တောင်ဒဂုံက ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်ခံရချိန် ဘဏ်မန်နေဂျာ သေနတ်နဲ့ပစ်ခံရ

ဧပြီ ၁၈ ၊၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်၊ မောင်းမကန်လမ်းမပေါ်က ကမ္ဘာ့ရတနာဘဏ်ကို ဒီကနေ့ မနက် ၈နာရီကျော်က အမည်မသိသေနတ်ကိုင်ဆောင်ထားသူ
တွေက ဓားပြလာတိုက်ရာ ​ဘဏ်မန်နေဂျာကနေ သေ
နတ်ဝင်လုခဲ့ချိန် ကျည်ထိမှန်ခဲ့တယ်လို့ ရပ်ကွက်နေ
သူတွေဆီက သိရပါတယ်။

ဒီကနေ့ မနက်ပိုင်း တောင်ဒဂုံမြို့နယ် ကမ္ဘာ့ရတနာဘဏ်မှာ အလုပ်လုပ်နေတဲ့ဘဏ်မန်နေဂျာက ဘဏ်ကိုကားနဲ့ရောက်လာချိန် ဓားပြတိုက်နေတဲ့ အခြေအနေကိုတွေ့ရလို့ သေနတ်ဝင်လုရာကနေ သေနတ်နဲ့ပစ်ခတ်ခံရတာဖြစ်တယ်လို့ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဘဏ်ကို ဓားပြတိုက်ဖို့လုပ်နေတာ တွေ့လို့ မန်နေဂျာက ဝင်လုံးရင်း သေနတ်နဲ့ပစ်ခံရတာ၊ CCTV မှတ်တမ်းတွေလည်း ရပြီးပါပြီ၊ ပိတ်ဆို့ဖမ်းဆီးဖို့လုပ်နေပါတယ်”လို့ သူကပြောပါတယ်။

ဘဏ်ရှေ့မှာ သေနတ်ကိုင်ထားတဲ့ ဓားပြတိုက်မယ့်သူကိုတွေ့လို့ ဘဏ်မန်နေဂျာက ကားပေါ်ကနေဆင်းကာ ဝင်ရောက်သတ်ပုတ်ခြင်းဖြစ်တယ်လို့ စီစီတီဗီမှတ်တမ်းတွေကို ကိုးကားပြီး ရဲတပ်ဖွဲ့ရဲ့ပြောပြချက်အရ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဒဏ်ရာရရှိသူဟာ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဦးစောမိုးဝင်းဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာရရှိကာ ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

လက်တလောမှာ တောင်ဒဂုံ ကမ္ဘာ့ရတနာဘဏ်အနီးတဝိုက်နဲ့ မောင်းမကန်လမ်းမကြီးကို ပိတ်ဆို့ပြီး ကားတွေစစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၇ ရက် မနက်ပိုင်းကလည်း ဗဟန်းမြို့နယ်၊ ရွှေဂုံရိပ်မွန်အိမ်ရာမှာနေထိုင်တဲ့ မြန်မာနိူင်ငံတော်ဗဟိုဘဏ်ဒုဥက္ကဌဒေါ်သန်းသန်းဆွေ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ #သေနတ်နဲ့ပစ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW