မူဆယ်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ဆန္ဒပြသူ ၄ဦးကို ရုံးထုတ်စစ်ဆေး

ဖေဖော်ဝါရီလ ၂၄၊ ၂၀၂၁ Shayi Violin( VOM) မူဆယ်မြို့နယ်မှာ စစ်အာဏာရှင် စနစ်ကိုဆန့်ကျင်ဆန္ဒပြခဲ့သူ လေးဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှုဖွင့်အရေးယူကာ ဖေဖော်ဝါရီ ၂၃ရက်နေ့က Video Conferencing ဖြင့် ရုံးထုတ်ခဲ့ကြောင်း မူဆယ်မြို့နယ်တရားရုံးကနေ သိရပါတယ်။ ဒီအမှုကို အခမဲ့လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြူဖြူဝင်းက ” ပုဒ်မ ၂၅နဲ့အမှုဖွင့် တရားစွဲတာ ၅ယောက်ပါ ဒီနေ့ လေးယောက်ပဲ ရုံးထုတ်တယ် တစ်ဦးတော့မပါဘူး ဒါကလည်း ဖမ်းဆီးခံရတဲ့နေ့နဲ့တရားစွဲဆိုရာမှာ ရက်ကွာနေလို့ပါ”ဟု VOMကို ပြောပါတယ်။ ဖမ်းဆီးတရားစွဲဆိုခံရသူများမှာ NLDပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းထွန်းကိုကိုနဲ့ ဆန္ဒပြရာတွင်ပါဝင်သူသုံးဦးဖြစ်ပြီး ဖေဖော်ဝါရီ ၉ရက်နေ့က ဖမ်းဆီခံခဲ့ရပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ကြောင်း ရှင်းပြပါတယ်။ မူဆယ်မြို့နယ်တွင်…

Read More

ပြည်မြို့ အာဏာရှင်ကိုအလိုမရှိကြောင်း ဆန္ဒပြမှု လူအင်အား ရာဂဏန်းလောက်သာရှိ

ဖေဖော်ဝါရီလ ၂၄-၂၀၂၁ သိင်္ဂီထွန်း(VOM) အာဏာရှင်အလိုမရှိကြောင်း ပြည်မြို့က ဆန္ဒပြပွဲ ၁၈ ရက်မြောက်နေ့အဖြစ် ဒီနေ့‌ ဖေဖော်ဝါရီ ၂၄ရက်နေ့မှာ ပြည်သူလူထုက ဆန္ဒပြမှုတွေ ဆက်လုပ်နေပေမယ့် ဆန္ဒပြလူအင်အားကတော့ လျော့နည်းသွားပြီး ရာဂဏန်းလောက်ပဲ ရှိတာကိုတွေ့ရပါတယ်။ ဒီနေ့ ပြည်မြို့ ဆန္ဒပြမှုမှာ လမ်းလျှောက်ဆန္ဒပြသပိတ်စစ်ကြောင်း တစ်ခုသာရှိပြီး ဘူတာကြီးနဲ့ ကျောက်ရုပ်အရှေ့မှာ CDM ကိုထောက်ခံကြောင်း ဝန်ထမ်းအားလုံးပါဝင်ဖို့ အထိုင်သပိတ် ဆန္ဒပြတဲ့အဖွဲ့၊ ပလက်ဖောင်းပေါ်မှာ အထိုင်သပိတ်ပြနေတဲ့အဖွဲ့၊ သိုးမွေးဝါသနာရှင်တချို့က သိုးမွေးထိုးရင် ထိုင်သပိတ်ပြုလုပ်နေကြပါတယ်။ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ပြည်သူတွေကပဲ ထမင်းဗူးတွေ၊ အဆာပြေမုန့်တွေ လိုက်လံပေးဝေနေတာကိုလည်း တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #ပြည်မြို့ #၁၈ရက်မြောက်နေ့ #လူနည်း

Read More

ဖမ်းဆီးခံ ရဲတပ်သားနှစ်ဦးအတွက် မိဘတွေစိုးရိမ်နေ

ဖေဖော်ဝါရီ ၂၄-၂၀၂၁ KA စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးခံထားရတဲ့ ကြံခင်းမြို့က ရဲတပ်ဖွဲ့ညီအစ်ကို ၂ဦးကို ပုသိမ်ကို လွှဲပို့လိုက်တယ်လို့ သတင်းရပေမယ့် တွေ့ခွင့်မရတာကြောင့် မိဘတွေ စိုးရိမ်နေကြပါတယ်။ ဖခင်ဖြစ်သူဦးသန့်စင်က “ပုသိမ်ကတိုင်းရဲရုံးအချုပ်မှာ ၂ ရက်ပဲထားတယ်လို့ ပြောတယ်။ ဘယ်ကိုပို့လိုက်လဲမသိဘူးဆိုတော့ ကျွန်တော့်သားတွေအတွက် အရမ်းစိုးရိမ်နေရပါတယ်”လို့ ပြောပါတယ်။ ကြံခင်းမြို့မစခန်းက ရဲတပ်သား သူရိန်လင်းနဲ့ ရဲဒုတပ်ကြပ် တာယာလင်းတို့ ညီအစ်ကိုနှစ်ဦးဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တယ်လို့ လူမှုကွန်ယက်မှာတင်ခဲ့လို့ ဖမ်းဆီးခံနေရတာပါ။ ဖေဖော်ဝါရီ ၃ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး သားတွေနဲ့မတွေ့ရတာ ရက်၂၀ကျော်နေတဲ့အတွက် စိတ်ပူနေရတယ်လို့ မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်စိုးကပြောပါတယ်။ သားအကြီးဖြစ်တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်ရှိနေပြီး သားအငယ် ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ရခိုင်ပြည်နယ်ကတိုက်ပွဲတစ်ခုမှာ နိုင်ငံတော်က ဒုတပ်ကြပ်ရာထူး ချီးမြှင့်ခံခဲ့ရသူတွေလို့ သိရပါတယ်။ #VoiceOfMyanmar #VOM…

Read More

တောင်ငူမြို့က ဒီကနေ့ ဆန္ဒပြမှု

ဖေဖော်ဝါရီ ၂၄-၂၀၂၁ ကောင်း‌လက်ျာ(VOM) ဒီနေ့ ဖေဖော်ဝါရီ ၂၄ရက်နေ့ မနက် ၉ နာရီကျော်က‌ တောင်ငူမြို့မှာ ပညာရေးဌာန၊ လျှပ်စစ်ဌာနနဲ့ ဂီတချစ်သူများအဖွဲ့ဟာ ဒေသခံပြည်သူတွေနဲ့ပူး‌ပေါင်းပြီး အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #တောင်ငူ #ဆန္ဒပြ

Read More

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို မူလရာထူးအတိုင်း န-စ-အ ကောင်စီမှာ ပြန်လည်ခန့်ထား

ဖေဖော်ဝါရီ ၂၄ -၂၀၂၁ အရင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို မူလရာထူးအတိုင်း ညွန်ကြားရေးမှူးချုပ်အဖြစ် န-စ-အ ကောင်စီမှာ ပြန်လည်ခန့်ထားလိုက်တယ်လို့ န-စ-အ ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ #voiceofmyanmar #VOM #ဦးဇော်ဌေး

Read More

မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာပိတ်ပင်ဖို့ ကုလသမဂ္ဂကို ကမ်ဘာတစ်ဝန်းရှိ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၄-၂၀၂၁ မျိုးဆက် (VOM) ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်ဘက်ကို ကမ်ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ဖို့အတွက် Fortify Rights နဲ့ နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့ ၁၃၆ ဖွဲ့က လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို အိပ်ဖွင့်ပေးစာတစ်စောင်တစ်စောင်ပေးပို့ပြီး ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်ဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုပြုနေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအပေါ် ကာလကြာရှည်အရေးမယူခဲ့တာတွေကို ချိုးဖျက်ပြီး ဒီကိစ္စအပေါ် ချက်ချင်းတုန့်ပြန် ဆောင်ရွက်သင့်တယ်လို့ Fortify Rights အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် မက်သရူးစမစ္က ပြောပါတယ်။ မြန်မာစစ်တပ်ကို လက်နက်မရောင်းချရေး တောင်းဆိုတဲ့ အိပ်ဖွင့်ပေးစာကို နိုင်ငံပေါင်း ၃၀ ကလူ့အခွင့်အရေးအဖွဲ့တွေက ပါဝင်လက်မှတ်ထိုးခဲ့ပြီး Fortify Rights ၊ Human Rights Watch နဲ့ အခြားလူ့အခွင့်အရေးအဖွဲ့များစွာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ မြန်မာနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဒါဇင်များစွာအပြင် ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေပါ…

Read More

ကလေးမြို့မှာ ထိုင်သပိတ်ပြုလုပ်ဆန္ဒပြ

ဖေဖော်ဝါရီ ၂၄ -၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ စစ်ကောင်စီကို ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ ဗိုလ်ချုပ်လမ်းပေါ်မှာ ပြည်သူလူထုတစ်ထောင်ကျော်ဟာ ဒီနေ့မနက်က ထိုင်သပိတ်ဆင်နွှဲကာ ဆန္ဒပြကြပါတယ်။ အရင်နေ့တွေက စီတန်းလှည့်လည်ဆန္ဒပြတာပဲ ဆက်တိုက်ပြုလုပ်ခဲ့ပေမယ့် ဒီနေ့မှာတော့ထိုင်သပိတ်ကို ၁ နာရီကျော်ကြာအောင် ဆင်နွှဲခဲ့ကြသလို စီတန်းလှည့်လည်တာကိုတော့ လမ်းခရီးတိုတိုပဲ သွားလာဆန္ဒပြခဲ့ကြပါတယ်။ #voiceofmyanmar #VOM #ကလေးမြို့

Read More

စစ်အာဏာရှင် ဆန့်ကျင်ကြောင်း စစ်ကိုင်းမြို့မ ဈေးရှေ့မှာ ထိုင်သပိတ်ပြုလုပ်

စစ်ကိုင်း ဖေဖော်ဝါရီ ၂၄ ဓါတ်ပုံ MTY တပ်မတော်အာဏာရယူထားမှုကို ဆန့်ကျင်တဲ့ အနေနဲ့ စစ်ကိုင်းမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် ၊နံနက်ပိုင်းမှာ လူအင်းအား (၁၀၀၀၀) ခန့်က စစ်ကိုင်းမြို့မဈေးရှေ့မှာ ထိုင်သပိတ် ပြုလုပ်ပြီး မြို့တွင်း စီတန်းလှည့်လည် ဆန္ဒထုတ် ဖော်ခဲ့ပါတယ်။ #voiceofmyanmar #VOM #စစ်ကိုင်း

Read More

န.စ.အ ကောင်စီခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ရပ်ကွက်အတော်များများမှာ ပြည်သူတွေကန့်ကွက်

ဖေဖော်ဝါရီ ၂၄-၂၀၂၁ ခွန်ခမ့်သူ(VOM) ကရင်ပြည်နယ်၊ ဘားအံမြို့မှာ န.စ.အကောင်စီက ခန့်အပ်တာဝန်ပေးလိုက်တဲ့ အုပ်ချုပ်ရေးမှူးတွေကို အလိုမရှိတဲ့အတွက် ပြည်သူတွေက အုပ်ချုပ်ရေးမှုးရုံးရှေ့တွေမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် မနက် ၁၀ နာရီက ကြွေးကြော်သံနဲ့အတူ သံပုံးတီး ဆန္ဒပြကန့်ကွက်နေကြပါတယ်။ ဖေဖော်ဝါရီ ၁ရက်နေ့မှာ တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီကနေ ရွေးချယ်ခန့်အပ်တာဝန်ပေးလိုက်တဲ့ အုပ်ချုပ်ရေးမှူးတွေကို အများပြည်သူဆန္ဒနဲ့ ရွေးချယ်တင်မြောက်တာ မဟုတ်တဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေက ဆန္ဒပြကန့်ကွက်နေတာပါ။ ရပ်ကွက်နေပြည်သူ ဒေါ်နန်းငွေမိုးလှိုင်က “သူတို့ဟာ သူတို့ခန့်အပ်လိုက်တယ်။ လူထုဆန္ဒမပါဘူး။ ရပ်ကွက်သူ ရပ်ကွက်သား ခန့်အပ်ထားတဲ့သူကိုပဲ အလိုရှိတယ် ” လို့ ဆိုပါတယ်။ ဆန္ဒပြရပ်ကွက်သူတစ်ဦးကလည်း အများပြည်သူ မကြိုက်နှစ်သက်တဲ့အတွက် သူ့အနေနဲ့လည်း မကြိုက်ဘဲ ပြည်သူက ရွေးချယ်တဲ့ အုပ်ချုပ်ရေးမှူးကိုပဲ လက်ခံမယ် လို့ဆိုပါတယ်။ ကရင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၂၀၀၀ ကျော်ရှိပြီး၊…

Read More
VOM News

FREE
VIEW