CNNကို အင်တာဗျူးဖြေတဲ့ မင်္ဂလာဒုံစျေးကအမျိုးသမီးနှစ်ဦး အဖမ်းခံရ

ရန်ကုန်၊ဧပြီ ၂၊၂၀၂၁ အေးချမ်းသူ(VOM) မဂ်လာဒုံမြို့နယ်မှာ ဒီနေ့ ဧပြီ ၂ရက် ညနေ၂နာရီက CNNသတင်းဌာနကနေ မေးမြန်းမှု အင်တာဗျူးဖြေဆိုခဲ့တဲ့ အမျိုးသမီးနှစ်ဦးဖမ်းဆီးခဲ့ရကြောင်း မျက်မြင်ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။ ဖမ်းဆီးခံရတာကို တွေ့ရှိခဲ့သူတစ်ဦးက “မင်္ဂလာဒုံစျေးထဲမှာ CNNသတင်းဌာနရဲ့ အင်တာဗျူးကိုဖြေပေးခဲ့တဲ့ အမျိုးသမီးနှစ်ဦးကို အရပ်ဝတ်တွေနဲ့ လာဖမ်းသွားတာပါ”ဟုပြောပါတယ်။ CNNသတင်းဌာနအား အင်တာဗျူးပြီးနောက် ပြန်သွားချိန်မှာ အရပ်ဝတ်နဲ့ အမည်မသိသူနှစ်ဦးက မဂ်လာဒုံတပ်နယ်မှူးရုံးကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ပြောပြပါတယ်။ အလားတူပဲ ဒီနေ့မနက်ပိုင်းကလည်း အင်းစိန်မြို့နယ်က ၁၀ မိုင်စျေးမှာ CNNသတင်းဌာနရဲ့ မေးမြန်းမှုကိုဖြေဆိုခဲ့တဲ့ အမျိုးသမီးနှစ်ဦးဖမ်းဆီးခဲ့ပြီး နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။ #voiceofmyanmar #vom #မင်္ဂလာဒုံ #CNNကိုဖြေသူဖမ်းခံရ

Read More

ပဲခူး အခမဲ့ဆေးကုသရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာနေမျိုးကို တိုင်းစီမံကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

ဧပြီ ၂-၂၀၂၁ KLY(VOM) ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်မှာ ကိုဗစ်ကာလ ဖျားနာလူနာများကို အခမဲ့ဆေးကုသရေး လုပ်ငန်းတွေ အားသွန်ခွန်စိုက်ပြုလုပ်ခဲ့သလို တပ်မတော်က အာဏာရယူ ထိန်းသိမ်းပြီးနောက် အခမဲ့ဆေးကုသရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဒေါက်တာနေမျိုးကို ဒီနေ့ ဧပြီ ၂ ရက် မွန်းလွဲပိုင်းမှာတိုင်းစီမံကောင်စီက တိုင်းရဲတပ်ဖွဲ့ရုံးထဲကို ဖမ်းခေါ်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။ “ဆရာက သူ့အိမ်မှာလည်း ဆေးခန်းဖွင့် သလို ဒက္ခိဏသာခါဘုန်းကြီးကျောင်းက သုခကုသိုလ်ဖြစ်ဆေးခန်းမှာလည်းထိုင်တယ်။ဆေးခန်းကအပြန် ဝင်ဆွဲခံရတယ်လို့ သိရတယ်”လို့ ဒေါက်တာနေမျိုးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒေါက်တာ နေမျိုးကို ဒီနေ့ မွန်းလွဲပိုင်းလောက် မှာ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးက မေးမြန်စရာရှိတယ်လို့ဆိုပြီးလုံခြုံရေးအဖွဲ့ဝင်တစ်ချို့က လာဖမ်းဆီးသွားတာဖြစ်ပြီး လက်ရှိ အချိန်ထိခေါ်ယူထားဆဲ ဖြစ်တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။ #VoiceOfMyanmar #VOM #ပဲခူး #ဒေါက်တာနေမျိုး

Read More

ယင်းမာပင်မြို့နယ်၊သပြေအေးရွာ ပစ်ခတ်မှုဖြစ်ရွာသား(၄)ဦးကျည်ထိမှန်ပြီး(၄)ဦးအဖမ်းခံရ

ယင်းမာပင်၊ ဧပြီ ၂-၂၀၂၁ ထွန်းတောက် စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်မြို့နယ်သပြေအေးကျေးရွာကို ဒီကနေ့ဧပြီလ (၂)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်မှာ ရဲနဲ့စစ်တပ်ကလာဝိုင်းရာ ပစ်ခတ်မှုဖြစ်ပြီး ရွာသား(၄)ဦးကျည်ဆံထိမှန်ကာ (၄)ဦးအဖမ်းခံထားရတယ်လို့ သိရပါတယ်။ “သူတို့ကကျုပ်ကိုလိုချင်တာ၊ မနက်သုံးနာရီကျော်လောက်ကတည်းကလာဝိုင်းတာ၊အင်အား(၁၀၀)ကျော်လောက်ရှိတယ်၊ကျုပ်ကိုမမိလို့ရွာသား(၄)ယောက်ကို ဓားစာခံလုပ်ပြီးဖမ်းသွားတယ်၊အခုတော့တပ်ဆုတ်သွားကြပြီ” လို့သပြေအေးဆရာတော် ဦးသောပါက ကဆိုပါတယ်။ လက်ရှိအခြေအနေမှာ သပြေအေးရွာကို ရဲနဲ့စစ်တပ်ကဝိုင်းပစ်တဲ့အတွက် ယင်းမာပင်မြို့နယ်နဲ့ကနီမြို့နယ်ကျေးရွာတွေက သပိတ်ဦးဆောင်အဖွဲ့တွေဟာ သပြေအေးရွာကိုသွားနိုင်တဲ့လမ်းတွေကို ပိတ်ဆို့တားဆီးထားတယ်လို့လည်းသိရပါတယ်။ #voiceofmyanmar #vom #ယင်းမာပင်

Read More

ကလေး-ဂန့်ဂေါလမ်းဘေးက ကျေးရွာသူရွာသားတွေ စစ်တပ်က လာတပ်စွဲလို့ ထွက်ပြေးတိမ်းရှောင်နေရ

ဧပြီ ၂-၂၀၂၁ သိမ်မွေ့ကဗျာ(VOM) ကလေး-ဂန့်ဂေါလမ်းပိုင်းတစ်လျှောက်က ကျေးရွာအချို့မှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ လာရောက်တပ်စွဲထားတာကြောင့် ကျေးရွာသူ‌ကျေးရွာသား ၈၀ ရာခိုင်နှုန်းခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုကို အမဲလိုက်ရာမှာ အသုံးပြုတဲ့ တူမီးသေနတ်တွေနဲ့ ပြန်လည်ခုခံကြတဲ့ ပြည်သူ‌တွေနဲ့ တိုက်ပွဲသဖွယ် ထိတွေ့မှုကို ကလေး-ဂန့်ဂေါလမ်းပိုင်းတစ်လျှောက်မှာ မတ်လ ၃၀ ရက်နေ့ကစတင်လို့ ဧပြီလ ၁ ရက်နေ့ ညနေပိုင်းအထိ ဖြစ်ပွါးခဲ့တာပါ။ အဲဒီပစ်ခတ်ထိတွေ့မှုတွေမှာ စစ်တပ်က ဗုံးတွေ၊ RPG တွေလို ဖျက်အားပြင်းတဲ့ လက်နက်တွေ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် လက်နက်အင်အား မမျှတဲ့အချိန်မှာ ပြန်လည်ခုခံကြတဲ့ ပြည်သူတွေဟာ ဆုတ်ခွါပေးခဲ့ရကြောင်း တိုက်ပွဲတွင်းပါ၀င်သူတစ်ဦးက ပြောပါတယ်။ ” မနေ့ကညနေပိုင်း ပြည်သူဖက်က ဆုတ်ခွာပေးလိုက်ချိန်မှာပဲ ထိတွေ့မှုဖြစ်တဲ့နေရာတွေမှာ စစ်တပ်က တပ်အင်အား အများအပြား လာချထားတယ်။ ပြီးတော့ သံဖိုရွာထဲလည်း အိမ်အချို့ကို…

Read More

ဦးဝင်းထိန်အမှု အများပြည်သူရှေ့မှောက် စစ်ဆေးခွင့်တောင်း

နေပြည်တော်-ဧပြီ၂-၂၀၂၁ ကိုထွန်း(VOM) ဒီနေ့ဧပြီ ၂ ရက်နေ့မှာ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့အမှုကို Video conferencing စနစ်နဲ့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ဦးဝင်းထိန်ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးပြောပြတာက ” အမှုကို အစကပြန်စစ်ခွင့်၊အချုပ်လွှတ်ထုချေခွင့်နဲ့ အများပြည်သူရှေ့ ပွင့်လင်းမြင်သာစွာ တရားစီရင်ခွင့်လျှောက်ထားတာကို နောက်ရုံးချိန်းမှာ ၂ ဖက်ကြားနားပါမယ်” လို့ ပြောပါတယ်။ Video မှာမြင်ရတာတော့ ဦးဝင်းထိန် ကျမ္မာတဲ့ပုံရကြောင်းနဲ့ နေရထိုင်ရတာတော့ အခက်ခဲရှိနိုင်တယ်လို့ သိရပါတယ်။ ဒီနေ့ရုံးချိန်းကိုတော့ သတင်းထောက်တွေ လာရောက်တာမတွေ့ရပါဘူး ။နောက်ရုံးချိန်းကို ဧပြီ ၉ ရက် ချိန်းဆိုထားတယ်လို့သိရပါတယ်။ #voiceofmyanmar #vom #ဦးဝင်းထိန်

Read More

စစ်တပ်ကပစ်ခတ်လို့ သေဆုံးခဲ့တဲ့ ကိုရီးယားဘဏ်ဝန်ထမ်းရဲ့ ဈာပန

ဧပြီ ၂-၂၀၂၁ MHS မတ်လ ၃၁ရက်နေ့ ညနေပိုင်းက ဦးချစ်မောင်လမ်း စစ်တပ်နဲ့ရဲတွေရဲ့ ပစ်ခတ်မှုမှာ ခေါင်းထိကျည်ထိခဲ့တဲ့ မစုစုကြည်ဟာ ဒီနေ့ ဧပြီ ၂ ရက် မနက် ၉နာရီမှာ သေဆုံးခဲ့ပါတယ်။ ဆုံးပါးခဲ့တဲ့ အသက် ၃၂ နှစ်အရွယ်ရှိ Shinhan တောင်ကိုရီးယားဘဏ် ရုံးကားဝန်ထမ်း မစုစုကြည်ကို ဒီနေ့ ဧပြီ ၂ရက် ၁နာရီခွဲအချိန်က ရေဝေးသုသာန်မှာ သဂြိုလ်ခဲ့ပါတယ်။ မစုစုကြည်ဟာ အမျိုးသားစီမံခန့်ခွဲမှုကောလိပ် NMDC တက်ရောက်ခဲ့သူတစ်ဦးဖြစ်ကာ မိဘတွေဟာ မကွေးမှာနေထိုင်ပြီး ဒီနေ့သဂြိုလ်မှုကို စစ်တပ်က ဖိအားပေးမှုကြောင့် နေချင်းပြီးပြုလုပ်ရတာဖြစ်ကြောင်း သူငယ်ချင်းဖြစ်သူရဲ့ ပြောကြားချက်အရ သိရပါတယ်။ #VoiceOfMyanmar #VOM #ကိုရီးယားဘဏ်

Read More

မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်း ပုံမှန်အတိုင်း ချီတက်လမ်းလျှောက်ဆန္ဒပြတာကို ဒီကနေ့ နေ့လယ်ပိုင်း ပြုလုပ်ခဲ့ကြပါတယ်။

