န.စ.အ ကောင်စီခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ရပ်ကွက်အတော်များများမှာ ပြည်သူတွေကန့်ကွက်

ဖေဖော်ဝါရီ ၂၄-၂၀၂၁
ခွန်ခမ့်သူ(VOM)

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ န.စ.အကောင်စီက ခန့်အပ်တာဝန်ပေးလိုက်တဲ့ အုပ်ချုပ်ရေးမှူးတွေကို အလိုမရှိတဲ့အတွက် ပြည်သူတွေက အုပ်ချုပ်ရေးမှုးရုံးရှေ့တွေမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် မနက် ၁၀ နာရီက ကြွေးကြော်သံနဲ့အတူ သံပုံးတီး ဆန္ဒပြကန့်ကွက်နေကြပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့မှာ တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီကနေ ရွေးချယ်ခန့်အပ်တာဝန်ပေးလိုက်တဲ့ အုပ်ချုပ်ရေးမှူးတွေကို အများပြည်သူဆန္ဒနဲ့ ရွေးချယ်တင်မြောက်တာ မဟုတ်တဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေက ဆန္ဒပြကန့်ကွက်နေတာပါ။

ရပ်ကွက်နေပြည်သူ ဒေါ်နန်းငွေမိုးလှိုင်က “သူတို့ဟာ သူတို့ခန့်အပ်လိုက်တယ်။ လူထုဆန္ဒမပါဘူး။ ရပ်ကွက်သူ ရပ်ကွက်သား ခန့်အပ်ထားတဲ့သူကိုပဲ အလိုရှိတယ် ” လို့ ဆိုပါတယ်။

ဆန္ဒပြရပ်ကွက်သူတစ်ဦးကလည်း အများပြည်သူ မကြိုက်နှစ်သက်တဲ့အတွက် သူ့အနေနဲ့လည်း မကြိုက်ဘဲ ပြည်သူက ရွေးချယ်တဲ့ အုပ်ချုပ်ရေးမှူးကိုပဲ လက်ခံမယ် လို့ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၂၀၀၀ ကျော်ရှိပြီး၊ အုပ်စုချုပ်ရေးမှူး ခန့်အပ်နိုင်တဲ့ ကျေးရွာပေါင်း ၃၀၀ ကျော်ရှိပါတယ်။

#VoiceOfMyanmar #VOM #ဘားအံ #အုပ်ချုပ်ရေးမှူးတွေ #ကန့်ကွက်

Related posts

Leave a Comment

VOM News

FREE
VIEW