ဥရောပသမဂ္ဂကနေ ဗြိတိန် တရားဝင် နှုတ်ထွက်

လန်ဒန်၊ ဇန်နဝါရီ-၁-၂၀၂၁
မျိုးဆက်(VOM)

ဗြိတိန်ဟာ ဥရောပသမဂ္ဂမှ တရားဝင်ခွဲထွက်မှုလုပ်ငန်းစဉ်တွေ အပြီးသတ်ပြီးနောက် ခေတ်သစ်တစ်ခုကို စတင်လိုက်ပါတယ်။

ခရီးသွားလာခြင်း၊ ကုန်သွယ်ခြင်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လုံခြံုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အစားထိုးအစီအစဉ်တွေ ပြုလုပ်ပြီးနောက် ဥရောပသမဂ္ဂရဲ့ စည်းမျဉ်းတွေကို ဗြိတိန်ကလိုက်နာ ဆောင်ရွက်နေတာတွေကို ဒီဇင်ဘာ ၃၁ ရက်မှာ အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

ကာလရှည်ကြာခဲ့တဲ့ ဘရီဇစ်လုပ်ငန်းစဉ် ပြီးဆုံးသွားချိန်မှာ လွတ်လပ်မှုဟာ မိမိတို့လက်ထဲမှာရှိနေပြီး မတူကွဲပြားခြင်းနဲ့ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

ဗြိတိန်အနေနဲ့ အဖွဲ့ရဲ့ မိတ်ဆွေ၊ မဟာမိတ်နိုင်ငံအဖြစ် ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ပြင်သစ်သမ္မတ မာခရိုက ထုတ်ဖော်ပြောဆိုပါတယ်။

လာမယ့်ရက်တွေနဲ့ သီတင်းပတ်တွေအတွင်း စည်းမျဉ်းသစ်တွေပေါ်ပေါက်လာပြီး တိုက်ကြီးတွေနဲ့ ကုန်သွယ်မှုပြုနေတဲ့ ဗြိတိန်ကုမ္ပဏီတွေအနေနဲ့ အပြောင်းအလဲကြောင့် အနှောက်အယှက်တစ်ချို့ ရှိလာနိုင်တယ်လို့ ဗြိတိန်အစိုးရအဖွဲ့ဝန်ကြီးတွေက သတိပေးပြောဆိုထားပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW