ဖားကန့်လုပ်ကွက်တခုမှာ ကမ်းပါးပြိုလို့ မြေတူးစက်မောင်းသူနှစ်ဦး မြေပိ တဦးသေဆုံး

ဖားကန့်လုပ်ကွက်တခုမှာ ကမ်းပါးပြိုလို့ မြေတူးစက်မောင်းသူနှစ်ဦး မြေပိ တဦးသေဆုံး

ဖားကန့် -မတ်-၅-၂၀၂၀
ဇော်မိုးထက် (VOM)

ကချင်ပြည်နယ် မိုးညှင်း ခရိုင်ဖားကန့်မြို့နယ် မော်ဝမ်းကြီးကျေးရွာအုပ်စု ၊ ဆွတ်ငိုင်ယန်ကျေးရွာ အနီး ယူနတီကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီအတွင်းက လုပ်ကွက်ကမ်းပါးနံရံဟာ မတ်လ ၄ရက်နေ့ ညဉ့်အချိန်က ပြိုကျခဲ့ပါတယ်။

ယူနတီကုမ္မဏီရဲ့ လုပ်ကွက်ကမ်းပါးနံရံရဲ့ အမြင့်ပေ ရှစ်ဆယ်လောက်ကနေပြုတ်ကျခဲ့လို့ လုပ်ကွက်အတွင်းမှာ အလုပ်လုပ်နေတဲ့ ဘက်ဟိုးမောင်းတဲ့ ကုမ္မဏီ ဝန်ထမ်း နှစ်ဦး ဟာ ဘက်ဟိုးတွေနဲ့အတူ မြေကြီးတွေ ဖုံးမိသွားတယ်လို့ သွားကြည့်ခဲ့တဲ့ ဒေသခံရွာသားတဦးက ပြောပါတယ် ။

မြေပိတဲ့ ဘက်ဟိုးဆရာ နှစ်ဦးအနက် ဘက်ဟိုးဆရာ ဦးဗိုလ်စိုးနိုင် (၃၅)နှစ် (ဘ) ဦးသန်းမောင် ၅/ရဥန(နိုင်)ဝ၇၁၄ဝ၄ ၊ စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ၊ကုန်းသာယာကျေးရွာ နေသူဟာ သေဆုံးသွားခဲ့တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ် ။

ဒီလိုအလားတူပဲ ဇန်နဝါရီ ၁၈ ရက် နေ့ကလည်း စိုင်းအင်ဝိုင်း ကုမ္မဏီရဲ့ လုပ်ကွက်နံရံပြိုကျခဲ့မှုကြောင့် ဘက်ဟိုနှစ်စီး မြေမြုပ်ခဲ့ပြီး ဘက်ဟိုးဆရာ တဦး မြေပိသေဆုံးခဲ့တာလည်းဖြစ်ပါတယ်

၂၀၂၀ ခုနှစ်အတွင်း လုပ်ကွက် ကမ်းပါးပြိုကျမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဘက်ဟိုးလေးစီး မြေပိကာ ဘက်ဦးမောင်းသူ နှစ်ဦးဒဏ်ရာရကာ နှစ်ဦးသေဆုံးခဲ့ပြီး ဖြစ်ပါတယ် ။

ဖားကန့်ဒေသက အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်သားတွေကို ခိုင်းစေတာကြောင့်လို့ ထောက်ပြဝေဖန်မှုတွေရှိပေမယ့် တားဆီးနိုင်တဲ့ ဥပဒေမရှိတာကြောင့် ခုလိုမျိုး မကြာခဏဖြစ်နေတာဖြစ်ပါတယ်။

ဓါတ်ပုံ ဖားကန့် အထွေထွေအုပ်ချုပ်ရေးမှူးရုံး

#voiceofmyanmar #VOM #ဖားကန့် #မြေပြို

ဖားကန္႕လုုပ္ကြက္တခုုမွာ ကမ္းပါးၿပိဳလိုု႕ ေျမတူးစက္ေမာင္းသူႏွစ္ဦး ေျမပိ တဦးေသဆုံး

ဖားကန႔္ -မတ္-၅-၂၀၂၀
ေဇာ္မိုုးထက္ (VOM)

ကခ်င္ျပည္နယ္ မိုးညႇင္း ခ႐ိုင္ဖားကန႔္ၿမိဳ႕နယ္ ေမာ္ဝမ္းႀကီးေက်း႐ြာအုုပ္စုု ၊ ဆြတ္ငိုင္ယန္ေက်း႐ြာ အနီး ယူနတီေက်ာက္စိမ္းတူးေဖာ္ေရး ကုမၼဏီအတြင္းက လုပ္ကြက္ကမ္းပါးနံရံဟာ မတ္လ ၄ရက္ေန႔ ညဥ့္အခ်ိန္က ၿပိဳက်ခဲ့ပါတယ္။

ယူနတီကုမၼဏီရဲ႕ လုပ္ကြက္ကမ္းပါးနံရံရဲ႕ အျမင့္ေပ ရွစ္ဆယ္ေလာက္ကေနျပဳတ္က်ခဲ့လို႔ လုပ္ကြက္အတြင္းမွာ အလုပ္လုပ္ေနတဲ့ ဘက္ဟိုးေမာင္းတဲ့ ကုမၼဏီ ဝန္ထမ္း ႏွစ္ဦး ဟာ ဘက္ဟိုးေတြနဲ႔အတူ ေျမႀကီးေတြ ဖုံးမိသြားတယ္လို႔ သြားၾကည့္ခဲ႕တဲ႕ ေဒသခံရြာသားတဦးက ေျပာပါတယ္ ။

ေျမပိတဲ့ ဘက္ဟိုးဆရာ ႏွစ္ဦးအနက္ ဘက္ဟိုးဆရာ ဦးဗိုလ္စိုးႏိုင္ (၃၅)ႏွစ္ (ဘ) ဦးသန္းေမာင္ ၅/ရဥန(ႏိုင္)ဝ၇၁၄ဝ၄ ၊ စစ္ကိုင္းတိုင္းေဒသႀကီး ေရဦးၿမိဳ႕နယ္ ၊ကုန္းသာယာေက်း႐ြာ ေနသူဟာ ေသဆုံးသြားခဲ့တယ္လို႔ ဖားကန႔္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးက သိရပါတယ္ ။

ဒီလိုုအလားတူပဲ ဇန္နဝါရီ ၁၈ ရက္ ေန႔ကလည္း စိုင္းအင္ဝိုင္း ကုမၼဏီရဲ႕ လုပ္ကြက္နံရံၿပိဳက်ခဲ့မႈေၾကာင့္ ဘက္ဟိုႏွစ္စီး ေျမျမဳပ္ခဲ့ၿပီး ဘက္ဟိုးဆရာ တဦး ေျမပိေသဆုံးခဲ့တာလည္းျဖစ္ပါတယ္

၂၀၂၀ ခုႏွစ္အတြင္း လုပ္ကြက္ ကမ္းပါးၿပိဳက်မႈ ႏွစ္ႀကိမ္ျဖစ္ပြားခဲ့ၿပီး ဘက္ဟိုးေလးစီး ေျမပိကာ ဘက္ဦးေမာင္းသူ ႏွစ္ဦးဒဏ္ရာရကာ ႏွစ္ဦးေသဆုံးခဲ့ၿပီး ျဖစ္ပါတယ္ ။

ဖားကန္႕ေဒသက အႏၱရာယ္ရွိတဲ႕ လုုပ္ငန္းခြင္ေတြမွာ လုုပ္သားေတြကိုု ခိုုင္းေစတာေၾကာင့္လိုု႕ ေထာက္ျပေဝဖန္မွဳေတြရွိေပမယ့္ တားဆီးနိုုင္တဲ႕ ဥပေဒမရွိတာေၾကာင့္ ခုုလိုုမ်ိဳး မၾကာခဏျဖစ္ေနတာျဖစ္ပါတယ္။

ဓါတ္ပံု ဖားကန္႕ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုး
#voiceofmyanmar #VOM #ဖားကန္႕ #ေျမျပိဳ

Related posts

Leave a Comment

VOM News

FREE
VIEW