မုံရွာ တက္ကသိုလ်ရှေ့ ကျောက္ကာလမ်းမှာ ပေါက်ကွဲမှုဖြစ်

ဧပြီ ၁၃ ၊ ၂၀၂၁

KTG (VOM)

 

စစ်ကိုင်းတိုင်း မုံရွာမြို့ မုံရွာ တက္ကသိုလ်အနီး ကျောက္ကာလမ်းမှာ ဧပြီ ၁၃ ရက် ဒီမနက် ၁၀ နာရီက ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှုမရှိခဲ့ပါဘူး။

 

အဲ့ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ မြင်တွေ့လိုက်ရသူ တစ်ယောက်ပြောပြတာက ” ကောင်လေး ၃ ယောက်က စကူဘီဆိုင်ကယ် တစ်စီးနဲ့ တက္ကသိုလ်နားရောက်လာတယ် ၊မသင်္ကလို့  လုံခြုံရေးတပ်က တက္ကသိုလ်ထဲက ထွက်မေးတဲ့အခါ ဗုံးနဲ့ပစ်ပေါက်ပြီး ထွက်ပြေးသွားတာ.” လို့ ပြောပါတယ်။

 

အဲ့ဒီပေါက်ကွဲမှုကြောင့် အခြားပတ်ဝန်းကျင် လူ ၊  အ​ဆောက်အဦး ထိခိုက်ပျက်စီးတာမရှိပေမယ့် ပေါက်ကွဲတဲ့နေရာမှာ ၁၀ လက်မဝန်းကျင် ပတ်လည် မြေအက်သွားတယ်လို့ သိရပါတယ်။

 

မုံရွာမှာ ဆန္ဒပြလူငယ်တချို့က သင်္ကြန်သပိတ် ပြုလုပ်ဖို့ ကြေငြာထားတာကြောင့် ဒီမနက်ကစပြီး မြို့လုံခြုံရေးတိုးမြင့်ထားတဲ့အချိန် ပေါက်ကွဲမှုစတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်

 

 

#voiceofmyanmar #VOM #မုံရွာပေါက်ကွဲမှု

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW