မက္ကဆီကိုမှာ ရေနံပိုက်လိုင်းပေါက်ကွဲမှုကြောင့် လူ ၂၁ ဦးထက်မနည်းသေဆုံး၊ ၇၀ ကျော်ဒါဏ်ရာရ

မက္ကဆီကိုစီးတီး၊ ဇန်န၀ါရီ-၁၉-၂၀၁၉ မျိုးဆက် (VOM) မက္ကဆီကိုနိုင်ငံမှာ ဇန်န၀ါရီ ၁၈ ရက်အစောပိုင်းက ရေနံပိုက်လိုင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် လူ ၂၁ ဦးထက်မနည်းသေဆုံးပြီး ၇၁ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါ ပေါက်ကွဲမှုဟာ မက္ကဆီကိုမြို့တော်ရဲ့ မြောက်ဘက် ဟီဒယ်ဂိုပြည်နယ်မှာရှိ မြို့တစ်မြို့မှာ သွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းကို ရေနံသူခိုးတွေက ဖောက်ပြီးခိုးယူပြီးနောက် ပေါက်ကွဲမှုဖြစ်ပွား ခဲ့တာဖြစ်ပါတယ်။ ဇန်န၀ါရီ ၁၈ ရက်ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ လူဒါဇင်ပေါင်းများစွာဟာ ယိုဖိတ်နေတဲ့ ရေနံတွေကို ထည့်စရာတွေနဲ့ ခပ်ယူနေကြတယ်လို တာဝန်ရှိသူတွေက ပြောဆိုပြီးအခင်းဖြစ်ရာနေရာမှာ ကြီးမားတဲ့ မီးတောက်မီးလျှံတွေထွက်ပေါ်ခဲ့ပြီး လူတွေမီးလောင်နေတာတွေကိုလည်း ဒေသတွင် ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်ခဲ့ပါတယ်။ သေဆုံးသူအရေအတွက်ဟာ မြင့်တက်လာနိုင်ကြောင်း ဟီဒယ်ဂို ပြည်နယ်အုပ်ချုပ်ရေးမှူး အိုမာဖာရက်က ပြောဆိုပြီး အရေးပေါ်ကယ်ဆယ်ရေးဌာနက မီးလောင်ကျွမ်းခဲ့တဲ့ နေရာမှာ ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒေသအခေါ် ဟူချီကိုလီယိုလို့ လူသိများတဲ့ ရေနံသူခိုးတွေဟာ မက္ကဆီကိုနိုင်ငံ…

Read More

ဂီတနဲ့ ပတ်သက်ရင် အရှုံးအမြတ် မတွက်ဘူးဆိုတဲ့ အောင်ထက်

ရန်ကုန် ဇန်နဝါရီ ၁၉-၂၀၁၉ သင်းသဒ္ဒါ (VOM) အိပ်မက်ဆုံရာက အဆိုတော် အောင်ထက်ကတာ့ ဂီတနဲ့ ပတ်သက်ရင် အရှုံးအမြတ် မတွက်ဘူးဆိုပါတယ်။  ‘ ကျွန်တော်အနေနဲ့ ဂီတနဲ့ ပတ်သက်ရင် ရှုံးခြင်း မြတ်ခြင်းကို မကြည့်ပဲလုပ်ဆောင်ဖြစ်တယ် ။ငွေကြေးထက် အနုပညာ အလုပ်ကို အမြဲတမ်းလုပ်ကိုင်ခွင့်ရချင်တာပါ။ ဂီတဆိုတဲ့ အရာကိုအမြဲတမ်း ဖက်တွယ်ပြီးတော့ နေနေရရင် ကျွန်တော့်အတွက်က အရာရာတိုင်အဆင်ပြေပါတယ်။ ဂီတလုပ်နေရရင်ပဲ အောင်မြင်မှု ရတယ်လို့ ပြောလို့ရပါတယ်”လို့ဆိုပါတယ် ။ သူကတော့ လတ်တလော နန်းစံသူ ပိုးထည်တိုက်မှာ အဆိုတော်တွေဖြစ်တဲ့ ဖြိုးပြည့်စုံ ၊ ဇွဲပြည့် ၊ဖိုးပြည့်(မင်းသားကြီး) ၊ ထက်လျှံမှူး(မွန်မလေးစီသို့)၊ ဇင်ဘိုထက်(ဂေါင်)၊ခင်စုစုနိုင် ၊ ဂေဂေး ၊ ဝတ်ရည်ထက်တိုနဲ့အတူ တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။ ”ကျွန်တော် နှစ် အခွေထဲက သီချင်းတွေ တော်တော်များများတော့ ရိုက်ကူးတာ ပြီးနေပါပြီ ။…

Read More

ဘူးသီးတောင်က စစ်ဘေးရှောင်တချို့ နေရပ်ပြန်သူရှိပေမယ့် တချို့ထပ်မံထွက်ပြေးရ

ဘူးသီးတောင်၊ ဇန်နဝါရီ ၁၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေထဲက တချို့ကျေးရွာသားတွေဟာ မနေ့က မိမိနေရပ်ကို ပြန်လည်သွားရောက်ခဲ့ကြပြီဖြစ်ပါတယ်။ လက်ရှိတချို့ဒေသတွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခြင်းမရှိဘဲ တည်ငြိမ်မှုတွေရှိနေပြီမို့ မိမိတို့ရဲ့ အလုပ်အကိုင်တွေကို ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် စံဂိုးထောင်ကျေးရွာကိုလာရောက်ခိုလှုံခဲ့ကြတဲ့ ဥယျာဉ်သာ ကျေးရွာသားတွေ အခုလိုနေရပ်ပြန်သွားခဲ့ကြတာဖြစ်ပါတယ်။ “ကျွန်မတို့က တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ကြောက်ပြီးထွက်ပြေးလာခဲ့ကြတာပါ။ အခုမဖြစ်တော့ဘူးဆိုတော့ ကိုယ့်ရွာကို ပြန်တာပေါ့နော်။ အလုပ်တွေလည်းရှိတယ်။ ကျွဲနွားတွေ၊ ကြက်တွေအကုန်ကျန်ခဲ့တာ။ အိမ်တွေကိုလည်း လူမနေဘဲဒီတိုင်းတာရှည်ထားလို့မဖြစ်ဘူး။ ဒါကြောင့်ပြန်တာပါ။”လို့ ဥယျာဉ်သာကျေးရွာသူတစ်ဦးက ပြောသည်။ အဲဒီကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ကြောက်ရွံ့ပြီး စံဂိုးထောင်ကျေးရွာကို ရွာသား ၂၁၀ ကျော် လာရောက်ခိုလှုံခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ကံပြင်ကျေးရွာက မိသားစုတစ်ချို့တို့လည်း ဒေသတည်ငြိမ်နေပြီဖြစ်တဲ့အတွက် မနေ့ ဇန်နဝါရီ ၁၈ ရက်နေ့က နေရပ်သို့ပြန်လည် သွားရောက်ခဲ့ပြီး…

Read More

ချယ်ဆီးကိုရှုံးရင် ချန်ပီယံလိဂ်ဝင်ခွင့် အဆုံးသတ်သွားမယ်လို့ အာဆင်နယ်အသင်းသားတွေကို နည်းပြအမ်မရီ သတိပေး

လန်ဒန်၊ ဇန်န၀ါရီ-၁၉-၂၀၁၉ ရန်နိုင်ထွန်း (VOM) ချယ်ဆီးအသင်းနဲ့ ဇန်န၀ါရီ ၁၉ ရက်မှာ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့်လေးအတွင်းရပ်တည်နိုင်ဖို့ အဆုံးသတ်သွားမယ်လို့ အာဆင်နယ် အသင်းသားတွေကို နည်းပြဖြစ်သူ အူနိုင်းအမ်မရီက သတိပေးပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ချယ်ဆီးအသင်းကို အိမ်ကွင်းအမ်မရိတ်မှာ လက်ခံကစားရမှာဖြစ်ပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ အဆင့်လေးနေရာက ချယ်ဆီးအသင်းနဲ့ ကိုးမှတ်အထိကွာဟာသွားမှာဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ပွဲ ၂၂ ပြီးချိန်မှာတော့ အာဆင်နယ်အသင်းဟာ ရမှတ် ၄၁ မှတ်နဲ့ အဆင့်ငါးနေရာမှာ ရပ်တည်နေပါတယ်။ တစ်ကယ်လို့ဒီနေ့အစောပိုင်းမှာ ကစားမယ့် မန်ယူနဲ့ ဘရိုက်တန်ပွဲစဉ်မှာ မန်ယူအသင်းကသာ ရလဒ်ကောင်းမွန်ခဲ့မယ်ဆိုရင်တော့ အာဆင်နယ်အသင်းဟာ အဆင့်ခြောက်နေရာကို ရောက်ရှိသွား နိုင်ပါတယ်။ စနေနေ့မှာ ကစားရမယ့် ချယ်ဆီးနဲ့ပွဲစဉ်မှာ ရလဒ်မကောင်းခဲ့ရင်တော့ အဆင့်လေးနေရာဝင်ဖို့ အဆုံးသတ်သွားနိုင်ပါတယ်။ ဒါပေမယ့် ချယ်ဆီးအသင်းကိုလိုက်မှီဖို့ အခွင့်အလမ်း တွေရှိနေပါတယ်။ ပရီးမီးယားလိဂ် ၃၈…

Read More

အမေရိကန်- မြောက်ကိုရီးယား  ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲ ဖေဖော်ဝါရီနှောင်းပိုင်းမှာ ကျင်းပတော့မည်

ဝါရှင်တန်၊ ဇန်န၀ါရီ-၁၉ မျိုးဆက် (VOM)   အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့  ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သမ္မတထရန့်နဲ့ မြောက်ကိုရီးယားထိပ်တန်းကိုယ်စားတို့ တွေ့ဆုံးပြီးနောက် အိမ်ဖြူတော်က ဇန်န၀ါရီ ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ထိပ်တန်းလက်ထောက်တစ်ဦးဖြစ်တဲ့ ကင်ယုံချောနဲ့ နျူကလီးယားစွန့်လွှတ်ရေးနဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တစ်နာရီခွဲကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ် ဇွန်လက စင်္ကာပူနိုင်ငံမှာ သမ္မတထရန့်နဲ့ ကင်ဂျုံအန်တို့အကြား ပထမအကြိမ်ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ပြီးနောက်ပိုင်းမှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအကြား ဆွေးနွေးမှုတွေမှာ တိုးတက်မှုအနည်းငယ်သာရှိခဲ့ပါတယ်။ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲကို ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အိမ်ဖြူတော်ကတော့ ဒီကိစ္စနဲပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ နျူကလီးယားစွန့်လွှတ်ရေးဆိုင်ရာ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တိုးတက်ဖြစ်ထွန်းမှုတွေ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ သို့သော်  မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့အရေးယူပိတ်ဆို့မှုတွေကိုတော့ ဆက်လက်ထားရှိဦးမယ်လို့…

Read More

အကယ်ဒမီစိစစ်ရေးအဖွဲ့က သန့်သန့်လေးသွားနေတာလို့ အဖွဲ့ဥက္ကဌ ဦးကြည်စိုးထွန်းဆို

ရန်ကုန် ဇန်နဝါရီ ၁၉- ၂၀၁၉ သင်းသဒ္ဒါ   ၂၀၁၈ ခုနှစ်မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုအတွက်  အကဲခတ်ကြည့်ရှုတဲ့အခါ စိစစ်ရေးအဖွဲ့က ရိုးရိုးသားသား သန့်သန့်လေးသွားနေတာပါလို့  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက နဲ့  အကယ်ဒမီ စိစစ်အဖွဲ့ဥက္ကဌ ဦးကြည်စိုးထွန်း ကဆိုပါတယ်။   “အရင်နှစ်တွေကတော့  အဂတိလိုက်စားမှုရှိတယ်လို့ အသံတွေထွက်ခဲ့တာကြောင့် ဒီနှစ်မှာတော့ စည်းမျဉ်း၊ စည်းကမ်းတွေပတ်သက်ပြီး  အကောင်းဆုံး သမာသမတ်ကျကျလုပ်ဆောင်နေပါတယ်။ အရင်ကဆိုရင်  ဖုန်းဆက်ပြီးတော့ ဆုတွေအတွက် ပြောလာတာရှိပါတယ်။ နောက် Message နဲ့လာတယ်။ ဒါမျိုးတွေ ရှိခဲ့ပါတယ်။ အဲဒါတွေကြောင့် အကယ်ဒမီဆုပေးပွဲ မတိုင်ခင် အသံတွေ ထွက်လာခဲ့တယ်။ ဒါကို ဒီနေ့မှာ ဖြေရတာက အဲလိုမလာအောင် လုပ်တာပါ။ တို့ ရုပ်ရှင်သမားတွေထဲက ဖုန်းဆက်တယ်။ Message ပို့တာတွေက မသမာနည်းတွေပါ။ မိသွားရင် နှစ်ဘက်လုံးအတွက် မကောင်းပါဘူး။ မသမာနည်း အဲလိုလုပ်ဆောင်ဟာကို သိ…

Read More

ယဉ်ကျေးမှုဒေသများ ထိန်းသိမ်းရေး ဥပဒေမူကြမ်းကို ပုဂံဒေသခံများ ကန့်ကွက်

ဇန်နဝါရီ ၁၉၊ ၂၀၁၉ အောင်မြင့် (VOM) ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့က အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ယဉ်ကျေးမှုဒေသများ ထိန်းသိမ်းရေး ဥပဒေမူကြမ်းဟာ ပုဂံယဉ်ကျေးမှုနယ်မြေလို နေရာမှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေကို အခက်အခဲတွေ ဖြစ်စေတယ်ဆိုပြီး ပုဂံဒေသခံတွေက ကန့်ကွက်နေကြတာပါ။ ဒီဥပဒေ မူကြမ်းမှာ ပါဝင်တဲ့ အချက်အလက်တွေဟာ ရှေးဟောင်းအဆောက်အဦတွေ၊ စေတီပုထိုးတွေကို အမှန်တကယ်ကာကွယ်ပေးနိုင်မှု အားနည်းနေတဲ့အပြင်၊ တဖက်မှာလည်း ရှေးဟောင်းဇုံနဲ့ လွတ်ကင်းတဲ့ ပတ်ဝန်းကျင်က ဒေသခံတွေအတွက် နေအိမ်ဆောက်တာ၊ ခြံစည်းရိုးခတ်ဖို့ မြေကျင်းတူးတာလိုမျိုးတွေမှာ ခက်ခဲမှုတွေ ဖြစ်လာစေတာကြောင့်၊ ဒီဥပဒေကို ပြင်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ ဒီဥပဒေဟာ ဘယ်လို အားနည်းချက်တွေရှိနေလဲ၊ ဒေသခံတွေကို ဘယ်လိုတွေ အခက်အခဲဖြစ်နေစေသလဲ ဆိုတာတွေကို အောင်မြင့်က ရိုက်ကူးပေးပို့ထားပါတယ်။

Read More

ဘင်္ဂါလီတွေပြန်လည်လက်ခံရေး မြန်မာနိုင်ငံရဲ့ လုပ်ဆောင်မှုတွေ အလွန်နှေးကွေးနေတယ်လို့ ကုလအကြီးအကဲဝေဖန်

