အိမ်ဖြူတော်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ဖို့ကြံစည်တဲ့ အမျိုးသားတစ်ဦးဖမ်းဆီးခံရ

ဝါရှင်တန်၊ ဇန်န၀ါရီ-၁၈-၂၀၁၉
မျိုးဆက် (VOM)
အိမ်ဖြူတော်နဲ့ လေဘာတီရုပ်တုကို တိုက်ခိုက်ရန်ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က အသက် ၂၁ နှစ်အရွယ်အမျိုးသားတစ်ဦးကိုဖမ်းဆီးလိုက်ပါတယ်။
 ဟာရှာဂျာလယ်တာဟိဆိုသူ အမျိုးသားဟာ ရိုင်ဖယ်သေနတ်တွေ၊ တင့်ကားဖျက်ဒုံးပျံနဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်များဝယ်ယူဖို့အတွက် ၎င်းရဲ့ ကားကို ရောင်းချခဲ့တယ်လို့ တရားရုံးစာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
မစ္စတာ တာဟိရဲ့ တိုက်ခိုက်ဖို့ အစီအစဉ် အသေးစိတ်တွေကို အက်ဖ်ဘီအိုင်ထောက်လှမ်းရေးတွေနဲ့ သတင်းပေးတွေက လွန်ခဲ့သည့်နှစ်က စုံစမ်းထောက်လှမ်းမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ၎င်းဟာ ဇန်န၀ါရီ ၁၇ ရက်မှာ အိမ်ဖြူတော်ကို တိုက်ခိုက်ဖို့ ကြံစည်ထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
၎င်းသည် အိမ်ဖြူတော်ရဲ့ အနောက်တံခါးကို တင့်ကားဖျက်ဒုံးကျည်နဲ့ ပစ်ခတ် ဖောက်ခွဲပြီး အဆောက်အဦထဲသို့ဝင်ရောက်ကာ လူတွေကို သတ်ဖြတ်ရန်စီစဉ်ထားတယ်လို့ ထောက်လှမ်းရေးတွေက စွပ်စွဲပြောဆိုပါတယ်။ မစ္စတာ တာဟိဟာ ၎င်းရဲ့ကားနဲ့ အလဲအထပ်လုပ်ပြီး ရရှိမယ့် လက်နက်တွေကို လက်ခံရရှိပြီးနောက် ဂျော်ဂျီယာရှိ ဘူဖို့ဒ်မှာ ထောက်လှမ်ရေးတွေက ချက်ချင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
Ref: BBC Photo : Getty Image

Related posts

✕
VOM News

FREE
VIEW