တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က မြို့နယ်လေးခုမှာ အခြေခံပညာကျောင်းပေါင်း ၃၈ ကျောင်း ယာယီပိတ်

စစ်တွေ၊ ဇန်န၀ါရီ ၁၈-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ AA တို့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ရခိုင်မြောက်ပိုင်းဒေသက မြို့နယ်လေးမြို့နယ်မှာ အခြေခံပညာကျောင်းပေါင်း ၃၈ ကျောင်းကို ယာယီပိတ်ထားရတယ်လို့ ရခိုင်ပြည်နယ်ပညာရေးဌာနက ပြောပါတယ်။ အဲဒီပိတ်ထားရတဲ့ကျောင်းတွေဟာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊မြို့နယ်တွေက ကျောင်းတွေဖြစ်ကြပြီး အဲဒီဒေသခံတွေထွက်ပြေးနေကြရတာကြောင့် အခုလိုကျောင်းတွေကို ပိတ်လိုက်ရတာဖြစ်ပါတယ်။ “ရခိုင်ပြည်နယ်မှာ ပိတ်ထားတာကတော့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ၂ ကျောင်း၊ ရသေ့တောင်မှာ ၁ ကျောင်း၊ ကျောက်တော်မှာ ၁၂ ကျောင်း၊ ဘူးသီးတောင်မှာ ၂၃ ကျောင်း စုစုပေါင်းက ၃၈ ကျောင်းကို ယာယီပိတ်ထားရပါတယ်။”လို့ ရခိုင်ပြည်နယ် လက်ထောက်ပညာရေးမှူး ဦးစိန်လှထွန်းက ပြောပါတယ်။ အဲ့ဒီကျောင်းတွေမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသူကျောင်းသားတွေ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြရတဲ့အတွက် ပညာသင်ကြားဖို့ အခက်အခဲရှိနေပြီး အဲ့ဒီကျောင်းသားတွေကို လက်ရှိနေထိုင်နေကြတဲ့ကျေးရွာတွေက ကယ်ဆယ်ရေးစခန်းတွေမှာ ပညာသင်ကြားပေးနေတာဖြစ်ပါတယ်။ “ရွာအလိုက်ထွက်ပြေးလာခဲ့ကြတာဆိုတော့ ကျောင်းသားတွေနဲ့အတူ…

Read More

တိုက်စစ်မှူး ဟီဂူအင်ကို ရာသီကုန်အထိ အငှားစာချုပ်ဖြင့်ခေါ်ယူလိုက်တဲ့ ချယ်ဆီး

  လန်ဒန်၊ ဇန်န၀ါရီ-၁၈-၂၀၁၉ ရန်နိုင်ထွန်း(VOM) စီးရီးအေကလပ် ဂျူဗင်တပ် မှ အေစီမီလန် အသင်းသို့ အငှားဖြင့်သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး ဟီဂူအင်ကို ချယ်ဆီးအသင်းက ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်ဟာ ယခင်က နာပိုလီအသင်းမှာ ကစားခဲ့ချိန်က နည်းပြဖြစ်သူ လက်ရှိချယ်ဆီးနည်းပြ ဆာရီနဲ့ ပြန်လည်လက်တွဲဖို့ ဇန်န၀ါရီ ၁၈ ရက်မှာ လန်ဒန်ကို ရောက်ရှိမှာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ဟီဂူအင်ကို တစ်ပတ်ကို ပေါင် ၁၇၀၀၀၀ ပေးချေရမှာဖြစ်ပြီး ရာသီကုန်အထိ ခြောက်လစာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ကာ ၎င်းရဲ့ ဂိုးသွင်းနှုန်းနဲ့ စွမ်းဆောင်ရည်တွေပေါ်မူတည်ပြီး နောက်ထပ်တစ်နှစ် ထပ်မံငှားရမ်းနိုင်မှာဖြစ်ပါတယ်။ ၎င်းအနေနဲ့ လာမယ့်အပတ်မှာ စပါးအသင်းနဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပွဲဦးထွက် ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ထားပြီး ပထမအကျော့မှာတော့ ချယ်ဆီးအသင်းက တစ်ဂိုး-ဂိုးမရှိနဲ့…

Read More

အိမ်ဖြူတော်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ဖို့ကြံစည်တဲ့ အမျိုးသားတစ်ဦးဖမ်းဆီးခံရ

ဝါရှင်တန်၊ ဇန်န၀ါရီ-၁၈-၂၀၁၉ မျိုးဆက် (VOM) အိမ်ဖြူတော်နဲ့ လေဘာတီရုပ်တုကို တိုက်ခိုက်ရန်ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က အသက် ၂၁ နှစ်အရွယ်အမျိုးသားတစ်ဦးကိုဖမ်းဆီးလိုက်ပါတယ်။  ဟာရှာဂျာလယ်တာဟိဆိုသူ အမျိုးသားဟာ ရိုင်ဖယ်သေနတ်တွေ၊ တင့်ကားဖျက်ဒုံးပျံနဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်များဝယ်ယူဖို့အတွက် ၎င်းရဲ့ ကားကို ရောင်းချခဲ့တယ်လို့ တရားရုံးစာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။ မစ္စတာ တာဟိရဲ့ တိုက်ခိုက်ဖို့ အစီအစဉ် အသေးစိတ်တွေကို အက်ဖ်ဘီအိုင်ထောက်လှမ်းရေးတွေနဲ့ သတင်းပေးတွေက လွန်ခဲ့သည့်နှစ်က စုံစမ်းထောက်လှမ်းမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ၎င်းဟာ ဇန်န၀ါရီ ၁၇ ရက်မှာ အိမ်ဖြူတော်ကို တိုက်ခိုက်ဖို့ ကြံစည်ထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ၎င်းသည် အိမ်ဖြူတော်ရဲ့ အနောက်တံခါးကို တင့်ကားဖျက်ဒုံးကျည်နဲ့ ပစ်ခတ် ဖောက်ခွဲပြီး အဆောက်အဦထဲသို့ဝင်ရောက်ကာ လူတွေကို သတ်ဖြတ်ရန်စီစဉ်ထားတယ်လို့ ထောက်လှမ်းရေးတွေက စွပ်စွဲပြောဆိုပါတယ်။ မစ္စတာ တာဟိဟာ ၎င်းရဲ့ကားနဲ့ အလဲအထပ်လုပ်ပြီး ရရှိမယ့် လက်နက်တွေကို လက်ခံရရှိပြီးနောက်…

Read More

နှာခေါင်း ခွဲစိတ်ပြုပြင်လိုက်လို့ ပိုပြီးယုံကြည်မှုရှိတယ်ဆိုတဲ့ ရတနာဗို

ရန်ကုန် ဇန်နဝါရီ ၁၉-၂၀၁၉ သင်းသဒ္ဒါ (VOM) အနုပညာပျိုခင်း ၂ က သရုပ်ဆောင် ရတနာဗိုကတော့ တကယ်လိုအပ်တယ်ထင်လို့ နှာခေါင်း ခွဲစိတ်ပြုပြင်လိုက်တာပါ လို့ဆိုပါတယ်။ ‘ဗို နှာခေါင်းလေး ခွဲစိတ်ပြုပြင်လိုက်တော့ သူငယ်ချင်းတွေကလည်း လှတယ်လို့ပြောကြပါတယ်။  ဗိုရဲ့ နားက အရိုးနုလေးကို ခွဲစိတ်ပြီးတော့ နှာခေါင်းမှာထည့်တာပါ။ ဒီလိုပြုပြင်လိုက်တော့ ဗိုလ် အနေနဲ့ ပိုပြီးတော့ယုံကြည်မှုရှိသွားတာပေါ့နော်”လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာပဲ ထိုင်ဝမ်က ခွဲစိတ်ကျွမ်းကျင်နသူနဲ့ ပြုပြင်လိုက်တာဖြစ်တယ်လို့သိရပါတယ်။  သူမတော့ လတ်တလော မင်းသား သျှိုင်းဇေ အန်ကယ်လေး လူမင်းနဲ့ နွံဆိုတဲ့ ဇာတ်ကားကို ရန်ကုန်မြို့မှာ ရိုက်ကူးနေပြီးတော့  ရုပ်ရှင်ကားကြီးလည်း ဖေဖော်ဝါရီလမှာ ဆက်လက်ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။ အလှအပနဲ့ စပ်လျဉ်းပြီးတော့ ”အရင်ကတော့ အသားအရည်နဲ့ ပတ်သက်ရင် ဂရုမစိုက်ဖြစ်ပါဘူး။ခုနောက်ပိုင်း အသားအရည် ကြည်အောင် အိမ်မှာရှားဇောင်းလက်ပတ်ပင်က အသားလေးနဲ့ မျက်နှာကို တိုက်ပေးဖြစ်ပါတယ် ။စလိမ်းလိမ်းချင်းမှာတော့…

Read More

အမေရိကန် အစိုးရလုပ်ငန်းတွေပိတ်ထားတာ အဆုံးသတ်ရေး ဆွေးနွေးဖို့ အောက်လွှတ်တော် ဥက္ကဌကို သမ္မတထရန့်တိုက်တွန်း

ဝါရှင်တန်၊ ဇန်နဝါရီ-၁၈-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီရဲ့ ဘရပ်ဆယ်နဲ့ အာဖဂန်နစ္စတန်သို့သွားရောက်မယ့် ခရီးစဉ်ကို သမ္မတဒေါ်နယ်ထရန့်က ရက်ရွှေ့ခိုင်းလိုက်ပြီး အမေရိကန်အစိုးရအဖွဲ့ လုပ်ငန်းတွေ တစ်စိတ်တစ်ပိုင်းပိတ်သိမ်းထားတာကို အဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးဖို့အတွက် ခရီးမထွက်ဖို့ တောင်းဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံသမိုင်းမှာ အရှည်ကြာဆုံး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေ ပိတ်သိမ်းထားတဲ့ ၂၇ရက်မြောက်နေ့မှာ အောက်လွှတ်တော် ဥက္ကဌရဲ့ ခရီးစဉ်ကို သမ္မတဒေါ်နယ်ထရန့်က တားမြစ်လိုက်တာဖြစ်ပါတယ်။ အမေရိကန်အစိုးရ၀န်ထမ်း ရှစ်သိန်းကျော် လစာမရဘဲ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့အချိန်မှာ အောက်လွှတ်တော် ဥက္ကဌတစ်ဦးအနေနဲ့ ပြည်ပခရီးစဉ်တွေ သွားရောက်တာကို ရပ်ဆိုင်းသင့်တယ်လို့ မီးစ်ပီလိုစီထံ ပေးပို့တဲ့စာမှာ ဒေါ်နယ်ထရန့်က ပြောပါတယ်။ သမ္မဒေါ်နယ်ထရန့်ဟာ မီးစ်ပီလိုစီနဲ့ ကိုယ်စားလှယ်အဖွဲ့ကို စစ်လေယာဉ်အသုံးပြုတာကို ငြင်းပယ်ခြင်းဖြင့် ခရီးစဉ်ကို ဟန့်တားနိုင်တဲ့ အခွင့်အရေးရှိနေပါတယ်။ နိုင်ငံရေးတုံ့ဆိုင်းနေတာတွေဖြစ်ပေါ်နေချိန်မှာ သမ္မတရဲ့ နိုင်ငံတော်အဆင့်မိန့်ခွန်းပြောကြားတာကို ရွှေ့ဆိုင်းဖို့ ဇန်နဝါရီ ၁၆ရက်မှာ အောက်လွှတ်နော် ဥက္ကဌ မီးစ်ပီလိုစီက…

