တောင်ကုတ်က ဖမ်းဆီးခံ လွှတ်တော်အမတ် (၃) ဦး ဒီကနေ့ ပြန်လွှတ်ဖို့ ဖြစ်နိုင်ခြေရှိ

ဇန်နဝါရီ ၁-၂၀၂၁
ထက်အောင်စိုင်း(VOM)

အေအေကနေ ဖမ်းဆီးထားတဲ့ တောင်ကုတ်မြို့နယ်က NLD ကိုယ်စားလှယ် (၃)ဦးကို ဒီကနေ့ မှာ ပြန်လည်လွှတ်ပေးသွားဖို့ရှိနေကြောင်း မြေပြင်မှာ သတင်းတွေထွက်ပေါ်နေတဲ့အပြင် NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကလည်း ဒီရက်ပိုင်းမှာ သူတို့ (၃) ဦး ပြန်လွှတ်လာနိုင်တယ်လို့ မှတ်ချက်ပေး ပြောဆိုပါတယ်။

NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကတော့” တောင်ကုတ်က ကျနော်တို့ NLD လွှတ်တော်အမှတ် (၃) ဦးပြန်လွှတ်ဖို့ ဖြစ်နိုင်ပါတယ်။ ကျနော်လည်း ဒီရက်ပိုင်း ပြန်လွှတ်မယ်လို့ ကြားပါတယ်။ လောလောဆယ်မှာတော့ ကျနော့်ဆီကို ဘာသတင်းမှ ရောက်မလာသေးဘူး။” လို့ ပြောပါတယ်။

စစ်တွေအခြေစိုက် နိရဉ္စရာသတင်းဌာမှာ ဖော်ပြထားတာက တောင်ကုတ်က NLD အမတ် (၃) သုံးဦးကို ဒီကနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ အေအေဖက်ကနေ တပ်မတော်ကို မင်းပြားမြို့နယ်အတွင်းမှာ လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး မင်းပြားမြို့နယ်က တဆင့် သူတို့ (၃) ဦးကို စစ်တွေကိုပို့ဆောင်ကာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး မီဒီယာတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ဖက်ကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အေအေကို အစိုးရကအကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီကနေ့ အေအေက ပြန်လည် လွှတ်ပေးသွားဖို့ရှိတဲ့အထဲမှာ တောင်ကုတ်က လွှတ်တော်အမတ်တွေ အပါအဝင် အေအေကနေဖမ်းထားတဲ့ တပ်မတော်သား စစ်သုံ့ပန်းတစ်ချို့လည်း ပါဝင်တယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #အေအေ #NLDအမတ် #ပြန်လွတ်နိုင်ဖွယ်ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW