မက္ကဆီကိုမှာ ရေနံပိုက်လိုင်းပေါက်ကွဲမှုကြောင့် လူ ၂၁ ဦးထက်မနည်းသေဆုံး၊ ၇၀ ကျော်ဒါဏ်ရာရ

မက္ကဆီကိုစီးတီး၊ ဇန်န၀ါရီ-၁၉-၂၀၁၉
မျိုးဆက် (VOM)
မက္ကဆီကိုနိုင်ငံမှာ ဇန်န၀ါရီ ၁၈ ရက်အစောပိုင်းက ရေနံပိုက်လိုင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် လူ ၂၁ ဦးထက်မနည်းသေဆုံးပြီး ၇၁ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါ ပေါက်ကွဲမှုဟာ မက္ကဆီကိုမြို့တော်ရဲ့ မြောက်ဘက် ဟီဒယ်ဂိုပြည်နယ်မှာရှိ မြို့တစ်မြို့မှာ သွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းကို ရေနံသူခိုးတွေက ဖောက်ပြီးခိုးယူပြီးနောက် ပေါက်ကွဲမှုဖြစ်ပွား ခဲ့တာဖြစ်ပါတယ်။
ဇန်န၀ါရီ ၁၈ ရက်ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ လူဒါဇင်ပေါင်းများစွာဟာ ယိုဖိတ်နေတဲ့ ရေနံတွေကို ထည့်စရာတွေနဲ့ ခပ်ယူနေကြတယ်လို တာဝန်ရှိသူတွေက ပြောဆိုပြီးအခင်းဖြစ်ရာနေရာမှာ ကြီးမားတဲ့ မီးတောက်မီးလျှံတွေထွက်ပေါ်ခဲ့ပြီး လူတွေမီးလောင်နေတာတွေကိုလည်း ဒေသတွင် ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်ခဲ့ပါတယ်။
သေဆုံးသူအရေအတွက်ဟာ မြင့်တက်လာနိုင်ကြောင်း ဟီဒယ်ဂို ပြည်နယ်အုပ်ချုပ်ရေးမှူး အိုမာဖာရက်က ပြောဆိုပြီး အရေးပေါ်ကယ်ဆယ်ရေးဌာနက မီးလောင်ကျွမ်းခဲ့တဲ့ နေရာမှာ ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒေသအခေါ် ဟူချီကိုလီယိုလို့ လူသိများတဲ့ ရေနံသူခိုးတွေဟာ မက္ကဆီကိုနိုင်ငံ လူမှုအသိုင်းအ၀ိုင်းမှာ ပြန့်နှံ့နေပြီး ဒီဇင်ဘာလအတွင်း အာဏာရရှိခဲ့တဲ့ မက္ကဆီကို သမ္မတ လိုပက်ဇ် အိုဘရာဒေါကတော့ ရေနံသူခိုးတွေကို အကြီးအကျယ်နှိမ်နင်းမှု ပြုလုပ်နေပါတယ်။
Ref : Reuter/BBC Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW