နေပြည်တော်ရှိ တပ်မဲရုံအတွင်းက မဲပုံးလုံခြုံရေးကြိုးပြတ်ထောက်မှု ဖြစ်ပေါ်

နိုဝင်ဘာ ၄-၂၀၂၀
ကိုလတ် (VOM)

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ထဲက တပ်မဲရုံတစ်ခုမှာ ဒီကနေ့မနက်ပိုင်းက မဲပုံးကို ချည်နှောင်ထားတဲ့ လုံခြုံရေးကြိုးပြတ်တောက်နေမှုဖြစ်ပေါ်ခဲ့တဲ့အတွက် တပ်မတော်တာဝန်ရှိသူတွေ၊ UEC တာဝန်ရှိသူတွေနဲ့ မဲရုံကိုယ်စားလှယ်တွေက စစ်ဆေးမှုတွေပြုလုပ်ခဲ့ရပါတယ်။

“ဘယ်လိုကြောင့်ဖြစ်တာလဲဆိုတော့ တွေ့ရှိရတာက လုံခြုံရေးကြိုးတွေမှာ Quality ညံ့တဲ့အပိုင်းတွေတွေ့ရတယ်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ မဲပုံးလုံခြုံရေးကြိုးကို ဖြတ်တာမဟုတ်ဘဲနဲ့ ကြိုးတွေရဲ့ ခိုင်ခံ့မှု အရည်အသွေး မပြည့်မှီမှု၊ နောက်တစ်ခါ မဲပုံးတွေရဲ့ အံ့ဝင်ဂွင်ကျ ပိတ်လိုက်တဲ့အခါမှာ မဲဆန္ဒရှင်တွေရဲ့ မဲစာအိတ်တွေမဆန့်လို့ လှုပ်ထည့်တဲ့အခါမှာ ကြိုးတွေပြတ်တယ်။ သာမန်ဖြစ်ရိုးဖြစ်စဉ် သူ့အလိုအလျှောက်ပြတ်တောက်သွားတယ်လို့ပဲ မြင်ပါတယ်”လို့ ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်သူစိုးကပြောပါတယ်။

အဲ့ဒီမဲရုံမှာ တပ်မတော်သားမိသားစုဝင်တွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကြိုတင်မဲ ပေးသူအရေအတွက်ဟာ နိုဝင်ဘာလ ၃ ရက်နေ့အထိ ၈၀၀ ကျော်ရှိပြီလို့ ပြောပါတယ်။

အခုလက်ရှိမှာတော့ မဲပုံးလုံခြုံရေးကြိုးပြတ်ခဲတာ့ကြောင့် အဲ့ဒီမဲရုံမှာရှိတဲ့ မဲပုံးအားလုံးကို တိတ်တွေနဲ့ ပိတ်စည်းထားရတာကိုလည် တွေ့ရှိခဲ့ရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #တပ်မဲရုံမဲပုံး #လုံခြုံရေးကြိုးပြတ်

Related posts

Leave a Comment

VOM News

FREE
VIEW