ကွာလာလမ်ပူ၊စက်တင်ဘာ-၂၀-၂၀၁၉
မျိုးဆက်(VOM)
မလေးရှားနိုင်ငံပူချောင်ရှိ နေအိမ်တစ်လုံးကိုစက်တင်ဘာ၁၈ရက်က၀င်ရောက်စီးနှင်းခဲ့ရာမှာစီးကရက်မှောင်ခိုလုပ်တဲ့မြန်မာနိုင်ငံသုံးဦးအပါအ၀င်အမျိုးသားခြောက်ဦးကိုမလေးရှားရဲတွေကဖမ်းဆီးလိုက်ပါတယ်။
သံသယရှိသူခြောက်ဦးဟာအသက်၂၄နှစ်ကနေ၅၂နှစ်အကြားတွေဖြစ်ပြီးနေအိမ်ခြံဝန်းအတွင်းမှာဘဲသူတို့ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့လုံခြုံရေးနဲ့တည်ငြိမ်ရေးဆိုင်ရာအကြီးအကဲအဗ္ဗဒူဘာဆာနီကပြောပါတယ်။
ရဲတွေဟာအဖြူရောင်စီးကရက်၂၁၈၀၀ကာတွန်နဲ့အနံအရသာထည့်ထားတဲ့စီးကရက်၁၁၁၃၀ကာတွန်ကိုဖမ်းဆီးရမိခဲ့ပြီးသိမ်းဆည်းရမိထားတဲ့ပစ္စည်းတွေရဲ့တန်ဖိုးဟာမလေးရှားရင်းဂစ်၅ဒသမ၁၄၂သန်းဖိုးရှိတယ်လို့ဆိုပါတယ်။
ဒီလိုမှောင်ခိုလှုပ်ရှားနေတာနဲ့ပတ်သက်ပြီးဖမ်းဆီးခဲ့သူတွေထဲကတစ်ဦးဟာယခင်ကပြစ်မှုကျူးလွန်ခဲ့တဲ့မှတ်တမ်းတွေရှိတယ်လို့ဆာနီကပြောပါတယ်။သူတို့ကို၁၉၆၇ခုနှစ်အကောက်ခွန်အက်ဥပဒေ၁၃၅အရအရေးယူသွားမှာဖြစ်တယ်လို့ပြောပါတယ်။
Ref : Bernama
Photo : Getty Image
#voiceofmyanmar #မလေးရှား #စီးကရက်မှောင်ခို #မြန်မာ