ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

စစ်တွေ၊ ဇူလိုင် ၁၂- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ မနေ့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်လောက်က ပစ်ခတ်မှုတွေဖြစ်ပြီး အရပ်သား သက်ကြီးပိုင်းတစ်ဦး သေဆုံးကာ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

သေဆုံးသူဟာ ပုဏ္ဏားကျွန်းမြို့ပေါ်က ရွာဟောင်းပိုင်းရပ်ကွက်က အသက် (၇၅)နှစ်အရွယ် ဦးရွှေသာဆိုသူဖြစ်ပြီး ဘယ်ဘက်ရင်အုံ ကျည်ဖောက်ဒဏ်ရာနဲ့ ဒဏ်ရာရသူမှာ အသက် (၁၃)နှစ်အရွယ် မနန္ဒာဦး ခြေသလုံး ကျည်ဖောက်ဒဏ်ရာ ၊ အသက် (၄၀) အရွယ် ဒေါ်အဝင်းမှာ ခါးဒဏ်ရာတို့ ဖြစ်တယ်လို့ မိသားစုဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သေဆုံးသွာသူ ဦးရွှေသာရဲ့ သမီးက” ကျည်ဆံထိသွားတာက ဘယ်ဘက်ရင်အုံကို ထိသွားတာပါ။ ကျမတို့က အခုလိုမျိုး ဖြစ်လာမယ်ဆိုတာကို မသိဘူး။ သိမယ်ဆိုရင်လည်း ပုန်းတွင်းထဲမှာ ပုန်းခိုလို့ရတာပေါ့။ ညနေပိုင်းလောက်မှာ ရုတ်တရက် ပစ်ခတ်မှုတွေဖြစ်တာပါ။ ပစ်ခတ်တာတွေလည်း ဖြစ်နေတော့ အမေက အိမ်ပေါ်ကနေ ဆင်းလာတယ်။ အဲ့ဒီမှာ အမေ့ကို ရှောင်ခိုင်းတာမှာ တိုက်မှာ ကွယ်ဖို့လုပ်တော့ အဖေ့ဆီကို ထိမှန်သွားတာပါ။ ဒီနေ့သဂြိုၤလ်ဖို့ ကျမှာပါ။” လို့ ပြောပါတယ်။

မနေ့က ပစ်ခတ်မှု ဖြစ်စဉ်မှာ နာရီဝက်ခန့်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ညနေ ၆ နာရီ ၄၅ မိနစ်ခန့်ကနေ ၇ နာရီထိ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

အမည်မဖော်လို့တဲ့ ပုဏ္ဏားကျွန်းမြို့ ဒေသခံတစ်ဦးက” ပစ်ခတ်မှုတွေကတော့ ၆ နာရီ ၄၅ မိနစ်လောက်ကနေ စတာပါ။ ၇ နာရီလောက်မှာရပ်သွားပေမယ့် ၇ နာရီကျော်ထိ ပစ်ခတ်မှုတွေက ရှိခဲ့ပါတယ်။ ဒဏ်ရာရတာက ၂ ယောက်ရှိမယ်။ သေတာက တစ်ယောက်ပါ။ မြို့ထဲက ဒေါ်အဝင်းမှာက ခါးကိုကျည်မှန်သွားတယ်။ ဒဏ်ရာက မပြင်းပါဘူး။ ” လို့ ပြောပါတယ်။

သေဆုံးသွာသူ ဦးရွှေသာရဲ့ သမီးဖြစ်သူ ပြောပြချက်အရ ပစ်ခတ်တာဟာ ဘယ်အဖွဲ့ကလို့ အတိအကျမပြောလိုကြောင်းနဲ့ ပုဏ္ဏားကျွန်းမြို့ထဲမှာ လမ်းကြိုလမ်းကြားကအစ တရစက် ပစ်ခတ်သွားတယ်လို့ ပြောပါတယ်။

” မြို့ကတော့ တိတ်ဆိတ်နေပါတယ်။ မနေ့ညက မမျှော်လင့်ပဲ ပစ်ခတ်သွားတာ။ တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး၊ သီးသန့် ဝင်ပစ်သွားတာပါ။ ကျမအဖေ သေဆုံးသွားတာကို ခံစားရတာပေါ့။ ကိုယ့်အိမ်မှာနေတာကို အသေဆိုးနဲ့ သေသွားရတာဆိုတော့ ခံစားရတာပေါ့။” လို့ သေဆုံးသူရဲ့သမီးဖြစ်သူကပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမောင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ” အရပ်သား ထိခိုက်တာက ၁ ယောက်က သေတယ်။ နောက် မိန်းကလေးတစ်ယောက် ဒဏ်ရာရတယ်။ ကျနော်တို့လည်း အစတုန်းက တိုက်ပွဲဖြစ်တာထင်တယ်။ ဖြစ်တာက ကျနော်တို့ထမင်းစားနေတုန်း မြို့ထဲဖက်မှာ ဖြစ်တာ။ အခုလောလောဆယ်တော့ သေတာတစ်ယောက်နဲ့ ဒဏ်ရာရတဲ့ တစ်ယောက်ပဲကြားရသေတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့ပေါ်က နေအိမ်တစ်ခုထဲမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး တစ်လုံးကျန်နေကြောင်း လက်နက်ကြီးကျည်ဟာ နေအိမ်းတွင်းက မြေထဲမှာ စိုက်နေတယ်လို့ အိမ်ပိုင်ရှင် အမျိုးသမီးက VOM ကို ပြောပါတယ်။

မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ကျရောက်နေတဲ့ အိမ်ပိုင်ရှင် ကျောင်းဆရာမ ဒေါ် စောယဉ်မေက” ပစ်ခတ်သံတွေကြားတယ်ဆိုတော့ ကျမတို့က အိမ်နောက်ဖက်က ပုန်းတွင်းမှာ ပုန်းခိုနေတာ။ ဘယ်က ကျလာတာလဲမသိဘူး။ အိမ်အောက်က မြေကြီးမှာ လက်နက်ကြီးကျည်က တစ်ပိုင်း မြုပ်နေပါတယ်။” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ရာ ဖုန်းကိုင်ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ပုဏၰားကြၽန္းၿမိဳ႕ေပၚမွာ ပစ္ခတ္မႈျဖစ္ၿပီး ၁ ဦးေသ၊ ၂ ဦးဒဏ္ရာရ

စစ္ေတြ၊ ဇူလိုင္ ၁၂- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ စစ္ေတြခ႐ိုင္၊ ပုဏၰားကြၽန္းၿမိဳ႕ေပၚမွာ မေန႔ ဇူလိုင္လ ၁၁ ရက္ေန႔ ညေန ၆ နာရီ ၄၅ မိနစ္ေလာက္က ပစ္ခတ္မႈေတြျဖစ္ၿပီး အရပ္သား သက္ႀကီးပိုင္းတစ္ဦး ေသဆုံးကာ အရပ္သား ၂ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။

ေသဆုံးသူဟာ ပုဏၰားကြၽန္းၿမိဳ႕ေပၚက ႐ြာေဟာင္းပိုင္းရပ္ကြက္က အသက္ (၇၅)ႏွစ္အ႐ြယ္ ဦးေ႐ႊသာဆိုသူျဖစ္ၿပီး ဘယ္ဘက္ရင္အုံ က်ည္ေဖာက္ဒဏ္ရာနဲ႔ ဒဏ္ရာရသူမွာ အသက္ (၁၃)ႏွစ္အ႐ြယ္ မနႏၵာဦး ေျခသလုံး က်ည္ေဖာက္ဒဏ္ရာ ၊ အသက္ (၄၀) အ႐ြယ္ ေဒၚအဝင္းမွာ ခါးဒဏ္ရာတို႔ ျဖစ္တယ္လုိ႔ မိသားစုဝင္ေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

ေသဆုံးသြာသူ ဦးေ႐ႊသာရဲ႕ သမီးက” က်ည္ဆံထိသြားတာက ဘယ္ဘက္ရင္အုံကို ထိသြားတာပါ။ က်မတို႔က အခုလိုမ်ိဳး ျဖစ္လာမယ္ဆိုတာကို မသိဘူး။ သိမယ္ဆိုရင္လည္း ပုန္းတြင္းထဲမွာ ပုန္းခိုလို႔ရတာေပါ့။ ညေနပိုင္းေလာက္မွာ ႐ုတ္တရက္ ပစ္ခတ္မႈေတြျဖစ္တာပါ။ ပစ္ခတ္တာေတြလည္း ျဖစ္ေနေတာ့ အေမက အိမ္ေပၚကေန ဆင္းလာတယ္။ အဲ့ဒီမွာ အေမ့ကို ေရွာင္ခိုင္းတာမွာ တိုက္မွာ ကြယ္ဖို႔လုပ္ေတာ့ အေဖ့ဆီက္ို ထိမွန္သြားတာပါ။ ဒီေန႔သၿဂိဳၤလ္ဖို႔ က်မွာပါ။” လို႔ ေျပာပါတယ္။

မေန႔က ပစ္ခတ္မႈ ျဖစ္စဥ္မွာ နာရီဝက္ခန္႔ပစ္ခတ္မႈေတြျဖစ္ခဲ့ၿပီး ညေန ၆ နာရီ ၄၅ မိနစ္ခန္႔ကေန ၇ နာရီထိ ပစ္ခတ္မႈေတြရွိခဲ့တယ္လုိ႔ ၿမိဳ႕ခံေတြကေျပာပါတယ္။

အမည္မေဖာ္လို႔တဲ့ ပုဏၰားကြၽန္းၿမိဳ႕ ေဒသခံတစ္ဦးက” ပစ္ခတ္မႈေတြကေတာ့ ၆ နာရီ ၄၅ မိနစ္ေလာက္ကေန စတာပါ။ ၇ နာရီေလာက္မွာရပ္သြားေပမယ့္ ၇ နာရီေက်ာ္ထိ ပစ္ခတ္မႈေတြက ရွိခဲ့ပါတယ္။ ဒဏ္ရာရတာက ၂ ေယာက္ရွိမယ္။ ေသတာက တစ္ေယာက္ပါ။ ၿမိဳ႕ထဲက ေဒၚအဝင္းမွာက ခါးကိုက်ည္မွန္သြားတယ္။ ဒဏ္ရာက မျပင္းပါဘူး။ ” လို႔ ေျပာပါတယ္။

ေသဆုံးသြာသူ ဦးေ႐ႊသာရဲ႕ သမီးျဖစ္သူ ေျပာျပခ်က္အရ ပစ္ခတ္တာဟာ ဘယ္အဖြဲ႕ကလို႔ အတိအက်မေျပာလိုေၾကာင္းနဲ႔ ပုဏၰားကြၽန္းၿမိဳ႕ထဲမွာ လမ္းႀကိဳလမ္းၾကားကအစ တရစက္ ပစ္ခတ္သြားတယ္လို႔ ေျပာပါတယ္။

” ၿမိဳ႕ကေတာ့ တိတ္ဆိတ္ေနပါတယ္။ မေန႔ညက မေမွ်ာ္လင့္ပဲ ပစ္ခတ္သြားတာ။ တိုက္ပြဲျဖစ္တာလည္းမရွိပါဘူး၊ သီးသန္႔ ဝင္ပစ္သြားတာပါ။ က်မအေဖ ေသဆုံးသြားတာကို ခံစားရတာေပါ့။ ကိုယ့္အိမ္မွာေနတာကို အေသဆိုးနဲ႔ ေသသြားရတာဆိုေတာ့ ခံစားရတာေပါ့။” လို႔ ေသဆံုးသူရဲ႕သမီးျဖစ္သူကေျပာပါတယ္။

ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းေမာင္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ” အရပ္သား ထိခိုက္တာက ၁ ေယာက္က ေသတယ္။ ေနာက္ မိန္းကေလးတစ္ေယာက္ ဒဏ္ရာရတယ္။ က်ေနာ္တို႔လည္း အစတုန္းက တိုက္ပြဲျဖစ္တာထင္တယ္။ ျဖစ္တာက က်ေနာ္တို႔ထမင္းစားေနတုန္း ၿမိဳ႕ထဲဖက္မွာ ျဖစ္တာ။ အခုေလာေလာဆယ္ေတာ့ ေသတာတစ္ေယာက္နဲ႔ ဒဏ္ရာရတဲ့ တစ္ေယာက္ပဲၾကားရေသတယ္။” လို႔ ေျပာပါတယ္။

ဒါ့အျပင္ ပုဏၰားကြၽန္းၿမိဳ႕ေပၚက ေနအိမ္တစ္ခုထဲမွာ မေပါက္ကြဲေသးတဲ့ လက္နက္ႀကီး တစ္လုံးက်န္ေနေၾကာင္း လက္နက္ႀကီးက်ည္ဟာ ေနအိမ္းတြင္းက ေျမထဲမွာ စိုက္ေနတယ္လို႔ အိမ္ပိုင္ရွင္ အမ်ိဳးသမီးက VOM ကို ေျပာပါတယ္။

မေပါက္ကြဲေသးတဲ့ လက္နက္ႀကီးက်ည္ က်ေရာက္ေနတဲ့ အိမ္ပိုင္ရွင္ ေက်ာင္းဆရာမ ေဒၚ ေစာယဥ္ေမက” ပစ္ခတ္သံေတြၾကားတယ္ဆိုေတာ့ က်မတို႔က အိမ္ေနာက္ဖက္က ပုန္းတြင္းမွာ ပုန္းခိုေနတာ။ ဘယ္က က်လာတာလဲမသ္ိဘူး။ အိမ္ေအာက္က ေျမႀကီးမွာ လက္နက္ႀကီးက်ည္က တစ္ပိုင္း ျမဳပ္ေနပါတယ္။” လို႔ ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမႉး ဗ္ိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို ဆက္သြယ္ရာ ဖုန္းကိုင္ေပမယ့္ ျပန္လည္ေျဖၾကားတာ မရွိပါဘူး။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW