ကာချုပ်ရဲ့ ပြောဆိုချက်တွေဟာ ဥပဒေနဲ့ မညီဘူးလို့ သမ္မတရုံးကပြောလိုက်တဲ့အပေါ် တပ်မတော်က ပြန်လည်တုံ့ပြန်

နေပြည်တော်-နိုဝင်ဘာ ၄-၂၀၂၀
တာတီး(VOM)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေါ်ပြူလာနယူးဂျာနယ်နဲ့ မေးမြန်းခန်းမှာ UECကို သတိပေးတဲ့ထုတ်ပြန်ချက်ဟာ ဥပဒေအကြောင်းအရ ညီညွတ်ပါသလားလို့ မေးတဲ့အပေါ် ပြန်လည်ဖြေကြားချက်မှာ
“ဘာလို့မညီညွတ်ရမှာလဲ တပ်မတော်က နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတယ်။ အခြေခံဥပဒေကိုကာကွယ်စောင့်ရှောင့်ပေးရမယ်လို့လည်း ပြဋ္ဌာန်းပေးထားတယ်။ အခြေခံဥပဒေအရပဲ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုသွားနေတာ နိုင်ငံတော်ကြီးတည်ဆောက်နေတာ၊ ဒီအပေါ်မှာခိုင်ခိုင်မာမာဖြစ်ဖို့ တပ်မတော်ကပြောဖို့တာဝန်ရှိတယ်၊ ကျွန်တော်တို့မပြောရင် ဘယ်သူပြောမလဲ။ နိုင်ငံတကာကလည်း ကျွန်တော်တို့အပေါ်မှာ တဖြည်းဖြည်းနဲ့ဝေဖန်မှု့ရှိလာပြီ နိုင်ငံရဲ့သိက္ခာဆိုတာရှိပါတယ်။ နိုင်ငံရဲ့သိက္ခာတော့ ကျွန်တော်တို့ အထိခိုက်မခံနိုင်ပါဘူး။ ဒါကိုမဖြစ်စေချင်လို့ ကျွန်တော်ထုတ်ပြောတာ တော်ရုံတန်ရုံ ကျွန်တော်ပြောခဲပါတယ်၊ မဖြစ်စေချင်လို့ ကျွန်တော်သတိပေးတာပါ၊ တာဝန်ယူတာတော့ အစိုးရတာဝန်ယူရလိမ့်မယ်” လို့ ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဒီအပေါ် ဒီကနေ့ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ အခြေခံဥပဒေ နိုင်ငံဥပဒေတွေနဲ့ မညီညွတ်ကြောင်း ခုလို ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

“ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး ဝိုင်းဝန်းဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုများကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လစ်လျူရှုထားမှာ မဟုတ်ပါဘူး။ တပ်မတော်ရဲ့ ယခုထုတ်ပြန်ချက်ဟာ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ်တစ်ချို့ရဲ့ တိကျရေရာတဲ့၊ သေချာမှု မရှိတဲ့ ပြောကြားချက်များအပေါ် အခြေခံထားပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အထောက်အကူ မဖြစ်စေဘဲ စိုးရိမ်စိတ်တွေ၊ မတည်ငြိမ်မှုတွေ ဖြစ်စေရေးကို အားပေးရာ ရောက်ပါတယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ပေါ်ပြူလာ မဂ္ဂဇင်းတို့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပြချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံဥပဒေများရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုမရှိပါဘူး။

၂၀၁၈ ခုနှစ်၊ ဖွဲစည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ(၂၆)၊ ပုဒ်မခွဲ(က) အရ ” နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနဲ့ ကင်းရှင်ရမယ်” လို့ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံဝန်ထမ်းဥပေး၊ ပုဒ်မ (၁)၊ ပုမခွဲ(င) အရ ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည် းတစ်ရပ်ရပ်၏ ဖွဲ့စည်းပအုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ထားခြင်း ခံရသည့် နိုင်ငံဝန်းထမ်းများကို ဆိုလိုသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်များသည် နိုင်ငံဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘောသဘာဝနှင့် တာဝန်တို့အရ ဤဥပဒေပါ ကိစ္စရပ်များနှင့် အကြုံးဝင်ခြင်း မရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်” ဆိုတာကို သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ခုလို သမ္မတရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဋ္ဌေးကပြောဆိုတဲ့အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM က ဆက်သွယ်မေးကြည့်ရာမှာတော့
” ဥပဒေနဲ့ ကိုက်ညီတယ်မကိုက်ညီဘူးဆိုတာကတော့ ကျနော်တို့အနေနဲ့ကတော့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေတခုလုံးရဲ့အနှစ်သာရက အခန်း ၁ပဲ နိုင်ငံတော်ရဲ့အခြေခံဥပဒေမူများဘဲ အခြေခံမူများထဲမှာကတော့ ပုဒ်မ၆(စ)အရ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်ကပါဝင်ရမယ်ပါတယ်။ အခန်း(၁)က အခြေခံဥပဒေ အခန်း ၂၀(င)နဲ့ (စ) အရ ဒို့တာဝန်အရေးကာကွယ်စောင့်ရှောက်ဖို့
ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်ဖို့လို့ ပါတယ်။ ဒါ့ကြောင့်မို့ ကျနော်တို့ရဲ့ထုတ်ပြန်ချက်တွေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ပေါ်ပြူလာနယူးနဲ့ပြောတဲ့ဟာတွေသည်
ပါတီနိုင်ငံရေးတခုမှမပါ အမျိုးသားနိုင်ငံရေးတွေဘဲ တကယ့်နိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ပြောခဲ့တာတွေဖြစ်တယ်။ ပြောရမယ့်တာဝန်ရှိတယ် ဘာ့ကြောင့်လဲဆိုရင် ဖွဲ့စည်းပုံကိုချိုးဖေါက်နေတာတွေကို ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်ဖို့အဓိကတာဝန်ရှိတာကြောင့် ပြောဖို့အသိပေးဖို့တာဝန်ရှိတယ်” လို့ ဖြေကြားခဲ့ပါတယ်။

ခုလို တပ်မတော်နဲ့ အစိုးရ တဖက်နဲ့တဖက် တုံ့ပြန်ပြောဆိုနေတာတွေဟာ တပ်နဲ့ အစိုးရ သဘောထား မတူညီမှုတွေဖြစ်နေပြီလားဆိုပြီး နိုင်ငံရေးလေ့လာသူတွေကြားမှာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
#voiceofmyanmar #VOM #တပ်မတော်သတင်းမှန်ပြန်ကြားရေးဖွဲ့ #သမ္မတရုံး #ဦးဇော်ဌေး

zawgy

ကာခ်ဳပ္ရဲ႕ ေျပာဆိုခ်က္ေတြဟာ ဥပေဒနဲ႔ မညီဘူးလို႔ သမၼတ႐ုံးကေျပာလိုက္တဲ့အေပၚ တပ္မေတာ္ကလည္း ျပန္လည္တုံ႔ျပန္

ေနျပည္ေတာ္-ႏိုဝင္ဘာ ၄-၂၀၂၀
တာတီး(VOM)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေပၚျပဴလာနယူးဂ်ာနယ္နဲ႔ ေမးျမန္းခန္းမွာ UECကို သတိေပးတဲ့ထုတ္ျပန္ခ်က္ဟာ ဥပေဒအေၾကာင္းအရ ညီၫြတ္ပါသလားလို႔ ေမးတဲ့အေပၚ ျပန္လည္ေျဖၾကားခ်က္မွာ
“ဘာလို႔မညီၫြတ္ရမွာလဲ တပ္မေတာ္က ႏိုင္ငံေတာ္ကိုကာကြယ္ေစာင့္ေရွာက္ဖို႔တာဝန္ရွိတယ္။ အေျခခံဥပေဒကိုကာကြယ္ေစာင့္ေရွာင့္ေပးရမယ္လို႔လည္း ျပ႒ာန္းေပးထားတယ္။ အေျခခံဥပေဒအရပဲ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းကိုသြားေနတာ ႏိုင္ငံေတာ္ႀကီးတည္ေဆာက္ေနတာ၊ ဒီအေပၚမွာခိုင္ခိုင္မာမာျဖစ္ဖို႔ တပ္မေတာ္ကေျပာဖို႔တာဝန္ရွိတယ္၊ ကြၽန္ေတာ္တို႔မေျပာရင္ ဘယ္သူေျပာမလဲ။ ႏိုင္ငံတကာကလည္း ကြၽန္ေတာ္တို႔အေပၚမွာ တျဖည္းျဖည္းနဲ႔ေဝဖန္မႈ႕ရွိလာၿပီ ႏိုင္ငံရဲ႕သိကၡာဆိုတာရွိပါတယ္။ ႏိုင္ငံရဲ႕သိကၡာေတာ့ ကြၽန္ေတာ္တို႔ အထိခိုက္မခံႏိုင္ပါဘူး။ ဒါကိုမျဖစ္ေစခ်င္လို႔ ကြၽန္ေတာ္ထုတ္ေျပာတာ ေတာ္႐ုံတန္႐ုံ ကြၽန္ေတာ္ေျပာခဲပါတယ္၊ မျဖစ္ေစခ်င္လို႔ ကြၽန္ေတာ္သတိေပးတာပါ၊ တာဝန္ယူတာေတာ့ အစိုးရတာဝန္ယူရလိမ့္မယ္” လို႔ ျပန္လည္ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။
ဒီအေပၚ ဒီကေန႔ ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက သတင္းစာရွင္းလင္းပြဲမွာ အေျခခံဥပေဒ ႏိုင္ငံဥပေဒေတြနဲ႔ မညီၫြတ္ေၾကာင္း ခုလို ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

“ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရးအတြက္ တစ္ႏိုင္ငံလုံး ဝိုင္းဝန္းေဆာင္႐ြက္ရမယ့္ အခ်ိန္ျဖစ္ပါတယ္။ အျပဳသေဘာေဆာင္တဲ့ ေဝဖန္ေထာက္ျပမႈမ်ားကိုလည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က လစ္လ်ဴရႈထားမွာ မဟုတ္ပါဘူး။ တပ္မေတာ္ရဲ႕ ယခုထုတ္ျပန္ခ်က္ဟာ ႏိုင္ငံေရးပါတီနဲ႔ လူပုဂၢိဳလ္တစ္ခ်ိဳ႕ရဲ႕ တိက်ေရရာတဲ့၊ ေသခ်ာမႈ မရွိတဲ့ ေျပာၾကားခ်က္မ်ားအေပၚ အေျခခံထားပါတယ္။ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ေျမာက္ေရးကို အေထာက္အကူ မျဖစ္ေစဘဲ စိုးရိမ္စိတ္ေတြ၊ မတည္ၿငိမ္မႈေတြ ျဖစ္ေစေရးကို အားေပးရာ ေရာက္ပါတယ္။ တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ေပၚျပဴလာ မဂၢဇင္းတို႔ ေတြ႕ဆုံေမးျမန္းခန္းမွာ ေျပာျပခ်က္ေတြက ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ ႏိုင္ငံဥပေဒမ်ားရဲ႕ အႏွစ္သာရနဲ႔ ကိုက္ညီမႈမရွိပါဘူး။

၂၀၁၈ ခုႏွစ္၊ ဖြဲစည္းပုံအေျခခံ ဥပေဒ၊ ပုဒ္မ(၂၆)၊ ပုဒ္မခြဲ(က) အရ ” ႏိုင္ငံ့ဝန္ထမ္းမ်ားသည္ ပါတီႏိုင္ငံေရးနဲ႔ ကင္းရွင္ရမယ္” လို႔ ျပ႒ာန္းထားပါတယ္။ ႏိုင္ငံဝန္ထမ္းဥေပး၊ ပုဒ္မ (၁)၊ ပုမခြဲ(င) အရ ဝန္ထမ္းဆိုသည္မွာ ဝန္ထမ္းအဖြဲ႕အစည္ းတစ္ရပ္ရပ္၏ ဖြဲ႕စည္းပအုံပါ ရာထူးတစ္ခုခုတြင္ ခန႔္အပ္ထားျခင္း ခံရသည့္ ႏိုင္ငံဝန္းထမ္းမ်ားကို ဆိုလိုသည္။ တပ္မေတာ္သားမ်ားႏွင့္ ျမန္မာႏိုင္ငံရဲ႕တပ္ဖြဲ႕ဝင္မ်ားသည္ ႏိုင္ငံဝန္ထမ္းမ်ားျဖစ္ေသာ္လည္း ယင္းတို႔၏ လုပ္ငန္းသေဘာသဘာဝႏွင့္ တာဝန္တို႔အရ ဤဥပေဒပါ ကိစၥရပ္မ်ားႏွင့္ အႀကဳံးဝင္ျခင္း မရွိေစရလို႔ ျပ႒ာန္းထားပါတယ္” ဆိုတာကို သမၼတ႐ုံး သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ခုလို သမၼတ႐ုံး ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးေဇာ္ေ႒းကေျပာဆိုတဲ့အေပၚ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဥကၠ႒ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို VOM က ဆက္သြယ္ေမးၾကည့္ရာမွာေတာ့
” ဥပေဒနဲ႔ ကိုက္ညီတယ္မကိုက္ညီဘူးဆိုတာကေတာ့ က်ေနာ္တို႔အေနနဲ႔ကေတာ့၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာမွာ ဖြဲ႕စည္းပုံအေျခခံ ဥပေဒတခုလုံးရဲ႕အႏွစ္သာရက အခန္း ၁ပဲ ႏိုင္ငံေတာ္ရဲ႕အေျခခံဥပေဒမူမ်ားဘဲ အေျခခံမူမ်ားထဲမွာကေတာ့ ပုဒ္မ၆(စ)အရ အမ်ိဳးသားႏိုင္ငံေရးဦးေဆာင္မႈအခန္းက႑မွာ တပ္မေတာ္ကပါဝင္ရမယ္ပါတယ္။ အခန္း(၁)က အေျခခံဥပေဒ အခန္း ၂၀(င)နဲ႔ (စ) အရ ဒို႔တာဝန္အေရးကာကြယ္ေစာင့္ေရွာက္ဖို႔
ဖြဲ႕စည္းပုံအေျခခံဥပေဒကိုကာကြယ္ဖို႔လို႔ ပါတယ္။ ဒါ့ေၾကာင့္မို႔ က်ေနာ္တို႔ရဲ႕ထုတ္ျပန္ခ်က္ေတြ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ေပၚျပဴလာနယူးနဲ႔ေျပာတဲ့ဟာေတြသည္
ပါတီႏိုင္ငံေရးတခုမွမပါ အမ်ိဳးသားႏိုင္ငံေရးေတြဘဲ တကယ့္ႏိုင္ငံမွာျဖစ္ေပၚေနတဲ့ အေျခအေနေတြကို ေျပာခဲ့တာေတြျဖစ္တယ္။ ေျပာရမယ့္တာဝန္ရွိတယ္ ဘာ့ေၾကာင့္လဲဆိုရင္ ဖြဲ႕စည္းပုံကိုခ်ိဳးေဖါက္ေနတာေတြကို က်ေနာ္တို႔က ဖြဲ႕စည္းပုံအေျခခံဥပေဒကိုကာကြယ္ဖို႔အဓိကတာဝန္ရွိတာေၾကာင့္ ေျပာဖို႔အသိေပးဖို႔တာဝန္ရွိတယ္” လို႔ ေျဖၾကားခဲ့ပါတယ္။

ခုလို တပ္မေတာ္နဲ႔ အစိုးရ တဖက္နဲ႔တဖက္ တုံ႔ျပန္ေျပာဆိုေနတာေတြဟာ တပ္နဲ႔ အစိုးရ သေဘာထား မတူညီမႈေတြျဖစ္ေနၿပီလားဆိုၿပီး ႏိုင္ငံေရးေလ့လာသူေတြၾကားမွာ ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။
#voiceofmyanmar #VOM #တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးဖြဲ႕ #သမၼတ႐ုံး #ဦးေဇာ္ေဌး

 

Related posts

Leave a Comment

VOM News

FREE
VIEW