နယူးယောက်၊ ဇန်န၀ါရီ-၁၉ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်မှာရောက်ရှိနေတဲ့ ဘင်္ဂါလီဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်လာရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့အားထုတ် လုပ်ဆောင်မှုတွေဟာ အလွန်နှေးကွေးနေတယ်လို့ ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ဇန်န၀ါရီ ၁၈ ရက်မှာ ဝေဖန်ပြောဆိုလိုက်ပြီး ဒီအတွက် အလွန်စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံသဘောတူညီချက်အရ စိစစ်ထားတဲ့ ဘင်္ဂါလီတွေကို ပြန်လည်လက်ခံဖို့အတွက် သဘောတူညီထားပါတယ်။ ဒါပေမယ့် ၎င်းတို့ပြန်လာရေးမှာ ဘေးကင်းလုံခြုံစိတ်ချရဖို့အတွက် ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။ ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အားထုတ်မှုတွေဟာ တိုးတက်ဖြစ်ထွန်းမှု နည်းပါးတဲ့အတွက် အလွန်စိတ်ပျက်မိတယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဂူတာရက်စ်က ပြောပါတယ်။ ၎င်းတို့မြန်မာနိုင်ငံကို ပြန်လာချင်စိတ်ရှိအောင် အခြေအနေတွေ ဖန်တီးဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံကို မိမိတို့တောင်းဆိုထားပြီး မြန်မာနိုင်ငံရဲ့ တုံ့ပြန်မှုတွေက အလွန်နှေးကွေးနေတယ်လို့ ၎င်းကဆိုပါတယ်။ ရခိုင်ပြည်နယ်ကို သွားရောက်မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်ကြီး ဖီးလစ်ဂရန်ဒီရဲ့ ခရီးစဉ်ကိုလည်း ပြည်နယ်အတွင်း…

Read More

တိုက်ပွဲတွေကြောင့် ရေရှည်မှာရခိုင်ပြည်နယ်ရဲ့ စီးပွားရေးတွေထိခိုက်လာနိုင်တယ်လို့ လုပ်ငန်းရှင်တွေသုံးသပ်

စစ်တွေ၊ ဇန်န၀ါရီ ၁၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် အဲဒီဒေသတွေမှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ စားဝတ်နေရေး စတဲ့ကိစ္စရပ်တွေအပေါ် ထိခိုက်မှုတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ အခုလိုတိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသမတည်မငြိမ်မှုတွေကြောင့် ဒေသတွင်းတစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်မှုရှိနေကြောင်းနဲ့ တချို့ဒေသတွေမှာ သွားလာရေးအခက်အခဲရှိတဲ့အတွက် လုပ်ငန်းတွေကိုရပ်ဆိုင်းထားရတာတွေ ရှိနေတာဖြစ်ပါတယ်။ “တိုက်ပွဲတွေဖြစ်နေတော့ အရင်လိုသွားလာရေးလည်း သိပ်အဆင်မပြေတော့ဘူးလေ။ ဒါကြောင့် ကုန်အရောင်းအ၀ယ် လုပ်ငန်းတွေကို ရပ်ထားလိုက်ရတာပေါ့။ တချို့အဲဒီဒေသတွေမှာရှိတဲ့ တပိုင်တနိုင်စီးပွားရေးတွေဆိုလည်း အလုပ်မဖြစ် တော့ဘူးပေါ့။ ထိခိုက်မှုတွေတော့ရှိပါတယ်။”လို့ ကျောက်တော်မြို့နယ်အတွင်းမှ ကုန်သည်တစ်ဦးကပြောသည်။ ဒေသခံကျေးရွာသားတွေလည်း မိမိတို့ရဲ့စီးပွားရေးအလုပ်အကိုင်တွေကို စွန့်လွှတ်ထားခဲ့ကြရပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာဖြစ်ပါတယ်။ “ဒီစစ်ပွဲတွေဖြစ်နေတဲ့အတွက် ရခိုင်တစ်ပြည်နယ်လုံးရဲ့ စီးပွားရေးဟာ ရေရှည်မှာထိခိုက်လာနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဓိကက ဒေသမတည်ငြိမ်ရင် အလုပ်အကိုင်တွေအဆင်မပြေဘူး။ အခုတိုက်ပွဲသတင်းတွေကြောင့် မြောက်ဦးလို ရှေးဟောင်းနယ်မြေတွေကို နိုင်ငံခြားခရီးသွားတွေ လာရောက်လည်ပတ်မှု ကျဆင်းသွားတယ်။ ဒါဟာ ဒေသ၀င်ငွေကျဆင်း တာပဲ။ စီးပွားရေးကျဆင်းတာပါပဲ။”လို့…

