မြန်မာပြည် ပြန်ပို့မှာစိုးရိမ်လို့ အိန္ဒိယမှာရောက်နေတဲ့ ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေကြ

ကော့ဘဇား၊ ဇန်န၀ါရီ-၁၈-၂၀၁၉

မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ ဘင်္ဂါလီရာပေါင်းများစွာဟာ မြန်မာနိုင်ငံကို ပြန်ပို့မှာကို စိုးရိမ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြတယ်လို့ ဘင်္ဂါလီအသိုင်းအ၀ိုင်းခေါင်းဆောင်တွေက ပြောပါတယ်။

အောက်တိုဘာလအတွင်း ဘင်္ဂါလီအမျိုးသားခုနှစ်ဦးနဲ့ ယခုဇန်န၀ါရီ အစောပိုင်းက ဘင်္ဂါလီ မိသားစုငါးဦးကို အိန္ဒိယက မြန်မာနိုင်ငံဘက်ကို ပြန်ပို့လိုက်ပြီးနောက်ပိုင်းကစလို့ လအနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို ဘင်္ဂါလီ ၂၀၀၀ ဦး ထွက်ပြေးလာကြတယ်လို့ ဘင်္ဂလားဒ့ရှ်မှာနေထိုင်တဲ့ ဘင်္ဂါလီလူငယ်ခေါင်း ဆောင်တစ်ဦးဖြစ်သူ မိုဟာမက် အာရာဖတ်က ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ နောက်ထပ်ကျန်ရှိနေသေးတဲ့ ဘင်္ဂါလီတွေကလည်း ဘင်္ဂလားဒေ့ရှ်ကို လာဖို့အတွက် ပြင်ဆင်နေကြတယ်လို့ အာရာဖတ်နဲ့ အခြား မွတ်စလင်အသိုင်းအ၀ိုင်းခေါင်းဆောင်တစ်ဦးကဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ဘင်္ဂါလီတွေကို တရားမ၀င်လာရောက်နေထိုင်သူတွေအဖြစ်သတ်မှတ်ထားပြီး နေရာအနှံ့မှာနေထိုင်နေကြတဲ့ ၎င်းတို့ကို စိစစ်ပြီး မိခင်တိုင်းပြည်ကိုပြန်ပို့ဖို့ အမိန့်ထုတ်ထားတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာတဲ့ ဘင်္ဂါလီတွေအားလုံး ဘေးကင်းလုံခြုံပြီး အထောက်အပံ့အကူအညီတွေ ရရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ရှိ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးက ဇန်န၀ါရီ ၁၇ ရက်ကပြောပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံက လာရောက်တဲ့ ဒုက္ခသည်ဦးရေအလွန်နည်းပါးပြီး အများစုကတော့ အိန္ဒိယနိုင်ငံကနေ ယခုလအတွင်း လာရောက်ကြသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖီရက်စ်အယ်လ်ခါတီဘ် ကဆိုပါတယ်။

Ref : Press TV/ Reuter Photo: Raqib Hameed Naik

#voiceofmyanmar#ဘင်္ဂါလီ#အိန္ဒိယရောက်ဘင်္ဂါလီတွေဘင်္ဂလားဒေရှ်ထွက်ပြေး

Related posts

Leave a Comment

VOM News

FREE
VIEW