တောင်တရုတ်ပင်လယ်အရေး အကြပ်ကိုင် ခြိမ်းခြောက်နေတယ်လို့ တရုတ်ကို အမေရိကန်ဒုသမ္မတ စွပ်စွဲ

စင်ကာပူ၊ သြဂုတ်-၂၄-၂၀၂၁
မျိုးဆက် (VOM)
 
အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်ဟာ အရှေ့တောင်အာရှပထမဆုံးခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေပြီး သြဂုတ် ၂၄ ရက်ကပြောကြားခဲ့တဲ့ ပထမဆုံးမိန့်ခွန်းမှာ တရုတ်နိုင်ငံအပေါ် ဝေဖန်ပြောဆိုလိုက်ပါတယ်။
 
တရုတ်နိုင်ငံဟာ ဒေသတွင်းမှာ နှစ်ပေါင်းများစွာအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အကြပ်ကိုင် ခြိမ်းခြောက်မှုတွေပြုလုပ်နေတယ်လို့ ကမလာဟားရစ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။
 
အဲဒီခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ အမေရိကန်ဟာ မိမိတို့ရဲ့မဟာမိတ်တွေနဲ့အတူ ရပ်တည်သွားမယ်လို့ ကမလာဟားရစ်ကပြောပါတယ်။
 
သူ့ရဲ့အရှေ့တောင်အာရှခရီးစဉ်ဟာ ဒေသတွင်းမှာ အမေရိကန်ရဲ့ ကတိက၀တ်ကို ထပ်မံအတည်ပြုဖို့ ကြိုးပမ်းမှုတစ်ခုအဖြစ် ရှုမြင်ရပါတယ်။
 
တောင်တရုတ်ပင်လယ်အတွင်း တရားမ၀င်နယ်မြေပိုင်ဆိုင်မှု တောင်းဆိုတာတွေကို ပယ်ချကြောင်း ၂၀၁၆ ခုနှစ်တွင် ခုံသမဓိရုံးက ဆုံးဖြတ်ခဲ့ပြီး တရုတ်နိုင်ငံက ဆက်လက်လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေဟာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ကာ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်က ဝေဖန်ပြောဆိုပါတယ်။
 
တရုတ်နိုင်ငံဟာ မကြာသေးမီနှစ်တွေအတွင် တောင်တရုတ်ပင်လယ်ပြင်ဒေသအများအပြားကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုကာ စစ်ရေးအင်အားကို အလျှင်အမြန်တိုးချဲ့တည်ဆောက်လျှက်ရှိပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #vom #စင်ကာပူ

Related posts

✕
VOM News

FREE
VIEW