Read More

ဒေါက်တာအေးမောင်ရဲ့ဟောပြောချက်ဟာ ယေဘုယျဆန်တဲ့နိုင်ငံရေးဟောပြောမှုဖြစ်ကြောင်း ဥပဒေအရာရှိက တရားလွှတ်တော်မှာလျှောက်လဲခဲ့

စစ်တွေ၊ ဇန်န၀ါရီ ၁၉-၂၀၁၉ ခိုင်လင်းစံ (VOM) ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့အမှုကို ခြေဖျက်ပေးဖို့အတွက် ရခိုင်ပြည်နယ်တရားလွှတ်တော်ကို ဒုတိယအကြိမ်လျှောက်ထားခဲ့ကြရာမှာ ရခိုင်ပြည်နယ် ဒုတိယဥပဒေအရာရှိက ဒေါက်တာအေးမောင်ရဲ့ ဟောပြောချက် တွေဟာ ယေဘုယျဆန်တဲ့နိုင်ငံရေးဟောပြောမှုသာဖြစ်တယ်လို့ လျှောက်လဲချက်ပေးခဲ့ကြောင်း ဒေါက်တာအေးမောင်က မနေ့ကရုံးထုတ်မှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီလျှောက်ထားချက်ကိုတော့ ရခိုင်ပြည်နယ်တရားလွှတ်တော်က စီရင်ထုံးနှစ်ခုနဲ့ ထပ်မံပယ်ချလိုက်တာဖြစ်တဲ့ အတွက် ခရိုင်တရားရုံးမှာ ဆက်လက်ပြီး အမှုရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ “ပြည်နယ် ဒုတိယဥပဒေအရာရှိကတော့ ဒေါက်တာအေးမောင်ရဲ့ဟောပြောချက်ဟာ နိုင်ငံရေးဆန်ဆန်ယေဘုယျသဘော တရားတွေကိုပဲ ဟောပြောခဲ့တာဖြစ်တယ်။ ပြည်သူတွေနိုင်ငံရေးအသိစိတ်ဓါတ်ရရှိအောင် ပြောကြားခဲ့တာဖြစ်တယ်လို့ သုံးသပ်တွေ့ရှိရတယ်လို့ လျှောက်လဲချက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်ဝါ၀ါထွန်းကတော့ စီရင်ထုံးနှစ်ခုနဲ့ အောက်ကိုချပစ် တယ်”လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။ တရားလိုဘက်က သက်သေခံအဖြစ်တင်သွင်းထားတဲ့ စီဒီခွေဟာ တစ်ဆင့်ခံကူးယူထားတဲ့ခွေဖြစ်တာကြောင့် သက်သေခံ အဖြစ်လက်မခံခဲ့ပေမယ့် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ဝါ၀ါထွန်းကတော့ သက်သေခံဝင်ကြောင်း လက်ခံထားတယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။ “စီဒီခွေက တစ်ဆင့်ခံကူးထားတဲ့ခွေပါ။…

Read More
VOM News

FREE
VIEW