မန္တလေးက စားသောက်ဆိုင်တချို့ ကျန်းမာရေးညွှန်ကြားချက်ညီရင် ဖွင့်ခွင့်ရ

မန္တလေး၊ ဇန်နဝါရီ – ၁- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမှာ A အဆင့်သတ်မှတ်ခံထားရတဲ့ စားသောက်ဆိုင်နဲ့ လ္ဘက်ရည်ဆိုင်တွေကို တိုင်းအစိုးရက ခွင့်ပြီးနောက်ပိုင်းမှာ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့ အညီ အတော်များများဖွင့်လာပြီဖြစ်ပါတယ်။ “Semi Lockdown သတ်မှတ်ကတည်းက ပါဆယ်ရောင်းတော့ အရောင်းအဝယ် သိပ်မရှိဘူးပေါ့ Lockdown ပြန်ဖြည်လိုက်တော့ အရောင်းအဝယ်က မဆိုးဘူး ပြန်တက်လာတယ်။ ကျနော်တို့ဆီမှာ ညွှန်ကြားစာက ၁၆ ရက်နေ့ကရောက်တာ ဒီရက်ပိုင်းက ဆိုင်ပြင်နေတာရောပါတယ် ကျန်းမာရေးနဲ့အညီ ပြင်ဆင်ပြီးသွားရင် ဆိုင်ဖွင့်ခွင့်ပေးဖို့ ခွင့်ပြုချက်စာတင်ရမယ် အဲ့ဒါ သူတို့ ဖွင့်ခွင့်ပေးတာနဲ့ ပြန်ဖွင့်မှာပါ” လို့ မင်းသီဟ လ္ဘက်ရည်ဆိုင် မန်နေဂျာက ပြောပါတယ်။ ဖွင့်ခွင့်မရသေးတဲ့ဆိုင်တွေကတော့ A အဆင့်ရအောင် ကြိုးစားပြင်ဆင်နေကြပြီး လတ်တလောမှာ ပါဆယ်စနစ်နဲ့ရောင်းနေကြပါတယ်၊ ဆိုင်တွေဖွင့်ပေမယ့် တချို့ကျမ္မာရေးအသိရှိသူတွေက သွားရောက်စားသောက်တာမရှိသေးတာကြောင့် ကိုဗစ်မဖြစ်ခင်ကာလကလောက်တော့ စည်ကားမှုမရှိသေးပါဘူး။ ဖွင့်ခွင့်ရတဲ့ဆိုင်တွေ ဘယ်လိုကြိုးစားခဲ့ရလဲ ဘာတွေဂရုစိုက်လုပ်ဆောင်နေကြလဲဆိုတာ…

Read More

ဥရောပသမဂ္ဂကနေ ဗြိတိန် တရားဝင် နှုတ်ထွက်

လန်ဒန်၊ ဇန်နဝါရီ-၁-၂၀၂၁ မျိုးဆက်(VOM) ဗြိတိန်ဟာ ဥရောပသမဂ္ဂမှ တရားဝင်ခွဲထွက်မှုလုပ်ငန်းစဉ်တွေ အပြီးသတ်ပြီးနောက် ခေတ်သစ်တစ်ခုကို စတင်လိုက်ပါတယ်။ ခရီးသွားလာခြင်း၊ ကုန်သွယ်ခြင်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လုံခြံုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အစားထိုးအစီအစဉ်တွေ ပြုလုပ်ပြီးနောက် ဥရောပသမဂ္ဂရဲ့ စည်းမျဉ်းတွေကို ဗြိတိန်ကလိုက်နာ ဆောင်ရွက်နေတာတွေကို ဒီဇင်ဘာ ၃၁ ရက်မှာ အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။ ကာလရှည်ကြာခဲ့တဲ့ ဘရီဇစ်လုပ်ငန်းစဉ် ပြီးဆုံးသွားချိန်မှာ လွတ်လပ်မှုဟာ မိမိတို့လက်ထဲမှာရှိနေပြီး မတူကွဲပြားခြင်းနဲ့ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ ဗြိတိန်အနေနဲ့ အဖွဲ့ရဲ့ မိတ်ဆွေ၊ မဟာမိတ်နိုင်ငံအဖြစ် ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ပြင်သစ်သမ္မတ မာခရိုက ထုတ်ဖော်ပြောဆိုပါတယ်။ လာမယ့်ရက်တွေနဲ့ သီတင်းပတ်တွေအတွင်း စည်းမျဉ်းသစ်တွေပေါ်ပေါက်လာပြီး တိုက်ကြီးတွေနဲ့ ကုန်သွယ်မှုပြုနေတဲ့ ဗြိတိန်ကုမ္ပဏီတွေအနေနဲ့ အပြောင်းအလဲကြောင့် အနှောက်အယှက်တစ်ချို့ ရှိလာနိုင်တယ်လို့ ဗြိတိန်အစိုးရအဖွဲ့ဝန်ကြီးတွေက သတိပေးပြောဆိုထားပါတယ်။ Ref: BBC Photo: Reuters #voiceofmyanmar #VOM…

