မသန်စွမ်းများအတွက် YBS ဘတ်စ်ကားအရေး ကာယကံရှင်များအမြင် ရယူရန်လို

ရန်ကုန် – ဖေဖော်ဝါရီ ၉ – ၂၀၁၉ TGH (VOM) မသန်စွမ်းတွေအတွက် စဉ်းစားထည့်သွင်းထားတဲ့ ဘတ်စ်ကားတွေ ပြေးဖို့ စီစဉ်နေတာမှာ ကာယကံရှင် မသန်စွမ်းတွေရဲ့အသံကို အရင်ဆုံး နားထောင်ပြီးမှ လုပ်ဖို့လိုအပ်နေတယ်လို့ ဧဒင်သန်စွမ်းကလေးများကျောင်းမှ မန်းနေးဂျင်းဒါရိုက်တာ ဦးသာခိက ပြောဆိုပါတယ်။ မသန်စွမ်းတွေအတွက် တစ်ခုခုလုပ်မယ်ဆိုရင် ဘယ်လိုပုံစံက အဆင်ပြေမယ်ဆိုတာတွေကို ကာယကံရှင် မသန်စွမ်းသူတွေကို ကိုယ်စားပြုသူတွေနဲ့ အရင်တိုင်ပင်မှု အားနည်းနေတာကြောင့် မသန်စွမ်းသူတွေအတွက် အကောင်းဆုံးအခြေအနေ ဖြစ်မလာနိုင်ဘူးလို့ သူက ဝေဖန်ပြောဆိုပါတယ်။ “စနစ်တစ်ခုပြောင်းဖို့လုပ်တိုင်းမှာ ကျွန်တော်တို့က ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် ဒီမိုကရေစီယဉ်ကျေးမှုကို အသက်သွင်းဖို့လိုတယ်။ စိတ်တိုင်းကျဆောင်ရွက်ပေးပါ့မယ်၊ ကျွန်တော်တို့က အကောင်းဆုံးလုပ်ပေးတယ် အဆင်ပြေအောင်လုပ်ပေးထားတယ် ကျေးဇူးတင်ဆိုတဲ့ အနေအထားမျိုးနဲ့ကတော့ အဆင်မပြေဘူး။ သုံးစွဲသူတွေရဲ့အသံ ကိုအမြဲတမ်းနားထောင်ဖို့လိုတယ်။ မသန်စွမ်းတွေ အဆင်ပြေဖို့ဆိုရင် မသန်စွမ်းတွေကို အရင်မေးသင့်တယ်။ ဒါမှသာ သူတို့က ဘယ်လိုပုံစံဆိုရင်တော့ အဆင်ပြေမယ် ဆိုတာမျိုးကို အကြံပေးနိုင်မယ်။…

Read More
VOM News

FREE
VIEW