေးဆောင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့မှာ ကန့်လွှာတင်ခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်က ပြောပါတယ်။ “ကျွန်တော်က သူရတဲ့မဲရလာဒ်ကို ကန့်ကွက်တာကြောင့် သူရတဲ့မဲတွေသည်ခိုင်လုံမဲအစစ်အမှန်မဟုတ်ကြောင်း သက်သေအထောက်အထားတွေနဲ့ကန့်ကွက်လွှာတင်မှာပါ။ မေးမြန်းစုံစမ်းမှုအရ ကန့်ကွက်လွှာတင်ဖို့အတွက်ငွေ ၅ သိန်းလာသွင်းသူ ၁၃၀ ကျော်ပြီဖြစ်ကြောင်းသိခဲ့ရပါတယ်၊ ဒီတစ်ခေါက်ရွေးကောက်ပွဲမှာကန့်ကွက်လွှာတင်မယ့်သူများမယ်ထင်ပါတယ်၊ ကျွန်တော်လေ့လာမိသလောက်ကတော USDP ကလည်း ၅၀ ကျော်လောက်ကန့်ကွက်လွှာတင်မယ်လို့သိရပါတယ်” လို့ ဦးမော်ထွန်းအောင် က ပြောပါတယ်။ တအာင်းအမျိုးသားပါတီကိုယ်စားပြုပြီး ရှမ်းပြည်နယ်၊ မဲဆန္ဒအမှတ်(၅)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အနိုင်ရသွားသူ ဦးအိုက်မွန်း က မဲအရေအတွက်…

Read More
VOM News

FREE
VIEW