Read More

တောင်ကုတ်က ဖမ်းဆီးခံ လွှတ်တော်အမတ် (၃) ဦး ဒီကနေ့ ပြန်လွှတ်ဖို့ ဖြစ်နိုင်ခြေရှိ

ဇန်နဝါရီ ၁-၂၀၂၁ ထက်အောင်စိုင်း(VOM) အေအေကနေ ဖမ်းဆီးထားတဲ့ တောင်ကုတ်မြို့နယ်က NLD ကိုယ်စားလှယ် (၃)ဦးကို ဒီကနေ့ မှာ ပြန်လည်လွှတ်ပေးသွားဖို့ရှိနေကြောင်း မြေပြင်မှာ သတင်းတွေထွက်ပေါ်နေတဲ့အပြင် NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကလည်း ဒီရက်ပိုင်းမှာ သူတို့ (၃) ဦး ပြန်လွှတ်လာနိုင်တယ်လို့ မှတ်ချက်ပေး ပြောဆိုပါတယ်။ NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကတော့” တောင်ကုတ်က ကျနော်တို့ NLD လွှတ်တော်အမှတ် (၃) ဦးပြန်လွှတ်ဖို့ ဖြစ်နိုင်ပါတယ်။ ကျနော်လည်း ဒီရက်ပိုင်း ပြန်လွှတ်မယ်လို့ ကြားပါတယ်။ လောလောဆယ်မှာတော့ ကျနော့်ဆီကို ဘာသတင်းမှ ရောက်မလာသေးဘူး။” လို့ ပြောပါတယ်။ စစ်တွေအခြေစိုက် နိရဉ္စရာသတင်းဌာမှာ ဖော်ပြထားတာက တောင်ကုတ်က NLD အမတ် (၃) သုံးဦးကို ဒီကနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ အေအေဖက်ကနေ တပ်မတော်ကို မင်းပြားမြို့နယ်အတွင်းမှာ လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့…

Read More

မုံရွာမြို့ရဲ့ နှစ်သစ်ကူးညမှာ ဒဏ်ရာရသူ ၁ ဒါဇင်ကျော် ဆေးရုံရောက်

ဇန်နဝါရီ ၁-၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ မနေ့ ၂၀၂၀၊ဒီဇင်ဘာ ၃၁ရက်နေ့ နှစ်သစ်ကူးညမှာ ဒဏ်ရာရရှိတဲ့ လူငယ် ၁ ဒါဇင်ကျော် မုံရွာပြည်သူ့ ဆေးရုံကြီး ကုတင် ၅၀၀ အရေးပေါ် ဌာနကို ရောက်ရှိလာတယ်လို့ မှုခင်းဆေးစာဌာနကနေ သိရပါတယ်။ “အဓိကကတော့ အပျော်လွန်ပြီး ဆိုင်ကယ်လဲလို့ ပွန်းပဲ့၊ ပေါက်ပြဲ ဒဏ်ရာရသူတွေများတယ် ၊ ဒီမနက် ၁ နာရီမှာ ရောက်လာတဲ့ လူနာကတော့ နှစ်သစ်ကူး ဗျောက်အိုးဖောက်တာ လက်ထဲမှာ ဗျောက်အိုးကွဲလို့ လက်တစ်ဖက် ပြင်းထန်ဒဏ်ရာရသူ ၁ ယောက် ထပ်ရောက်တယ် ၊ စာရင်းတော့ ချုပ်လို့ မရသေးဘူး၊ အခု လတ်တလောစာရင်းအရကတော့ နှစ်သစ်ကူး အပျော်လွန် ဒဏ်ရာရသူ ၁၇ ယောက်ရှိတယ်”လို့ မှုခင်းဆေးစာမှတ်တမ်းဌာနက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ အဲ့ဒီ လူနာအရေအတွက်ဟာ…

Read More

ငြိမ်းချမ်းရေး တိုးတက်လာရင် စစ်မှုထမ်းဥပဒေကို ကျင့်သုံးသင့်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကို အကောင်အထည်ဖော်သင့်ကြောင်း တပ်မတော်ပြော

နေပြည်တော်၊ ဒီဇင်ဘာ- ၃၁- ၂၀၂၀ ကိုလတ် (VOM) လက်ရှိမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအခြေနေတွေဖြစ်ပေါ်နေတာကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို မကျင့်သုံးနိုင်သေးပေမယ့် အနာဂတ်မှာ ဒီဥပဒေကို ကျင့်သုံးသင့်တဲ့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကြိုတင်အသိပေးတာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်အဖွဲ့က ပြောပါတယ်။ “ယခုဖြစ်ပေါ်နေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအခြေအနေတွေကြောင့် ဒီစစ်မှုထမ်းဥပဒေဟာတော့ ကျင့်သုံးဖို့အတွက် အခုလောလောဆယ်မှာတော့ အကန့်အသတ်တွေရှိပါတယ်။ ငြိမ်းချမ်းရေးရရှိလာရင်တော့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တိုးတက်လာရင် ဒါပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဆောင်ရွက်သင့်တဲ့ ဥပဒေတစ်ခုဖြစ်တယ်။ ဒါ အဲ့နေရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ကလည်း ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်လာလိမ့်မယ် ရရှိလာလိမ့်မယ် ယုံကြည်တယ် ဒါကြောင့်မလို့ အနာဂတ်မှာ ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းအဖြစ် ကြိုတင်ပြီး အသိပေးထားခြင်းဖြစ်တယ်”လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၃၀ ရက်နေ့က နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ နိုင်ငံတော်ရဲ့…

Read More

တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို တိုင်းရင်းသားတွေနဲ့အတူ လက်တွဲလုပ်ဆောင်မယ်

ဇန်နဝါရီ ၁-၂၀၂၀ ထက်အောင်စိုင်း (VOM) တပ်မတော်အနေနဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့ လက်တွဲပြီး ထာဝရငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ၂၀၂၁ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောဆိုထားတာ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ၂၀၂၁ နှစ်သစ်ကူးမိန့်ခွန်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ဆက်စပ်ပြီး ” ၂၀၂၀ ပြည့်နှစ်အလွန်ကာလမှာ နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ နိုင်ငံရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ NCA လမ်းကြောင်းကို မလွဲမသွေလျှောက်လှမ်းကြရမှာပဲ ဖြစ်ပါတယ်” လို့ ထည့်သွင်း ပြောဆိုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထာဝရငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်အေးချမ်းသာယာမှုရှိပြီး မိမိတို့ ဒေသ၊ မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ် ကလေးသူငယ်တွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်မည်ဆိုတာကို မျှော်တွေးဆောင်ရွက်သွားကြစေလိုပါတယ်လို့လည်း တိုက်တွန်းထားတာကို တွေ့ရပါတယ်။ ”…

Read More

ကိုဗစ်နိုင်တင်းတွန်းလှန်ရေးခြေလှမ်းသစ်

လန်ဒန်-ဇန်နဝါရီ -၁-၂၀၂၁ တင်ထားဆွေ   ၂၀၂၀ခုနှစ်ကို ကိုဗစ်နိုင်တင်း ရောဂါကပ်ဆိုးကြီးကို တွန်းလှန်ရတဲ့နှစ်၊ လူတွေရဲ့ ပုံမှန်ဘဝတွေပျက်ယွင်းရတဲ့နှစ် မမျှော်လင့်ပဲမိသားစုဝင်တွေဆုံးရှုံးရတဲ့နှစ် ကမ္ဘာ့စီးပွားရေးကျဆင်းတဲ့ နှစ်လို့အများက အမှတ်ရနေကြမှာပါ။   ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၁၉ ခုနှစ်မှာ တရုတ်နိုင်ငံဟူးဘေးပြည်နယ် ဝူဟန်မြို့မှာ အဆုပ်ပွရောဂါလက္ခဏာ တွေနဲ့ ဗိုင်းရပ်စ်ပိုးကူးစက်နေသူ ၂၇ ဦးရှိနေပြီလို့ တရုတ်အစိုးရကကမ္ဘာကျန်းမာရေးအဖွဲ့ ဆီကို တရားဝင် အကြောင်းကြားလိုက်ပါတယ်။ ဒီမတိုင်မီက တရုတ်ပြည်မှာ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ပျံ့နှံ့နေတယ်ဆိုတဲ့ သတင်းတွေ ဟိုတစ်စဒီတစ်စထွက်လာပေမယ့် အတည်မပြုနိုင်ခဲ့ပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဝူဟန်မှာကွင်းဆင်းလေ့လာမှုတွေပြုလုပ်ပြီး ဇန်နဝါရီလလယ်မှာ ဝူဟန်မြို့မှာ ကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် ဟာ လူအချင်းချင်းအကြားကူးစက်နိုင်တယ်ဆိုတာကို အတည်ပြုလိုက်သလို တရုတ်အစိုးရကိုလည်း အသိပေးလိုက်ပါတယ်။ မတ်လ၁၁ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝူဟန်ကဗိုင်းရပ်စ်ဟာ တကမ္ဘာလုံးကို ကူးစက်နိုင်တဲ့ ကိုဗစ်နိုင်တင်း (COVID-19) ကပ်ရောဂါကြီးဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။   ဒီနောက်ပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုဗစ်နိုင်တင်း ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ ရှောင်လွဲလို့မရအောင် တိုးပွားလာပြီး ကိုဗစ်နိုင်တင်းတွန်းလှန်ရေးအတွက်…

Read More
VOM News

FREE
VIEW