အမေရိကန်- မြောက်ကိုရီးယား  ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲ ဖေဖော်ဝါရီနှောင်းပိုင်းမှာ ကျင်းပတော့မည်

ဝါရှင်တန်၊ ဇန်န၀ါရီ-၁၉

မျိုးဆက် (VOM)

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့  ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သမ္မတထရန့်နဲ့ မြောက်ကိုရီးယားထိပ်တန်းကိုယ်စားတို့ တွေ့ဆုံးပြီးနောက် အိမ်ဖြူတော်က ဇန်န၀ါရီ ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒေါ်နယ်ထရန့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ထိပ်တန်းလက်ထောက်တစ်ဦးဖြစ်တဲ့ ကင်ယုံချောနဲ့ နျူကလီးယားစွန့်လွှတ်ရေးနဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တစ်နာရီခွဲကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ နှစ် ဇွန်လက စင်္ကာပူနိုင်ငံမှာ သမ္မတထရန့်နဲ့ ကင်ဂျုံအန်တို့အကြား ပထမအကြိမ်ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ပြီးနောက်ပိုင်းမှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအကြား ဆွေးနွေးမှုတွေမှာ တိုးတက်မှုအနည်းငယ်သာရှိခဲ့ပါတယ်။

ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲကို ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အိမ်ဖြူတော်ကတော့ ဒီကိစ္စနဲပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

နျူကလီးယားစွန့်လွှတ်ရေးဆိုင်ရာ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တိုးတက်ဖြစ်ထွန်းမှုတွေ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ သို့သော်  မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့အရေးယူပိတ်ဆို့မှုတွေကိုတော့ ဆက်လက်ထားရှိဦးမယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဆာရာဆန်ဒါက ပြောပါတယ်။

Ref: CNA

Photo: AFP

Related posts

✕
VOM News

FREE
VIEW