အသက် ငါးနှစ်အောက် ကလေးငယ်တွေအတွက် ခေတ်သစ်ဖောင်ဒေရှင်းမှ ကျန်းမာရေးစောင့်ရှောက်ပေးမည်

ရန်ကုန် ဇန်နဝါရီ ၁၈- ၂၀၁၉

သင်းသဒ္ဒါ(VOM)

အသက်၅နှစ်အောက် ကလေးငယ်တွေအတွက်  အဆိုတော် လင်းလင်း နဲ့ ချစ်သုဝေတို့ရဲ့သမီး ငယ်လေးတွေဖြစ်တဲ့  ခေတ် နဲ့ သစ် တို့ရဲ့ ခေတ်သစ် ဖောင်ဒေးရှင်းကနေ ကျန်းမာရေး စောင့်ရှောက်မှုပေးသွားမှာဖြစ်ပါတယ်။

ခေတ်သစ် လူမှုကူညီရေး ဖောင်ဒေးရှင်းမှာ အလုပ်အမှုဆောင် ချစ်သုဝေက  ”ညီမတို့နိုင်ငံမှာ ကလေးတွေအတွက် ကျန်းမာရေး ဖောင်ဒေးရှင်း ဆိုတာရှားပါတယ် ၊ အဲ့ဒါကြောင့် အသက်(၅) နှစ်အောက်ကလေးတွေ ရဲ့ ကျန်းမာရေးကို အဓိကထားစောင့်ရှောက်သွားမှာပါ ၊ လတ်တလောအနေနဲ့ဆို နှလုံးအပေါက်ပါတဲ့ ကလေးငယ်လေးအတွက် လှူဒါန်းစောင့်ရှောက်တာတော့ရှိနေပါတယ် ၊ ဒီကလေးတွေ ရဲ့ ဒုက္ခ ၊မိသားစု ရဲ့ ဒုက္ခတွေကို တစ်ဖက်ကနေ  ကူညီနိုင်တာမျိုးလည်းရှိပါတယ်”လို့  ဆိုပါတယ် ။

 

 

သူတို့ရဲ့  အမွှာသမီးငယ်လေးများဖြစ်တဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ်  နှစ်ဦးကိုယ်စားလူမှုအကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ” ခေတ်သစ်” ဖောင်ဒေးရှင်းကိုတော့ ယနေ့ မွန်းလွဲ ၂ နာရီက စာနယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်  Wyndhan Grand Yangon မှာပြုလုပ်ခဲ့ပါတယ်။

အဆိုပါဖောင်ဒေးရှင်းရဲ့ အဓိကရည်ရွယ်ကတော့အနာဂတ်ရင်သွေးငယ်တွေ ကျန်းမာကောင်းမွန်တဲ့  ဘဝပိုင်ဆိုင်နိုင်ဖို့  အမှန်တကယ် အကူအညီလိုအပ်နေတဲ့ အသက် ၅ နှစ်အောက် ကလေးသူငယ်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အနေနဲ့ နှလုံးအပေါက်ပါသူ ကလေးငယ်တွေကို စောင့်ရှောက်ကုသသွားမှာဖြစ်ပါတယ်။

”  ညီမအနေနဲ့ ဒီဖောင်းဒေးရှင်း လေးစတင်ပြီး ဖြစ်လာတာကတော့ ကိုယ်တိုင်က ကလေးချစ်တက်တာရယ် နောက် ကိုယ့်တိုင်းပြည်ကကလေးချစ်တတ်လာစေဖို့လည်း ပါပါတယ်။ ဒါကြောင့် ကိုယ်တိုင်ပရဟိတ လေးလုပ်ချင်တာကြောင့် သမီးလေးတွေ နာမည်နဲ့ ဖောင်းဒေးရှင်းလေးလုပ်ဖြစ်ခဲ့တာပါ ။ ကိုယ်တွေက အနုပညာရှင်ဇနီးမောင်နှံတွေဖြစ်တော့ ကိုယ့် ရဲ့ ပရိသတ်တွေအတွက်ရော ကောင်းတာလေးတွေပေးချင်တာလည်းပါပါတယ်”လို့ပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေက ခေတ်သစ် ဖောင်ဒေးရှင်းကို မတည်ငွေအဖြစ် သိန်း(၂၀၀) ကျပ်ကို မတည်ပြီးတော့ တည်ထောင်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားတွင် မွေးရာပါ နှလုံးရောဂါသည်များအတွင် နိုင်ငံတော်မှ လုပ်ဆောင်နိုင်မှုအားနည်းနေကြောင်း ၊ ထို့သို့ တဖက်တလမ်းမှ ဖောင်းဒေရှင်းဖွဲ့စည်းကာ တက်စွမ်းသ၍ထိရောက်စွာ ကူညီကုသနိုင်မှုများ ပြုလုပ်နိုင်ရန်ဖြစ်ကြောင်း သိရသည်။ ယင်း လှူဒါန်းမှုတွေကို စဉ်ဆက်မပြတ် ထိရောက်စွာ လှူဒါန်းနိုင်ရန်အတွက် သမီးငယ် နှစ်ဦးရဲ့ယခင်က လူမှုကွန်ယက်စာမျက်နှာမှာ ချစ်စရာ ကလေးနှစ်ယောက်ရဲ့ ချစ်စရာဟန်အမှုအယာနေတင်နေခဲ့သည်ကို  Forver Group Media ကနေ ကလေးငယ်တွေရဲ့ လှုပ်ရှားမှုတွေကို ” ခေတ်သစ်ကမ္ဘာငယ်” အမည်ရတဲ့ အစီအစဉ်တစ်ခု ရိုက်ကူးပြီးတော့ Channel 7 ရုပ်သံလိုင်းကနေ မတ် ၉ ရက်တွင် စတင်ပြီးတော့ ပတ်စဉ်စနေနေ့ ည (၈) နာရီအချိန်မှာ  ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါတယ်။

ဓာတ်ပုံ- သင်းသဒ္ဒါ

#voiceofmyanmar#လင်းလင်း#ချစ်သုဝေ#ခေတ်သစ်ဖေါင်ဒေးရှင်း#မေမြန်မာခေတ်#မေမြန်မာသစ်

 

Related posts

Leave a Comment

VOM News

FREE
VIEW