စစ်တွေခရိုင်အတွင်း လက်နက်ကြီးကျလို့ ၃နှစ်ကလေးအပါဝင်ဒေသခံ(၅) ဦးဒဏ်ရာရ

စစ်တွေခရိုင်အတွင်း လက်နက်ကြီးကျလို့ ၃နှစ်ကလေးအပါဝင်ဒေသခံ(၅) ဦးဒဏ်ရာရ

စစ်တွ၊ ဩဂုတ် ၂၃- ၂၀၂၀

ထင်အောင်စိုင်း(VOM)

ဩဂုတ်လ ၂၂ ရက်နေ့ ည ၈ နာရီလောက်က စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ကျောက်ရံသာစည်ကျေးရွာက နေအိမ်တစ်လုံးကို လက်နက်ကြီးကျည်ကျပြီး ဒေသခံပြည်သူ (၅) ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါတယ်။

မနေ့က ညနေပိုင်း ၈ နာရီလောက်မှာ ရသေ့တောင်မြို့နယ် မညင်းတောင်ကျေးရွာဖက်မှာ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ကျောက်ရံသာစည်ကျေးရွာသို့ လက်နက်ကြီးကျည် နှစ်လုံးလာရောက်ပေါက်ကွဲကြောင်း ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

ဒဏ်ရာရရှိသူတွေမှာ ကျောက်ရံသာစည်ကျေးရွာက အသက် (၄၄) နှစ်အရွယ် ဦးကျော်အေး ဘယ်ခြေနဲ့ ညာခြေ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ၊ ဒေါ်အေးသန်းနု အသက် (၄၀) ဦးခေါင်ကျည်ထိမှန်ဒဏ်ရာ ၊ မခင်နှင်းဖြူ (၁၆) နှစ်မှာ ဘယ်ရင်ဘတ်နဲ့ ညာဖက်ရင်ဘတ် ဒဏ်ရာ၊ ဦးထွန်းတင် အသက် (၃၅) နှစ်မှာ ညာဖက်နားထင်မှာ ကျည်ထိမှန်ဒဏ်ရာနဲ့ အသက် (၃) နှစ်သမီးအရွယ် ကလေးမှာ ဦးခေါင်းကျည်စ ထိမှန်ဒဏ်ရာတွေ ရရှိသွားကြောင်း သိရပါတယ်။

ရသေ့တောင်မြို့နယ်၊ ကျောက်ရံသာစည်ကျေးရွာသားဒေသခံတစ်ဦးက” ကျောက်ရံမှာလက်နက်ကြီးကျလို့ ဒဏ်ရာရတဲ့လူတွေကို ထမ်းယူလာကြပါပြီ။ ရေဘုတ်ရွာကို သွားနေကြပါတယ်။ ဒဏ်ရာရတာကတော့ (၅) ယောက်ပါ။ အခုလောလောဆယ် ရသေ့တောင်ဆေးရုံကို သွားရမှာပေါ့။ ရသေ့တောင်က အဆင်မပြေရင် စစ်တွေကို သွားရမယ်။ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ မညှင်းတောင်ရွာဖက်က ပစ်လိုက်တာ။ ရွာဖက်တွေကို လှမ်းပြီးပစ်နေတယ်။ သွားရလာရတာတွေကလည်း မိုးရာသီလည်းဖြစ်တော့ အဆင်မပြေဘူး။ ကျနော်တို့က တစ်ရက်ရှာမှ တစ်ရက်စားရတဲ့လူတွေပါ။ “ လို့ ပြောပါတယ်။

မနေ့က လက်နက်ကြီးကျည်ကျပြီး ဒဏ်ရာရရှိသူတွေထဲမှာ ဦးကျော်အေးနဲ့ ဒေါ်အေးသန်းနုတို့ လင်မယားနှစ်ယောက်ဟာ ဒဏ်ရာပြင်းထန်ကြောင်း သူကဆက်ပြောပါတယ်။

