ချယ်ဆီးကိုရှုံးရင် ချန်ပီယံလိဂ်ဝင်ခွင့် အဆုံးသတ်သွားမယ်လို့ အာဆင်နယ်အသင်းသားတွေကို နည်းပြအမ်မရီ သတိပေး

လန်ဒန်၊ ဇန်န၀ါရီ-၁၉-၂၀၁၉
ရန်နိုင်ထွန်း (VOM)
ချယ်ဆီးအသင်းနဲ့ ဇန်န၀ါရီ ၁၉ ရက်မှာ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့်လေးအတွင်းရပ်တည်နိုင်ဖို့ အဆုံးသတ်သွားမယ်လို့ အာဆင်နယ် အသင်းသားတွေကို နည်းပြဖြစ်သူ အူနိုင်းအမ်မရီက သတိပေးပြောဆိုလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ချယ်ဆီးအသင်းကို အိမ်ကွင်းအမ်မရိတ်မှာ လက်ခံကစားရမှာဖြစ်ပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ အဆင့်လေးနေရာက ချယ်ဆီးအသင်းနဲ့ ကိုးမှတ်အထိကွာဟာသွားမှာဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ပွဲ ၂၂ ပြီးချိန်မှာတော့ အာဆင်နယ်အသင်းဟာ ရမှတ် ၄၁ မှတ်နဲ့ အဆင့်ငါးနေရာမှာ ရပ်တည်နေပါတယ်။ တစ်ကယ်လို့ဒီနေ့အစောပိုင်းမှာ ကစားမယ့် မန်ယူနဲ့ ဘရိုက်တန်ပွဲစဉ်မှာ မန်ယူအသင်းကသာ ရလဒ်ကောင်းမွန်ခဲ့မယ်ဆိုရင်တော့ အာဆင်နယ်အသင်းဟာ အဆင့်ခြောက်နေရာကို ရောက်ရှိသွား နိုင်ပါတယ်။
စနေနေ့မှာ ကစားရမယ့် ချယ်ဆီးနဲ့ပွဲစဉ်မှာ ရလဒ်မကောင်းခဲ့ရင်တော့ အဆင့်လေးနေရာဝင်ဖို့ အဆုံးသတ်သွားနိုင်ပါတယ်။ ဒါပေမယ့် ချယ်ဆီးအသင်းကိုလိုက်မှီဖို့ အခွင့်အလမ်း တွေရှိနေပါတယ်။ ပရီးမီးယားလိဂ် ၃၈ ပွဲကစားပြီးချိန်မှာတော့ မိမိတို့လိုချင်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့် လမ်းကြောင်းပေါ် ဆက်လက်လျှောက်လမ်းနိုင်မှာဖြစ်ပြီး ကစားသမားတိုင်းကလည်း ဒီလိုရည်မှန်း ချက်ရှိတယ်လို့ အာဆင်နယ်နည်းပြ အမ်မရီက ပြောပါတယ်။ အာဆင်နယ်အသင်းဟာ ယခင်အပတ်က ၀က်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ မှာ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့လို့ ချယ်ဆီးအသင်းနဲ့ သုံးမှတ်အကွာကနေ ခြောက်မှတ်အထိ ကွာဟသွားခဲ့ပြီး အဆင့်ခြောက်နေရာက မန်ယူအသင်းနဲ့ ရမှတ်တူ ဂိုးကွာချက်နဲ့အဆင့် ငါးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Ref : CNA Photo : AFP
#VOICEOFMYANMAR #ချယ်ဆီး#အာဆင်နယ်နည်းပြ

 

Related posts

Leave a Comment

VOM News

FREE
VIEW