၇ တန်းနဲ့ ၅ တန်းကျောင်းသူ ၂ ယောက်ကို အသက် ၅၉ နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်

နိုဝင်ဘာ ၄-၂၀၂၀
ကိုတိုးကြီး (VOM)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ထော်နွှတ်ကျေးရွာမှာ ၅ တန်းနဲ့ ၇ တန်းကျောင်းသူ ၂ ယောက်ကို အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ယောက်က အဓမ္မပြုကျင့်ခဲ့တဲ့အတွက် မနေ့ နိုဝင်ဘာ ၂ ရက်က ပိန်းဇလုတ်နယ်မြေရဲစခန်းမှာ ကျောင်းသူ ၂ဦးရဲ့ မိခင်က တရားလိုပြုလုပ်အမှုဖွင့်ပြီး အရေးယူခဲ့တယ်လို့ သိရပါတယ်။

” သက်ငယ် မုဒိမ်းမှုဖြစ်တယ်၊ ပြုကျင့်ခံရတဲ့သူက အသက်မပြည့်သေးတဲ့ ကလေးမ ၂ ယောက်ဖြစ်တယ် ၊ပြုကျင့်သူ တရားခံက ဦးအောင်ကျော် အသက် ၅၉ နှစ် ဆိုသူဖြစ်တယ်၊ အမှုကြီး ဖြစ်စဉ်အမှတ် ၃/၂၀၂၀၊ ရဲစခန်း(ပ) ၆၆/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၇၆ နဲ့ ၁ မှု ၊ အမှုကြီးဖြစ်စဉ်အမှတ် ၄/၂၀၂၀၊ (ပ)၆၇/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆ နဲ့က နောက်၁ မှု မုဒိမ်းမှု ၂ မှုနဲ့ အရေးယူထားတယ်”လို့ ပိန်းဇလုတ်နယ်မြေရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ထော်နွှတ်ကျေးရွာမှာနေတဲ့ အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ တရွာတည်းနေသူ ၅ တန်းကျောင်းသူ တစ်ယောက်နဲ့ ၇ တန်းကျောင်းသူ တစ်ယောက်ကို သူရဲ့ ငှက်ပျောခြံထဲမှာ ငှက်ပျောခိုင် ခုတ်ပေးမယ်လို့ သွေးဆောင်ပြောဆိုပြီး ခေါ်သွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ငှက်ပျောခင်းထဲကို ရောက်တဲ့အခါ ၇ တန်းကျောင်းသူကို ရေချိုးသွားခိုင်းပြီး ၅ တန်းကျောင်းသူကို သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး ၇ တန်းကျောင်းသူကိုလည် ချဉ်ပေါင်ခင်းထဲမှာ သားမယားအဖြစ် ပြုကျင့်ခဲ့တာဖြစ်တယ်လို့ ရဲဌာရဲ့ စစ်ဆေးပေါ်ပေါက်အချက်အရ သိရပါတယ်။

Photo – ပိန်းဇလုတ်နယ်မြေရဲစခန်း
#voiceofmyanmar #VOM #ပိန်းဇလုတ် #ကျောင်းသူ၂ဦး #အဓမ္မပြုကျင့်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW