အမေရိကန်သမ္မတရွေးကောက်ပွဲ အကြိတ်အနယ်ရှိနေချိန် အနိုင်ရပြီလို့ ဒေါ်နယ်ထရန့် အခိုင်အမာပြော

ဝါရှင်တန်၊ နိုဝင်ဘာ-၄-၂၀၂၀ မျိုးဆက် (VOM) လက်ရှိကျင်းပနေတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲဟာ အကြိတ်အနယ်ရှိနေပြီး Electroal Vote လို့ခေါ်တဲ့ ပြည်နယ်ကိုယ်စားပြုမဲတွေကိုရေတွက်ရာ အမေရိကန်ပြည်နယ် ၅၀ က ၄၁ ပြည်နယ်ရဲ့ မဲရလဒ်တွေမှာ ပြိုင်ဘက်သမ္မတလောင်း ဂျိုးဘိုင်ဒန်က ၂၂၄ မဲနဲ့ သမ္မတဒေါ်နယ်ထရန့်က ၂၁၃ မဲရရှိနေပါတယ်။ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်နဲ့ ဒီမိုကရက်တစ်ပြိုင်ဘက် ဂျိုးဘိုင်ဒန်တို့ နှစ်ဦးထဲ့က မဲ၂၇၀ ရရှိသူဟာ သမ္မတဖြစ်လာမှာပါ။ မိမိအနေနဲ့ အကြီးအကျယ်အနိုင်ရပြီး အောင်ပွဲခံဖို့ အသင့်ဖြစ်နေပြီလို့ အိမ်ဖြူတော်မှာပြု လုပ်တဲ့ ထောက်ခံသူတွေနဲ့ တွေ့ဆုံပွဲမှာ ထရန့်က အခိုင်အမာဆိုပါတယ်။ ဒါပေမယ့် ဖလော်ရီဒါ၊ အိုဟိုင်းအိုး၊ ဂျော်ဂျီယာ၊ မြောက်ကယ်ရိုလိုင်းနားတို့လို ဒေါ်နယ်ထရန့်အသာရနိုင်ခြေရှိတဲ့ ပြည်နယ်မဲရလဒ်တွေ ရေတွက်ဖို့ ကျန်နေသေးပြီး ဒီပြည်နယ်တွေကနေ ၉၄ မဲလောက်ရရှိနိုင်တာကြောင့် ဒေါ်နယ်ထရန့် အနေနဲ့ ပြိုင်ဘက်သမ္မတလောင်းကို အသာစီးရယူသွားနိုင်တဲ့ အခြေအနေတွေရှိနေပါတယ်။ အရီဇိုးနား၊…

Read More

Quarantine တဲ့ မဲဆန္ဒရှင်တွေ မဲလက်မှတ်နဲ့ ၆ ပေအကွာက ကြိုတင်မဲပေးရမည်

မြစ်ကြီးနား- နိုဝင်ဘာ၄-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က Quarantine Center တွေမှာ အသွားအလာ ကန့်သတ်ခံထားရသူတွေကို နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး ကြိုတင်မဲပေးခွင့် ပြုခဲ့ပြီး မဲဆန္ဒရှင်တွေဟာ မဲလက်မှတ်နဲ့ ၆ ပေအကွာကနေ မဲပေးရမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးနဲ့ ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသိန်းမြို့တို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။ Quarantine Center က မဲပေးခွင့်ရှိသူတွေကို ကြိုတင်မဲကောက်ယူမှု အနေနဲ့ မြစ်ကြီးနားမြို့နယ်အတွင်း နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်မှာ ကောက်ယူမှာဖြစ်ပြီး ဝိုင်းမော်မြို့နယ် အတွင်းမှာတော့ ၅ ရက်နေ့ကနေ ၇ ရက်အတွင်း ကောက်ယူမယ်လို့ သိရပါတယ်။ အဲ့ဒီလိုမဲပေးတဲ့အခါမှာ ရပ်ကျေးကော်မရှင် တာဝန်ရှိသူတွေ၊ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေနဲ့ စောင့်ကြည့်ရေး…

Read More

ကာချုပ်ရဲ့ ပြောဆိုချက်တွေဟာ ဥပဒေနဲ့ မညီဘူးလို့ သမ္မတရုံးကပြောလိုက်တဲ့အပေါ် တပ်မတော်က ပြန်လည်တုံ့ပြန်

နေပြည်တော်-နိုဝင်ဘာ ၄-၂၀၂၀ တာတီး(VOM) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေါ်ပြူလာနယူးဂျာနယ်နဲ့ မေးမြန်းခန်းမှာ UECကို သတိပေးတဲ့ထုတ်ပြန်ချက်ဟာ ဥပဒေအကြောင်းအရ ညီညွတ်ပါသလားလို့ မေးတဲ့အပေါ် ပြန်လည်ဖြေကြားချက်မှာ “ဘာလို့မညီညွတ်ရမှာလဲ တပ်မတော်က နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတယ်။ အခြေခံဥပဒေကိုကာကွယ်စောင့်ရှောင့်ပေးရမယ်လို့လည်း ပြဋ္ဌာန်းပေးထားတယ်။ အခြေခံဥပဒေအရပဲ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုသွားနေတာ နိုင်ငံတော်ကြီးတည်ဆောက်နေတာ၊ ဒီအပေါ်မှာခိုင်ခိုင်မာမာဖြစ်ဖို့ တပ်မတော်ကပြောဖို့တာဝန်ရှိတယ်၊ ကျွန်တော်တို့မပြောရင် ဘယ်သူပြောမလဲ။ နိုင်ငံတကာကလည်း ကျွန်တော်တို့အပေါ်မှာ တဖြည်းဖြည်းနဲ့ဝေဖန်မှု့ရှိလာပြီ နိုင်ငံရဲ့သိက္ခာဆိုတာရှိပါတယ်။ နိုင်ငံရဲ့သိက္ခာတော့ ကျွန်တော်တို့ အထိခိုက်မခံနိုင်ပါဘူး။ ဒါကိုမဖြစ်စေချင်လို့ ကျွန်တော်ထုတ်ပြောတာ တော်ရုံတန်ရုံ ကျွန်တော်ပြောခဲပါတယ်၊ မဖြစ်စေချင်လို့ ကျွန်တော်သတိပေးတာပါ၊ တာဝန်ယူတာတော့ အစိုးရတာဝန်ယူရလိမ့်မယ်” လို့ ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဒီအပေါ် ဒီကနေ့ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ အခြေခံဥပဒေ နိုင်ငံဥပဒေတွေနဲ့ မညီညွတ်ကြောင်း ခုလို ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ “ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်…

Read More

မကွေးမြို့မှာ ကြိုတင်မဲလာပေးတဲ့ အသက် ၇၀ ကျော် အမျိုးသားကြီးတစ်ဦး ကိုဗစ်ပိုးတွေ့

နိုဝင်ဘာ ၄-၂၀၂၀ ကောင်းလက်ျာ (VOM) မကွေးတိုင်း‌၊ မကွေးမြို့နယ်၊ သိင်္ဂါရပ်ကွက်ရှိ မဲရုံကို ကြိုတင်မဲလာပေးခဲ့တဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသားကြီးတစ်ဦးမှာ Covid-19 ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ မကွေးခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးအောင်သူရကပြောပါတယ်။ ” ဒီကနေ့မနက်က စစ်ဆေးတွေ့ရှိခဲ့တာပါ။ ထိတွေ့သူတွေကို စစ်ဆေးရာမှာ ပိုးမရှိဘူးလို့သိရတယ်၊ ကျန်တဲ့အချက်အလက်ကတော့ ကျန်းမာရေးဘက်ကပဲ သိနိုင်ပါမယ်”လို့ ဦးအောင်သူရကပြောပါတယ်။ သိင်္ဂါရပ်ကွက်၊ မြသီတာလမ်းမှာနေတဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသားကြီးဟာ အောက်တိုဘာလ၂၉ ရက်နေ့က ရပ်ကွက်ကြိုတင်မဲရုံမှာ မဲလာပေးခဲ့ပြီးတဲ့နောက်ပိုင်း လေဖြတ်ဝေဒနာကြောင့် မကွေးတိုင်း‌တိုင်းဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေချိန် Test Kitနဲ့ စစ်ဆေးကြည့်ရာကနေ Covid-19 ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိင်္ဂါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ ” နောက်ကြောင်းရာဇဝင် တိတိကျကျ မသိရသေးဘူး ဖြစ်နေပါတယ်။ ကော်မရှင်ရုံးထိတွေ့သူတွေကို Test Kit နဲ့ စစ်ဆေးတာတော့ နက်ဂတစ်ပါ”လို့…

Read More

ဒေါပုံမြို့နယ်က အိမ်ငှားတွေရဲ့အခက်အခဲကို အကောင်အထည်ဖော်မယ့် ကိုသီဟဝင်း

နိုဝင်ဘာ ၄-၂၀၂၀ ရန်ကုန်တိုင်း ၊ ဒေါပုံမြို့နယ်၊ ပြည်သူ့ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်အမှတ်-၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသီဟဝင်းကို Voice Of Myanmarရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက်ကဏ္ဍကနေ VOMသတင်းထောက် ယဉ်ပပထွန်းက ရိုက်ကူးမေးမြန်းထားတာဖြစ်ပါတယ်။ #voiceofmyanmarr #VOM #ရွေးကောက်ပွဲ #လွှတ်တော်ကိုယ်စားလှယ်လောင်း

Read More

နေပြည်တော်ရှိ တပ်မဲရုံအတွင်းက မဲပုံးလုံခြုံရေးကြိုးပြတ်ထောက်မှု ဖြစ်ပေါ်

နိုဝင်ဘာ ၄-၂၀၂၀ ကိုလတ် (VOM) နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ထဲက တပ်မဲရုံတစ်ခုမှာ ဒီကနေ့မနက်ပိုင်းက မဲပုံးကို ချည်နှောင်ထားတဲ့ လုံခြုံရေးကြိုးပြတ်တောက်နေမှုဖြစ်ပေါ်ခဲ့တဲ့အတွက် တပ်မတော်တာဝန်ရှိသူတွေ၊ UEC တာဝန်ရှိသူတွေနဲ့ မဲရုံကိုယ်စားလှယ်တွေက စစ်ဆေးမှုတွေပြုလုပ်ခဲ့ရပါတယ်။ “ဘယ်လိုကြောင့်ဖြစ်တာလဲဆိုတော့ တွေ့ရှိရတာက လုံခြုံရေးကြိုးတွေမှာ Quality ညံ့တဲ့အပိုင်းတွေတွေ့ရတယ်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ မဲပုံးလုံခြုံရေးကြိုးကို ဖြတ်တာမဟုတ်ဘဲနဲ့ ကြိုးတွေရဲ့ ခိုင်ခံ့မှု အရည်အသွေး မပြည့်မှီမှု၊ နောက်တစ်ခါ မဲပုံးတွေရဲ့ အံ့ဝင်ဂွင်ကျ ပိတ်လိုက်တဲ့အခါမှာ မဲဆန္ဒရှင်တွေရဲ့ မဲစာအိတ်တွေမဆန့်လို့ လှုပ်ထည့်တဲ့အခါမှာ ကြိုးတွေပြတ်တယ်။ သာမန်ဖြစ်ရိုးဖြစ်စဉ် သူ့အလိုအလျှောက်ပြတ်တောက်သွားတယ်လို့ပဲ မြင်ပါတယ်”လို့ ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်သူစိုးကပြောပါတယ်။ အဲ့ဒီမဲရုံမှာ တပ်မတော်သားမိသားစုဝင်တွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကြိုတင်မဲ ပေးသူအရေအတွက်ဟာ နိုဝင်ဘာလ ၃ ရက်နေ့အထိ ၈၀၀ ကျော်ရှိပြီလို့ ပြောပါတယ်။ အခုလက်ရှိမှာတော့ မဲပုံးလုံခြုံရေးကြိုးပြတ်ခဲတာ့ကြောင့် အဲ့ဒီမဲရုံမှာရှိတဲ့ မဲပုံးအားလုံးကို တိတ်တွေနဲ့…

Read More

ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်က NLDပါတီ မဲရုံကိုယ်စားလှယ်ကို ဝိုင်းဝန်းရိုက်နှက်

နိုဝင်ဘာ ၄-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု၊ ဝက်ချောင်းကျေးရွာ အ.မ.ကကျောင်း မဲရုံအမှတ်-၄မှာ မနေ့ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်က NLDပါတီ မဲရုံကိုယ်စားလှယ်ကို ဝိုင်းဝန်းရိုက်နှက်တဲ့ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ” မဲရုံကိုယ်စားလှယ် အချင်းချင်း ရိုက်ကြတာပါ၊ အမှုဖွင်ထားပါတယ်၊ ရဲစခန်း (ပ) ၃၂၅ / ၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၂၅/၃၂၃/ ၅၀၆/၁၁၄ အရ ဖြစ်တယ်”လို့ ကနီမြု့မရဲစခန်းရှိ ရဲဝန်ထမ်းတစ်ယောက်က အတည်ပြုပြောပါတယ်။ ကနီမြို့နယ် NLDပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းနိုင်ရဲ့ မဲရုံကိုယ်စားလှယ်ဟာ အ.မ.ကကျောင်းရှေ့ရှိ အမှတ်-၄ မဲရုံအပြင်ဘက် ဝရမ်တာမှာ ကြိုတင်မဲပေးသူစာရင်းတွေကို ပြုလုပ်နေချိန် ကြိုတင်မဲပေးဖို့ရောက်လာတဲ့ အမျိုးသမီး ၂ဦးကို အသက် ၆၀ မပြည့်သေးတဲ့အတွက် ကြိုတင်မဲပေးလို့မရသေးဘူလို့ ပြောဆိုခဲ့တာကို ပြည်ခိုင်ဖြိုးပါတီရဲ့…

Read More

နမ့်ဆန်မှာ မိမိကိုယ်ကို သစ်ဖြတ်လွှနဲ့ သတ်သေမှုဖြစ်ပွား

နိုဝင်ဘာ ၄-၂၀၂၀ နေနန်းနွယ် (VOM) ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ မန်ခိုက်ရပ်ကွက်၊ နမ့်ဆန်မြို့အဝင် တပေါင်းပွဲခင်း လေယာဉ်ကွင်းအနီးမှာ ဒီကနေ့ မနက်(၆)နာရီဝန်းကျင်က အမျိုးသားတစ်ဦး သစ်ဖြတ်လွှနဲ့ မိမိကိုယ်ကို သတ်သေမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “ သူက သစ်ဖြတ်အလုပ်ကို နားထားတာ(၁၀)ရက်ကျော်ရှိပြီ၊ ခုတလော သူက စိတ်သိပ်မပျော်ဘူးလို့ပြောတယ်။ ကျမတို့ သူ့အတွက် ဗေဒင်ကြည့်ပေးသေးတယ်။ ကျတို့မိသားစုနဲ့ စကားများထားတာလည်း မရှိဘူး၊ ဒီမနက်ကျတော့ သူက အိမ်ကနေထွက်သွားတာ (၃)နာရီကျော် (၄)နာရီဝန်းကျင် လောက်ထင်တယ်။ သူထွက်သွားတဲ့အချိန် ကျမ မသိလိုက်ဘူး၊ ကျမနိုးတော့ သူမရှိတော့ဘူး၊ အဲတာနဲ့ ကျမက ယောက္ခမဆီကို ဖုန်းဆက်အကြောင်းကြားပြီး ကျမတို့လိုက်ရှာကြတာပေါ့။ သူက ညောင်ပင်သာရွာဘက်မှာ အလုပ်သွားလုပ်ဖူးတော့ ကျမက အဲ့ဒီဘက်မှာ သွားရှာတယ်။ ကျမတို့ ယောက္ခမက သူ့ကိုလိုက်ရှာရင်း အခုတွေ့တဲ့နေရာမှာ သူဒီလိုဖြစ်နေတာတွေ့ရတာပါ” လို့…

Read More

လှည်းကူးမြို့နယ်မှာ တံဆိပ်တုံးကြိုတင်ထုပြီးသား မဲလက်မှတ်တွေပါဝင်နေတာဖြစ်ပွားခဲ့

နိုဝင်ဘာ ၄-၂၀၂၀ သူရိန်(VOM) ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ကြိုတင်ဆန္ဒမဲကောက်ခံနေတဲ့ စာအိတ်အတွင်းက ဆန္ဒမဲလက်မှတ်တွေမှာ တံဆိပ်တုံးထုထားတဲ့ ဆန္ဒမဲလက်မှတ်တွေပါဝင်နေတဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ လှည်းကူးမြို့နယ် မဲဆန္ဒနယ်အမှတ်-၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ကိုအောင်မျိုးနိုင်ကပြောပါတယ်။ ” ကျွန်တော်တို့ ဒီကတာဝန်ရှိတဲ့ မဲရုံကိုယ်စားလှယ်တွေထဲကနေ ကျွန်တော်တို့ဆီကို သတင်းပေးပို့လာတယ်။ ဆန္ဒမဲပြုတဲ့နေရာမှာ ပထမစာအိတ်ကြီးထဲက အထဲမှာပါတဲ့ စာအိတ် ၃ အိတ်ကတော့ ရွေးကော်စီစဉ်တဲ့အတိုင်း အဆင်ပြေတယ်၊ နောက်တစ်ကြိမ် ဒေါ်ခင်အုန်းမြင့်အလှည့်ကျတဲ့အချိန်ကျမှာတော့ စာအိတ်ကြီးအထဲက စာအိတ်လေး ၃ အိတ်ထုတ်တယ်။ ပြည်သူ၊ အမျိူးသား၊ တိုင်း ဆိုတဲ့ စာအိတ်ကလေး ၃ အိတ်ကိုဖွင့်တဲ့အချိန်မှာတော့ နှစ်ရွက်က တံဆိပ်တုံးကြိုတင်ပြီး ထုပြီးသားဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကို ကျွန်တော်ရဲ့ မဲရုံကိုယ်စားလှယ်ကနေ လှမ်းပြီးသတင်းပေးပို့တဲ့အပေါ်မှာ ဒါဆိုလို့ရှိရင်တော့ ကန့်ကွက်ရမယ် ဒီလိုမျိူး ရပ်ကျေးကော်မရှင်လက်ထဲကနေ ထွက်လာတဲ့ဒီမဲစာရင်းစာရွက်က ဒီလိုကြိုတင်ထုထားတဲ့ကိစ္စရပ်က ဘယ်သူ့မှာတာဝန်ရှိမလဲ၊ တာဝန်ယူမှု…

Read More

၇ တန်းနဲ့ ၅ တန်းကျောင်းသူ ၂ ယောက်ကို အသက် ၅၉ နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်

နိုဝင်ဘာ ၄-၂၀၂၀ ကိုတိုးကြီး (VOM) ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ထော်နွှတ်ကျေးရွာမှာ ၅ တန်းနဲ့ ၇ တန်းကျောင်းသူ ၂ ယောက်ကို အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ယောက်က အဓမ္မပြုကျင့်ခဲ့တဲ့အတွက် မနေ့ နိုဝင်ဘာ ၂ ရက်က ပိန်းဇလုတ်နယ်မြေရဲစခန်းမှာ ကျောင်းသူ ၂ဦးရဲ့ မိခင်က တရားလိုပြုလုပ်အမှုဖွင့်ပြီး အရေးယူခဲ့တယ်လို့ သိရပါတယ်။ ” သက်ငယ် မုဒိမ်းမှုဖြစ်တယ်၊ ပြုကျင့်ခံရတဲ့သူက အသက်မပြည့်သေးတဲ့ ကလေးမ ၂ ယောက်ဖြစ်တယ် ၊ပြုကျင့်သူ တရားခံက ဦးအောင်ကျော် အသက် ၅၉ နှစ် ဆိုသူဖြစ်တယ်၊ အမှုကြီး ဖြစ်စဉ်အမှတ် ၃/၂၀၂၀၊ ရဲစခန်း(ပ) ၆၆/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၇၆ နဲ့ ၁ မှု ၊ အမှုကြီးဖြစ်စဉ်အမှတ် ၄/၂၀၂၀၊ (ပ)၆၇/၂၀၂၀၊ ရာဇသတ်ကြီး…

Read More
VOM News

FREE
VIEW