ဖမ်းဆီးခံ ရဲတပ်သားနှစ်ဦးအတွက် မိဘတွေစိုးရိမ်နေ

ဖေဖော်ဝါရီ ၂၄-၂၀၂၁
KA

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးခံထားရတဲ့ ကြံခင်းမြို့က ရဲတပ်ဖွဲ့ညီအစ်ကို ၂ဦးကို ပုသိမ်ကို လွှဲပို့လိုက်တယ်လို့ သတင်းရပေမယ့် တွေ့ခွင့်မရတာကြောင့် မိဘတွေ စိုးရိမ်နေကြပါတယ်။

ဖခင်ဖြစ်သူဦးသန့်စင်က “ပုသိမ်ကတိုင်းရဲရုံးအချုပ်မှာ ၂ ရက်ပဲထားတယ်လို့ ပြောတယ်။ ဘယ်ကိုပို့လိုက်လဲမသိဘူးဆိုတော့ ကျွန်တော့်သားတွေအတွက် အရမ်းစိုးရိမ်နေရပါတယ်”လို့ ပြောပါတယ်။

ကြံခင်းမြို့မစခန်းက ရဲတပ်သား သူရိန်လင်းနဲ့ ရဲဒုတပ်ကြပ် တာယာလင်းတို့ ညီအစ်ကိုနှစ်ဦးဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တယ်လို့ လူမှုကွန်ယက်မှာတင်ခဲ့လို့ ဖမ်းဆီးခံနေရတာပါ။

ဖေဖော်ဝါရီ ၃ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး သားတွေနဲ့မတွေ့ရတာ ရက်၂၀ကျော်နေတဲ့အတွက် စိတ်ပူနေရတယ်လို့ မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်စိုးကပြောပါတယ်။

သားအကြီးဖြစ်တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်ရှိနေပြီး သားအငယ် ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ရခိုင်ပြည်နယ်ကတိုက်ပွဲတစ်ခုမှာ နိုင်ငံတော်က ဒုတပ်ကြပ်ရာထူး ချီးမြှင့်ခံခဲ့ရသူတွေလို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ရဲတပ်သားနှစ်ဦး #မိဘတွေ #စိုးရိမ်နေ #ကြံခင်းမြို့

Related posts

Leave a Comment

VOM News

FREE
VIEW