ဦးဝင်းထိန်အမှု အများပြည်သူရှေ့မှောက် စစ်ဆေးခွင့်တောင်း

နေပြည်တော်-ဧပြီ၂-၂၀၂၁
ကိုထွန်း(VOM)

ဒီနေ့ဧပြီ ၂ ရက်နေ့မှာ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့အမှုကို Video conferencing စနစ်နဲ့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဦးဝင်းထိန်ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးပြောပြတာက

” အမှုကို အစကပြန်စစ်ခွင့်၊အချုပ်လွှတ်ထုချေခွင့်နဲ့ အများပြည်သူရှေ့ ပွင့်လင်းမြင်သာစွာ တရားစီရင်ခွင့်လျှောက်ထားတာကို နောက်ရုံးချိန်းမှာ ၂ ဖက်ကြားနားပါမယ်” လို့ ပြောပါတယ်။

Video မှာမြင်ရတာတော့ ဦးဝင်းထိန် ကျမ္မာတဲ့ပုံရကြောင်းနဲ့ နေရထိုင်ရတာတော့ အခက်ခဲရှိနိုင်တယ်လို့ သိရပါတယ်။

ဒီနေ့ရုံးချိန်းကိုတော့ သတင်းထောက်တွေ လာရောက်တာမတွေ့ရပါဘူး ။နောက်ရုံးချိန်းကို ဧပြီ ၉ ရက် ချိန်းဆိုထားတယ်လို့သိရပါတယ်။

#voiceofmyanmar #vom #ဦးဝင်းထိန်

Related posts

Leave a Comment

VOM News

FREE
VIEW