ဒီကနေ့ မနက် ၈ နာရီလောက်က အဲဒီလက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိသူတွေကို ရသေ့တောင်ဆေးရုံကို သယ်ဆောင်လာကြောင်းနဲ့ ရသေ့တောင်ဆေးရုံမှာ အဆင်မပြေပါက စစ်တွေဆေးရုံးသို့ ပို့မှာဖြစ်ကြောင်း ကျောက်ရံသာစည်ကျေးရွာက ဒေသခံတစ်ဦးကပြောပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က” ဒဏ်ရာရတာက (၅) ယောက်လို့ကြားတယ်။ ပစ်ခတ်မှုဖြစ်တာက ၇ နာရီကြားနဲ့ ၈ နာရီကြားမှာ ဖြစ်တာ။ အိမ်မှာလည်း လက်နက်ကြီးတစ်လုံးကျတာပါတယ်။ အဲဒီရွာက လက်နက်ကြီးမကြာမကြာကျတယ်။ အိမ်မှာထိုင်နေတဲ့အခါ လက်နက်ကြီးကျတာ။” လို့ ပြောပြပါတယ်။

ရခိုင်ပြည်နယ်အတွင်း၊ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခကြားမှာ အရပ်သားပြည်သူတွေပိုမိုထိခိုက်လာတာအပြင် ရခိုင်ပြည်နယ်အတွင်း စစ်တွေခရိုင်၊ မြောက်ဦးခရိုင်နဲ့ သံတွဲခရိုင်တွေမှာ ကိုဗစ် ၁၉ အတည်ပြုလူနာ ၄၀ကျော်တွေ့ထားတာမို့ ဘူးလေးရာဖရုံဆင့်ဆိုသလိုဖြစ်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရပြီး စစ်ဘေးရှောင်ဘဝသို့ကျရောက်သူဦးရေ (၂) သိန်းနီးပါးရှိနေပြီဖြစ်ကြောင်း အရပ်ဖက်အဖွဲ့ အစည်းတွေရဲ့ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #ရသေ့တောင်

စစ္ေတြခ႐ိုင္အတြင္း လက္နက္ႀကီးက်လို႔ ၃ႏွစ္ကေလးအပါဝင္ေဒသခံ(၅) ဦးဒဏ္ရာရ

စစ္တြ၊ ဩဂုတ္ ၂၃- ၂၀၂၀

ထင္ေအာင္စိုင္း(VOM)

ဩဂုတ္လ ၂၂ ရက္ေန႔ ည ၈ နာရီေလာက္က စစ္ေတြခ႐ိုင္၊ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္ရံသာစည္ေက်း႐ြာက ေနအိမ္တစ္လုံးကို လက္နက္ႀကီးက်ည္က်ၿပီး ေဒသခံျပည္သူ (၅) ဦးဒဏ္ရာရရွိသြားေၾကာင္း သတင္းရရွိပါတယ္။

မေန႔က ညေနပိုင္း ၈ နာရီေလာက္မွာ ရေသ့ေတာင္ၿမိဳ႕နယ္ မညင္းေတာင္ေက်း႐ြာဖက္မွာ ပစ္ခတ္မႈေတြျဖစ္ၿပီးေနာက္ ေက်ာက္ရံသာစည္ေက်း႐ြာသို႔ လက္နက္ႀကီးက်ည္ ႏွစ္လုံးလာေရာက္ေပါက္ကြဲေၾကာင္း ေဒသခံေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေျပာပါတယ္။

ဒဏ္ရာရရွိသူေတြမွာ ေက်ာက္ရံသာစည္ေက်း႐ြာက အသက္ (၄၄) ႏွစ္အ႐ြယ္ ဦးေက်ာ္ေအး ဘယ္ေျခနဲ႔ ညာေျခ လက္နက္ႀကီးက်ည္စ ထိမွန္ဒဏ္ရာ ၊ ေဒၚေအးသန္းႏု အသက္ (၄၀) ဦးေခါင္က်ည္ထိမွန္ဒဏ္ရာ ၊ မခင္ႏွင္းျဖဴ (၁၆) ႏွစ္မွာ ဘယ္ရင္ဘတ္နဲ႔ ညာဖက္ရင္ဘတ္ ဒဏ္ရာ၊ ဦးထြန္းတင္ အသက္ (၃၅) ႏွစ္မွာ ညာဖက္နားထင္မွာ က်ည္ထိမွန္ဒဏ္ရာနဲ႔ အသက္ (၃) ႏွစ္သမီးအ႐ြယ္ ကေလးမွာ ဦးေခါင္းက်ည္စ ထိမွန္ဒဏ္ရာေတြ ရရွိသြားေၾကာင္း သိရပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္ရံသာစည္ေက်း႐ြာသားေဒသခံတစ္ဦးက” ေက်ာက္ရံမွာလက္နက္ႀကီးက်လို႔ ဒဏ္ရာရတဲ့လူေတြကို ထမ္းယူလာၾကပါၿပီ။ ေရဘုတ္႐ြာကို သြားေနၾကပါတယ္။ ဒဏ္ရာရတာကေတာ့ (၅) ေယာက္ပါ။ အခုေလာေလာဆယ္ ရေသ့ေတာင္ေဆး႐ုံကို သြားရမွာေပါ့။ ရေသ့ေတာင္က အဆင္မေျပရင္ စစ္ေတြကို သြားရမယ္။ တိုက္ပြဲျဖစ္တာလည္း မရွိပါဘူး။ မညႇင္းေတာင္႐ြာဖက္က ပစ္လိုက္တာ။ ႐ြာဖက္ေတြကို လွမ္းၿပီးပစ္ေနတယ္။ သြားရလာရတာေတြကလည္း မိုးရာသီလည္းျဖစ္ေတာ့ အဆင္မေျပဘူး။ က်ေနာ္တို႔က တစ္ရက္ရွာမွ တစ္ရက္စားရတဲ့လူေတြပါ။ “ လို႔ ေျပာပါတယ္။

မေန႔က လက္နက္ႀကီးက်ည္က်ၿပီး ဒဏ္ရာရရွိသူေတြထဲမွာ ဦးေက်ာ္ေအးနဲ႔ ေဒၚေအးသန္းႏုတို႔ လင္မယားႏွစ္ေယာက္ဟာ ဒဏ္ရာျပင္းထန္ေၾကာင္း သူကဆက္ေျပာပါတယ္။

ဒီကေန႔ မနက္ ၈ နာရီေလာက္က အဲဒီလက္နက္ႀကီးက်ည္စထိမွန္ဒဏ္ရာရရွိသူေတြကို ရေသ့ေတာင္ေဆး႐ုံကို သယ္ေဆာင္လာေၾကာင္းနဲ႔ ရေသ့ေတာင္ေဆး႐ုံမွာ အဆင္မေျပပါက စစ္ေတြေဆး႐ုံးသို႔ ပို႔မွာျဖစ္ေၾကာင္း ေက်ာက္ရံသာစည္ေက်း႐ြာက ေဒသခံတစ္ဦးကေျပာပါတယ္။

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က” ဒဏ္ရာရတာက (၅) ေယာက္လို႔ၾကားတယ္။ ပစ္ခတ္မႈျဖစ္တာက ၇ နာရီၾကားနဲ႔ ၈ နာရီၾကားမွာ ျဖစ္တာ။ အိမ္မွာလည္း လက္နက္ႀကီးတစ္လုံးက်တာပါတယ္။ အဲဒီ႐ြာက လက္နက္ႀကီးမၾကာမၾကာက်တယ္။ အိမ္မွာထိုင္ေနတဲ့အခါ လက္နက္ႀကီးက်တာ။” လို႔ ေျပာျပပါတယ္။

ရခိုင္ျပည္နယ္အတြင္း၊ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးပဋိပကၡၾကားမွာ အရပ္သားျပည္သူေတြပိုမိုထိခိုက္လာတာအျပင္ ရခိုင္ျပည္နယ္အတြင္း စစ္ေတြခ႐ိုင္၊ ေျမာက္ဦးခ႐ိုင္နဲ႔ သံတြဲခ႐ိုင္ေတြမွာ ကိုဗစ္ ၁၉ အတည္ျပဳလူနာ ၄၀ေက်ာ္ေတြ႕ထားတာမို႔ ဘူးေလးရာဖ႐ုံဆင့္ဆိုသလိုျဖစ္ေနတယ္လို႔ ေဒသခံေတြကဆိုၾကပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးၾကရၿပီး စစ္ေဘးေရွာင္ဘဝသို႔က်ေရာက္သူဦးေရ (၂) သိန္းနီးပါးရွိေနၿပီျဖစ္ေၾကာင္း အရပ္ဖက္အဖြဲ႕ အစည္းေတြရဲ႕ထုတ္ျပန္ထားပါတယ္။

#voiceofmyanmar #VOM #ရေသ့ေတာင္

Related posts

Leave a Comment

VOM News

FREE
VIEW