ဧပြီ ၂ – ၂၀၂၁ #voiceofmyanmar #VOM #မန္တလေး

Read More

CNNသတင်းထောက်အဖွဲ့ လာရောက်ချိန် ဆန္ဒပြတဲ့ အင်းစိန်ပြည်သူတွေ ဖမ်းဆီးခံရ

ရန်ကုန်၊ဧပြီ ၂-၂၀၂၁ အေးချမ်းသူ(VOM) အင်းစိန်မြို့နယ် ဆယ်မိုင်ကုန်ဈေးကို CNN မှ သတင်းထောက်တွေ လာရောက် သတင်းယူချိန်မှာ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့သူတွေ အဲ့ဒီသတင်းထောက်တွေပြန်ချိန်မှာ ဖမ်ဆီးခံခဲ့ရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။ ရပ်ကွက်နေပြည်သူတစ်ဦးက “CNN သတင်းထောက်လာတဲ့အချိန် ပြည်သူတွေက သံပုံးတီးတယ် လက်သုံးချောင်းထောင်တယ် ကားဟွန်းတီးတယ် ကြွေးကြော်သံတွေအော်တယ် ဒါကိုဖမ်းတာ” လို့ ပြောပါတယ်။ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးအပြည့်နဲ့ CNNသတင်းဌာနက သတင်းလာယူချိန်မှာ ဈေးသူဈေးသားတွေနဲ့ ပြည်သူတွေက စစ်အာဏာရှင်စနစ်အလိုမရှိလို့ ကြွေးကြော်ခဲ့ပြီး သံပုံးတီးခြင်း၊ ကာဟွန်းတီးခြင်း၊လက်သုံးချောင်းထောင်ခြင်းတွေ ပြုလုပ်ခဲ့၍ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ ဈေးအနီးမှာ နေထိုင်သူတစ်ဦးက”သူတို့ပြန်မှ ဖမ်းတာပါ ကျနော်မျက်စိရှေမှာတင် နှစ်ယောက်ပါသွားတယ်။ ဖမ်းတဲ့သူဦးရေတော့ အတိအကျမသိဘူး” လို့ ပြောပါတယ်။ CNNသတင်းဌာနမှ သတင်းထောက်နှင့်အဖွဲ့က ပြည်သူများဆန္ဒပြတာကို မှတ်တမ်းတင်ရိုက်ကူးနေချိန်မှာ တစ်စုံတစ်ရာမလုပ်ပေမယ့် ပြန်သွားတဲ့အခါမှ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။ #voiceofmyanmar #VOM…

Read More

ကလေးတက္ကသိုလ်အနီး ပစ်ခတ်ခံရသူ ကျောင်းသားတစ်ဦး ထပ်မံကျဆုံး

ဧပြီ ၂-၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ ဧပြီလ ၁ ရက် မနေ့ညပိုင်းက ကလေးတက္ကသိုလ်အနီး ကင်းပုန်း၀ပ်‌နေတဲ့ စစ်တပ်က ပစ်ခတ်လိုက်မှုကြောင့် အသက် ၁၉ နှစ်အရွယ် မောင်ဉာဏ်လင်းထက် (ခ) ဆလိုင်းဗန်ဗျက်ထန် လို့ခေါ်တဲ့ ကျောင်းသားတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ” မနေ့ညက ကလေးတက္ကသိုလ်နားမှာ ပစ်ခတ်ခံရလို့ လူငယ်နှစ်ဦး ကျည်ထိတယ်။ တစ်ဦးကို ချက်ချင်းခေါ်ထုတ်ခဲ့နိုင်ပေမယ့် နောက်တစ်ဦးကိုတော့ သေနတ်တွေနဲ့ ဆက်တိုက်ပစ်နေလို့ မသယ်နိုင်ခဲ့ဘူး၊ ထားခဲ့ရတယ်။ ဒီနေ့မနက်ကျ‌တော့ ကလေးတက္ကသိုလ်နားမှာပဲ အလောင်းတွေ့တယ် ” လို့ ဒေသခံတစ်ဦးက ဖြစ်စဉ်အခြေအနေကို ရှင်းပြပါတယ်။ မနေ့ညပိုင်း စစ်တပ်က ပစ်ခတ်ခဲ့လို့ ဒီကနေ့ မနက်ပိုင်းမှာ အလောင်းတွေ့ရှိခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မောင်ဉာဏ်လင်းထက် (ခ) ဆလိုင်းဗန်ဗျက်ထန်ဟာ ကလေးတက္ကသိုလ် မြန်မာစာမေဂျာနဲ့ ဒုတိယနှစ် တက်ရောက်နေသူဖြစ်သလို သူ့ရဲ့ရုပ်အလောင်းကိုတော့…

Read More
VOM News

FREE
VIEW