ပဲခူး အခမဲ့ဆေးကုသရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာနေမျိုးကို တိုင်းစီမံကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

ဧပြီ ၂-၂၀၂၁
KLY(VOM)

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်မှာ ကိုဗစ်ကာလ ဖျားနာလူနာများကို အခမဲ့ဆေးကုသရေး လုပ်ငန်းတွေ အားသွန်ခွန်စိုက်ပြုလုပ်ခဲ့သလို တပ်မတော်က အာဏာရယူ ထိန်းသိမ်းပြီးနောက် အခမဲ့ဆေးကုသရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဒေါက်တာနေမျိုးကို ဒီနေ့ ဧပြီ ၂ ရက် မွန်းလွဲပိုင်းမှာတိုင်းစီမံကောင်စီက တိုင်းရဲတပ်ဖွဲ့ရုံးထဲကို ဖမ်းခေါ်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

“ဆရာက သူ့အိမ်မှာလည်း ဆေးခန်းဖွင့်
သလို ဒက္ခိဏသာခါဘုန်းကြီးကျောင်းက သုခကုသိုလ်ဖြစ်ဆေးခန်းမှာလည်းထိုင်တယ်။ဆေးခန်းကအပြန် ဝင်ဆွဲခံရတယ်လို့ သိရတယ်”လို့ ဒေါက်တာနေမျိုးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒေါက်တာ နေမျိုးကို ဒီနေ့ မွန်းလွဲပိုင်းလောက် မှာ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးက မေးမြန်စရာရှိတယ်လို့ဆိုပြီးလုံခြုံရေးအဖွဲ့ဝင်တစ်ချို့က လာဖမ်းဆီးသွားတာဖြစ်ပြီး လက်ရှိ အချိန်ထိခေါ်ယူထားဆဲ ဖြစ်တယ်လို့ ဒေသခံ
တွေဆီက သိရပါတယ်။

#VoiceOfMyanmar #VOM #ပဲခူး #ဒေါက်တာနေမျိုး

Related posts

Leave a Comment

VOM News

FREE
VIEW