မြန်မာ့အရေးဆွေးနွေးဖို့ န.စ.အကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထိုင်းနိုင်ငံရောက်နေ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၄-၂၀၂၁
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် သံတမန်ရေးရာ အားထုတ်မှုအဖြစ် န.စ.အကောင်စီက ခန့်အပ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထိုင်းနိုင်ငံကို ရောက်နေတယ်လို့ ထိုင်းအစိုးရသတင်းရင်းမြစ်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အာဆီယံနိုင်တွေနဲ့အတူ မြန်မာ့အရေး အဖြေရှာ ဆွေးနွေးဖို့အတွက် ဦးဝဏ္ဏမောင်လွင်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၂၄ရက်နေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့တာလို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာစစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အစောပိုင်းမှာ စီစဉ်ထားပေမယ့် မြန်မာနိုင်ငံကို မလာဖြစ်တော့ဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဒီနေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

Ref :Jerusalem post
Photo: Wikipedia

Related posts

✕
VOM News

FREE
VIEW