ဩဂုတ် ၂၅-၂၀၂၁
Shy V (VOM)
လာအိုနိုင်ငံ၊ ဘိုကျောက်ပြည်နယ်၊ ရွှေတြိဂံအထူးစီးပွားရေးဇုံမှာ အလုပ်သွားရောက် လုပ်ကိုင်ခဲ့ကြပြီး ကပ်ရောဂါ အခြေအနေနဲ့ အခက်အခဲအမျိုးမျိုးကြောင့် နေရပ်ပြန်လိုတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၉၄ ဦးကို မနေ့ သြဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက လာအိုနိုင်ငံတာဝန်ရှိသူတွေက လာအိုနိုင်ငံ၊ မိုင်းမော့ဆိပ်ကမ်ကနေ တာချီလိတ်မြို့၊ မိုင်းဖုန်း (က) ကျေးရွာ အုပ်စု၊ ဝမ်ပုံဆိပ်ကမ်းကို လွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။
နေရပ်ကိုပြန်လိုတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၃၃၈ ဦး၊ အမျိုးသမီး ၁၅၆ ဦး၊ စုစုပေါင်း ၄၉၄ ဦး တို့ကို ၈ ကြိမ်မြှောက် လွှဲပြောင်း လက်ခံခဲ့တာဖြစ်လို့ သိရပါတယ်။
မြန်မာဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ စနစ်တကျစိစစ်လက်ခံပြီး အဲ့ဒီ ပြည်တော်ပြန် ၄၉၄ ဦးကို ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးပေးခဲ့တာမှာ အအျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၉ ဦး၊စုစုပေါင်း ၁၉ဦး တို့မှာ ရောဂါပိုးတွေ့ရှိခဲ့လို့ ဝမ်လုံး Positive Center ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့တယ်လို့ သိရပါတယ်။
ပိုးမရှိသူတွေထဲက ရှမ်း/ရှေ့၊ တာချီလိတ်မှာ Quarantine ဝင်ရောက်မယ့်သူ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၂၂ ဦးကို ဝမ်လုံး Quarantine Center မှာထားပြီး ကင်္နတဲ့ အမျိုးသား ၃၂၅ ဦး၊ အမျိုးသမီး ၁၄၄ ဦး၊ စုစုပေါင်း ၄၆၉ ဦး နဲ့ တာချီလိတ်မြို့၊ ဝမ်လုံးစင်တာမှ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၈ဦး၊ စုစုပေါင်း ၁၆ ဦးတို့ကို သူတို့နေထိုင်ရာ ဒေသတွေကို ပြန်လည်စေလွတ်ခဲ့တယ်လို့ သိရပါတယ်။
လာအိုနိုင်ငံ၊ ဘိုကျောက်ပြည်နယ်၊ ရွှေတြိဂံအထူးစီးပွားရေးဇုံက နေရပ်ပြန်လိုတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ၂၀၂၁ ဇူလိုင်လ ၃၀ ရက်ကနေ သြဂုတ်လ ၂၄ ရက်နေ့ထိ နှစ်နိုင်ငံ တရားဝင်လွှဲပြောင်းလက်ခံခဲ့တာ ၈ ကြိမ်မြောက်ရှိနေပြီး စုစုပေါင်း ရွှေ့ပြောင်း လုပ်သား ၂၁၀၀ ကျော် ရှိပြီဖြစ်သလို အဲ့ဒီအထဲက လူ ၁၀၀ ကျော်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
Photo – K Th O
#voiceofmyanmar #VOM #တာချီလိတ်