မန္တလေးက စားသောက်ဆိုင်တချို့ ကျန်းမာရေးညွှန်ကြားချက်ညီရင် ဖွင့်ခွင့်ရ

မန္တလေး၊ ဇန်နဝါရီ – ၁- ၂၀၂၁
ရှိုင်းအောင်(VOM)
မန္တလေးမှာ A အဆင့်သတ်မှတ်ခံထားရတဲ့ စားသောက်ဆိုင်နဲ့ လ္ဘက်ရည်ဆိုင်တွေကို တိုင်းအစိုးရက ခွင့်ပြီးနောက်ပိုင်းမှာ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့ အညီ အတော်များများဖွင့်လာပြီဖြစ်ပါတယ်။
“Semi Lockdown သတ်မှတ်ကတည်းက ပါဆယ်ရောင်းတော့ အရောင်းအဝယ် သိပ်မရှိဘူးပေါ့ Lockdown ပြန်ဖြည်လိုက်တော့ အရောင်းအဝယ်က မဆိုးဘူး ပြန်တက်လာတယ်။ ကျနော်တို့ဆီမှာ ညွှန်ကြားစာက ၁၆ ရက်နေ့ကရောက်တာ ဒီရက်ပိုင်းက ဆိုင်ပြင်နေတာရောပါတယ် ကျန်းမာရေးနဲ့အညီ ပြင်ဆင်ပြီးသွားရင် ဆိုင်ဖွင့်ခွင့်ပေးဖို့ ခွင့်ပြုချက်စာတင်ရမယ် အဲ့ဒါ သူတို့ ဖွင့်ခွင့်ပေးတာနဲ့ ပြန်ဖွင့်မှာပါ” လို့ မင်းသီဟ လ္ဘက်ရည်ဆိုင် မန်နေဂျာက ပြောပါတယ်။
ဖွင့်ခွင့်မရသေးတဲ့ဆိုင်တွေကတော့ A အဆင့်ရအောင် ကြိုးစားပြင်ဆင်နေကြပြီး လတ်တလောမှာ ပါဆယ်စနစ်နဲ့ရောင်းနေကြပါတယ်၊ ဆိုင်တွေဖွင့်ပေမယ့် တချို့ကျမ္မာရေးအသိရှိသူတွေက သွားရောက်စားသောက်တာမရှိသေးတာကြောင့် ကိုဗစ်မဖြစ်ခင်ကာလကလောက်တော့ စည်ကားမှုမရှိသေးပါဘူး။
ဖွင့်ခွင့်ရတဲ့ဆိုင်တွေ ဘယ်လိုကြိုးစားခဲ့ရလဲ ဘာတွေဂရုစိုက်လုပ်ဆောင်နေကြလဲဆိုတာ ကိုရှိုင်းအောင်က ရိုက်ကူးတင်ပြထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW