မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာပိတ်ပင်ဖို့ ကုလသမဂ္ဂကို ကမ်ဘာတစ်ဝန်းရှိ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၄-၂၀၂၁
မျိုးဆက် (VOM)

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်ဘက်ကို ကမ်ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ဖို့အတွက် Fortify Rights နဲ့ နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့ ၁၃၆ ဖွဲ့က လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို အိပ်ဖွင့်ပေးစာတစ်စောင်တစ်စောင်ပေးပို့ပြီး ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုပြုနေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအပေါ် ကာလကြာရှည်အရေးမယူခဲ့တာတွေကို ချိုးဖျက်ပြီး ဒီကိစ္စအပေါ် ချက်ချင်းတုန့်ပြန် ဆောင်ရွက်သင့်တယ်လို့ Fortify Rights အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် မက်သရူးစမစ္က ပြောပါတယ်။

မြန်မာစစ်တပ်ကို လက်နက်မရောင်းချရေး တောင်းဆိုတဲ့ အိပ်ဖွင့်ပေးစာကို နိုင်ငံပေါင်း ၃၀ ကလူ့အခွင့်အရေးအဖွဲ့တွေက ပါဝင်လက်မှတ်ထိုးခဲ့ပြီး Fortify Rights ၊ Human Rights Watch နဲ့ အခြားလူ့အခွင့်အရေးအဖွဲ့များစွာ ပါဝင်ခဲ့ပါတယ်။

အဲ့ဒီအထဲမှာ မြန်မာနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဒါဇင်များစွာအပြင် ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေပါ ပါဝင်တောင်းဆိုတဲ့အတွက် ဒါဟာဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းမှုအပြီးမှာ လူမျိုးစုချင်းစည်းလုံးညီညွှတ်မှုအမြင့်ဆုံးအနေအထားကို ပြသခြင်းဖြစ်တယ်လို့ Fortify Rights အဖွဲ့ကဆိုပါတယ်။

အိပ်ဖွင့်ပေးစာထဲမှာတော့ မြန်မာနိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေကို လူသေဆုံးစေတဲ့အထိ အကြမ်းဖက်ဖြိုးခွင်းတာတွေအပါအဝင် ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းမှုအပေါ် အဓိကဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဌအဖြစ် ဗြိတိန်က တာဝန်ယူထားပြီး မတ္လ ၁ ရက်နေ့ကစပြီး အေမရိကန္က အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သွားဖို့ရှိနေပါတယ်။

Ref: Newage
#voiceofmyanmar #VOM #ဝါရှင်တန် #မြန်မာစစ်တပ် #လက်နက်ရောင်းချတာပိတ်ပင်ဖို့ #တောင်းဆို

Related posts

Leave a Comment

VOM News

FREE
VIEW