Read More

ရသေ့တောင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်စာတင်

ရသေ့တောင်၊ ဇန်န၀ါရီ ၁၈-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးတာဝန်ယူထားကြတဲ့ အုပ်ချုပ်ရေးမှူး ၃၀ တို့ဟာ လက်ရှိတာဝန်ကနေအနားယူနိုင်ရေးအတွက် နှုတ်ထွက်စာတင်ခဲ့ကြတာဖြစ်ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ အခုလိုမျိုး လက်ရှိတာဝန်ကအနားယူနိုင်ရေးအတွက် နှုတ်ထွက်ဖို့ပြင်ဆင်ခဲ့ ကြတာဟာ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ လတ်တလောအခြေအနေတွေကြောင့် ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ တချို့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်ဆီးပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ (၂) တို့နဲ့ အရေးယူမှုတွေပြုလုပ်နေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ “အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်စာတင်တယ်ဆိုတာဟုတ်ပါတယ်။ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးက မထွက်ကြဖို့ တားမြစ်တယ်။ ပြီတော့ သူတို့ရဲ့အခက်အခဲတွေကိုလည်း အထက်ကိုတင်ပြပေးမယ်လို့ ပြောထားတဲ့အတွက် လောလောဆယ်မှာတော့ မထွက်သေးဘူး။”လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အချိန်ကနေ စတင်ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို တစ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ AA အဖွဲ့နဲ့ဆက်သွယ်မှုတွေ ပြုလုပ်တယ်ဆိုပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။ “ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆိုတာက…

Read More

 သရေခေတ္တရာ ရှေးဟောင်းဇုံက လေးမျက်နှာဂူဘုရား ဖောက်ထွင်းခံရ

ပြည် ဇန်နဝါရီ ၁၈-၂၀၁၉ လမင်း (ပြည် VOM) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခတ္တရာရှေးဟောင်းဇုံထဲက လေးမျက်နှာဂူဘုရားကို ဇန်နဝါရီလ ၁၆ ရက်နေ့ကဖောက်ထွင်းခံခဲ့ရကြောင်း ပြည်မြို့နယ် အမှတ် (၃) ရဲစခန်းမှ သိရပါတယ်။ ပြည်မြို့နယ် မဋ္ဌောကျေးရွာ ဘောဘောကြီးဘုရားအနီးက လေးမျက်နှာဂူဘုရားရဲ့ ထိပ်အလည်တည့်တည့်က အင်္ဂဒေကိုင်ထားတဲ့ ရေပိတ်တော်ကို ဖေါက်ထွင်းခဲ့တာဖြစ်ပြီး အလျား ၄ ပေ ၊ အနံ ၁ ပေခွဲနဲ့ အနက် ၁ ပေခွဲခန့် ဖေါက်ထွင်းခံခဲ့ရတာဖြစ်ပါတယ်။ ဖေါက်ထွင်းခံရမှုနဲ့ပတ်သက်လို့ ခေတ်သစ်ပြုပြင်ထိန်းသိမ်းထားတဲ့ လက်ရာတွေသာ ပျက်ဆီးခဲ့ပြီး ရှေးယခင်မူလရှေးဟောင်း စေတီကို ထိခိုက်မှုမရှိဘူးလို့ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (သရေခေတ္တရာဌာနစု) လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းကပြောပါတယ်။ “အပေါ်ပိုင်းရေပိတ်လွှာအားလုံးက ခေတ်သစ်လက်ရာပါ။ သုံးထားတဲ့ပစ္စည်းတွေကတော့ ရှေးဟောင်းအမွေအနှစ်ပတ်သက်ပြီးမရှိဘူး။ စေတီကတော့ ရှေးဟောင်းအမွေအနှစ်ဖြစ်တယ်။ ကမ္ဘာ့အမွေအနှစ်မဝင်ခင်ကပြင်ထားခဲ့တော့ အင်္ဂဒေကလည်း မူလအင်္ဂဒေမဟုတ်ဘူး ခေတ်သစ် အင်္ဂဒေ။…

Read More

မြန်မာပြည် ပြန်ပို့မှာစိုးရိမ်လို့ အိန္ဒိယမှာရောက်နေတဲ့ ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေကြ

ကော့ဘဇား၊ ဇန်န၀ါရီ-၁၈-၂၀၁၉ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ ဘင်္ဂါလီရာပေါင်းများစွာဟာ မြန်မာနိုင်ငံကို ပြန်ပို့မှာကို စိုးရိမ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြတယ်လို့ ဘင်္ဂါလီအသိုင်းအ၀ိုင်းခေါင်းဆောင်တွေက ပြောပါတယ်။ အောက်တိုဘာလအတွင်း ဘင်္ဂါလီအမျိုးသားခုနှစ်ဦးနဲ့ ယခုဇန်န၀ါရီ အစောပိုင်းက ဘင်္ဂါလီ မိသားစုငါးဦးကို အိန္ဒိယက မြန်မာနိုင်ငံဘက်ကို ပြန်ပို့လိုက်ပြီးနောက်ပိုင်းကစလို့ လအနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို ဘင်္ဂါလီ ၂၀၀၀ ဦး ထွက်ပြေးလာကြတယ်လို့ ဘင်္ဂလားဒ့ရှ်မှာနေထိုင်တဲ့ ဘင်္ဂါလီလူငယ်ခေါင်း ဆောင်တစ်ဦးဖြစ်သူ မိုဟာမက် အာရာဖတ်က ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ နောက်ထပ်ကျန်ရှိနေသေးတဲ့ ဘင်္ဂါလီတွေကလည်း ဘင်္ဂလားဒေ့ရှ်ကို လာဖို့အတွက် ပြင်ဆင်နေကြတယ်လို့ အာရာဖတ်နဲ့ အခြား မွတ်စလင်အသိုင်းအ၀ိုင်းခေါင်းဆောင်တစ်ဦးကဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ဘင်္ဂါလီတွေကို တရားမ၀င်လာရောက်နေထိုင်သူတွေအဖြစ်သတ်မှတ်ထားပြီး နေရာအနှံ့မှာနေထိုင်နေကြတဲ့ ၎င်းတို့ကို စိစစ်ပြီး မိခင်တိုင်းပြည်ကိုပြန်ပို့ဖို့ အမိန့်ထုတ်ထားတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာတဲ့ ဘင်္ဂါလီတွေအားလုံး ဘေးကင်းလုံခြုံပြီး အထောက်အပံ့အကူအညီတွေ ရရှိနေတယ်လို့…

Read More

အသက် ငါးနှစ်အောက် ကလေးငယ်တွေအတွက် ခေတ်သစ်ဖောင်ဒေရှင်းမှ ကျန်းမာရေးစောင့်ရှောက်ပေးမည်

ရန်ကုန် ဇန်နဝါရီ ၁၈- ၂၀၁၉ သင်းသဒ္ဒါ(VOM) အသက်၅နှစ်အောက် ကလေးငယ်တွေအတွက်  အဆိုတော် လင်းလင်း နဲ့ ချစ်သုဝေတို့ရဲ့သမီး ငယ်လေးတွေဖြစ်တဲ့  ခေတ် နဲ့ သစ် တို့ရဲ့ ခေတ်သစ် ဖောင်ဒေးရှင်းကနေ ကျန်းမာရေး စောင့်ရှောက်မှုပေးသွားမှာဖြစ်ပါတယ်။ ခေတ်သစ် လူမှုကူညီရေး ဖောင်ဒေးရှင်းမှာ အလုပ်အမှုဆောင် ချစ်သုဝေက  ”ညီမတို့နိုင်ငံမှာ ကလေးတွေအတွက် ကျန်းမာရေး ဖောင်ဒေးရှင်း ဆိုတာရှားပါတယ် ၊ အဲ့ဒါကြောင့် အသက်(၅) နှစ်အောက်ကလေးတွေ ရဲ့ ကျန်းမာရေးကို အဓိကထားစောင့်ရှောက်သွားမှာပါ ၊ လတ်တလောအနေနဲ့ဆို နှလုံးအပေါက်ပါတဲ့ ကလေးငယ်လေးအတွက် လှူဒါန်းစောင့်ရှောက်တာတော့ရှိနေပါတယ် ၊ ဒီကလေးတွေ ရဲ့ ဒုက္ခ ၊မိသားစု ရဲ့ ဒုက္ခတွေကို တစ်ဖက်ကနေ  ကူညီနိုင်တာမျိုးလည်းရှိပါတယ်”လို့  ဆိုပါတယ် ။     သူတို့ရဲ့  အမွှာသမီးငယ်လေးများဖြစ်တဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် …

Read More

စက်သုံးဆီ အရည်အသွေး အခြင်အတွယ် မှန်ကန်ပြည့်ဝမှုရှိမရှိ တိုင်ကြားပါက တိတိကျကျ တိုင်ကြားနိုင်

နေပြည်တော်၊ ဇန်န၀ါရီ ၁၈- ၂၀၁၉ ဒီပ(နေပြည်တော် VOM) ပုဂ္ဂလိကစက်သုံးဆီ သိုလှောင်ကန်စခန်းများနဲ့ အရောင်းဆိုင်များက သိုလှောင်ဖြန့်ဖြူး ရောင်းချနေတဲ့ စက်သုံးဆီများကို  သတ်မှတ်အရည်အသွေးနဲ့ အခြင်အတွယ် မှန်ကန်ပြည့်ဝဖို့ အထူးအလေးထား ဆောင်ရွက်သွားဖို့ လိုပြီးတော့ နစ်နာသူတွေအနေနဲ့ တိုင်ကြားပါက တိတိကျကျ တိုင်ကြားနိုင်ကြောင်း လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ဇန်န၀ါရီ(၁၇)ရက် သတင်းထုတ်ပြန်ပွဲမှာ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ MPPEမှာ ဖုန်းနံပတ်တွေပေးထားပါတယ် အဲ့ဒီကိုဆက်ပြီး တိုင်ကြားနိုင်ပါတယ် ဒါဆိုရင် ရှောင်တခင် ၀င်ရောက်စစ်ဆေးတာမျိုးလုပ်မယ် ဒါပေမယ့် ဖုန်းနဲ့တိုင်ကြားခြင်းအားဖြင့် ပွင့်ပွင့်လင်းလင်း ပြောရရင် ကွှန်တော်တို့ကိုလည်း တိုင်ကြားတဲ့သူတွေရှိတယ် ကျွန်တော့ကိုတိုင်ရင် နာမည်တိတိကျကျပြော ဖုန်းနံပတ်ပေး ဘာလို့လည်းဆိုတော့ စစ်ဆေးအရေးယူ ပြီးပြီဆိုရင်လည်း ဒီလူကို လေးစားတဲ့အနေနဲ့ ပြန်ပြောလို့ရအောင် တစ်ချို့ကျတော့ စီးပွားရေး ပြိုင်ဘက်အချင်းချင်း တိုင်တဲ့ဟာတွေ ကြုံတွေ့နေရတယ် အဲ့ဒီတော့ တိုင်မယ်ဆိုရင်တော့ တိတိကျကျတိုင်ပါ”လို့ ဦးမင်းမင်းဦးက…

Read More
VOM News

FREE
VIEW