သည်မိုး..သည်လေ ကူတော့

ဆူးငှက် မှိုင်းအုံ့လို့ရီ…၊ တိမ်ခိုးမြူမှောင်နှင့် ဘယ်တောင်ကို ဘယ်လိုလွမ်းပါရ၊ညွှန်းဆိုတတ်ပြီ…။ နတ်တံပိုး မုရိုးကခတ်သံသည်…၊ဟန်ချီလို့အုံ့တုန်း….။ ရွာဘဲနှင့်ကျူ…၊သည်မိုးသည်လေကူတော့ပူသူမှာ ဖြေမသင်နိုင်ဘူး၊ တွေးချင့်ပါဦး(အုံး)။ မြန်မာပြည်အောက်ပိုင်းအနှံ့ ကိုရွှေမိုးက ရွာသွန်းမဆုံး တအုန်းအုန်းဖြစ်နေသော်လည်း မြန်မာပြည်အလယ်ပိုင်းမှာ မိုးက ဟန်ရေးတပြပြနှင့် မာယာများနေသေး၏။ အုံ့ကားအုံ့၏။ အုံ့သလောက် မိုးမဆင်..။ မိုးလုံးပြည့်မှိုင်း ညို့မျှဆင်သည်။ ဆင်သလောက်မရွာ။ ရုတ်ချည်းဒါသတကြီးရွာ၏။ ရွာသလောက်ရေမပါ..။ ထိုအခါ ထင်သာထင်၊ မဝင်ဘူး ကျောင်းအစ်မရေဟုပဲ ပြောရမလိုဖြစ်၏။ မည်သို့ဆိုစေ…အားလုံးသည် သဘာဝတရားအရ သီးခြား ကင်းလွတ်နေသည်ချည်းဖြစ်သည်။ ကိုယ့်ဆီမှာ မိုးလေမကြီးသဖြင့် စိုးရိမ်ဖွယ်မရှိဟု ပြောလို့မရ..။ ရခိုင်ရိုးမကို ဖြတ်သန်းကျော်လွှားနိုင်စွမ်းရှိသည့် မုန်တိုင်းလက်တံများက ကိုယ်နှင့်အလှမ်းဝေးလှချည့်ဟု ဥပေက္ခာပြုလို့မရ…။ သည်ရေ သည်မြေ သည်တောင်၊သည်ယာသည် ကျောသားရင်သားခွဲခြားမရ။ တစ်ဆက်စပ်တည်းပင် မဟုတ်ပါလော…။ လက်သည်းဆိတ်လျှင် လက်ထိပ်နာရမည်။ ဟောကြည့် မြန်မာပြည် မြောက်ဘက် တောင်ကုန်းဒေသ၏ ကောင်းကင်ထိပ် ဟိမဝန္တာတောင်တန်းတွေပေါ်မှာ ရေခဲအရည်ပျော်တာတွေ…၊ သဘာဝမဟုတ်သော…

Read More

ယူကရိန်းပစ်မှတ် ၃၀၀ ကျော်ကို ရုရှားတိုက်ခိုက်၊ လက်နက်မချဘဲ အဆုံးထိတိုက်မယ်လို့ ယူကရိန်း ၀န်ကြီးချုပ်ပြော

မော်စကို၊ ဧပြီ-၁၈-၂၀၂၂ မျိုးဆက်(VOM) ရုရှားစစ်ဘက်ဟာ ယူကရိန်းပစ်မှတ် ၃၁၅ ခုကို ညလုံးပေါက် တိုက်ခိုက်ခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပြီး ဧပြီ ၁၈ ရက်မှာလည်း ယူကရိန်းမြို့ကြီးအများအပြားကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ တာတိုပစ်ပဲ့ထိန်းဒုံးကျည်ဖြစ်တဲ့ Iskander ဒုံးကျည်တွေနဲ့ ယူကရိန်းရှိ လက်နက်နဲ့စစ်ဘက်ဆိုင်ရာ သိုလှောင်ရုံလေးခုကို ညတွင်းချင်း ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး TASS သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါ့အပြင် ယူကရိန်းစစ်ဘက်ဆိုင်ရာ အဆောက်အအုံ ၁၆ ခုကိုလည်း တိကျသေချာတဲ့ ဝေဟင်ပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုနာရှန်ကော့ဗ်က ပြောဆိုထားပြီး ယူကရိန်းတိုက်လေယာဉ်နှစ်စင်းကိုလည်း ရုရှားလေကြောင်းရန်ကာကွယ်ရေး စနစ်ကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိုအခိုင်အမာပြောဆိုမှုတွေနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။ ရုရှားတပ်များဝိုင်းရံခံထားရတဲ့ ယူကရိန်းဆိပ်ကမ်းမြို့ မာရီယူပိုလ်ရှိ တပ်ဖွဲ့၀င်တွေ လက်နက်ချအညံ့ခံမှာ မဟုတ်ဘဲ ရုရှားတပ်များကို အဆုံးထိတိုက်ခိုက်သွားမှာဖြစ်ကြောင်း…

Read More

ဆန္ဒပြမှုတွေဖြစ်ပွားနေပေမယ့် သီရိလင်္ကာသမ္မတက ရာထူးမှဆင်းမပေးဘဲ အစိုးရအဖွဲ့သစ် ဖွဲ့စည်း

ကိုလံဘို၊ ဧပြီ-၁၈-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာသမ္မတကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုတွေ ကြီးထွားလာနေပေမယ့် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာကတော့ အဖွဲ့၀င် ၁၇ ဦးပါ၀င်တဲ့ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ပါတယ်။ မစ္စတာ ရာဂျာပက်ဆာဟာ ကနဦးမှာ အစိုးရအဖွဲ့၀င် ၀န်ကြီးတွေကို ထုတ်ပယ်ခဲ့ပြီး အစိုးရသစ်တစ်ရပ်ဖွဲ့စည်းရေးမှာ ကူညီဖို့ အတိုက်အခံပါတီတွေကို တောင်းဆိုခဲ့ပေမယ့် အတိုက်အခံတွေက အဲဒီကိစ္စကို ငြင်းဆိုခဲ့ပါတယ်။ လက်ရှိမှာ သမ္မတရာဂျာပက်ဆာဟာ သူ့ရဲ့ပါတီ၀င်တွေကို ရာထူးနေရာအများအပြားမှာ ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံးစီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ အဓိကစားနပ်ရိက္ခာနဲ့ လောင်စာဆီတင်သွင်းမှုအတွက် ပေးချေဖို့ နိုင်ငံခြားငွေနည်းပါးနေတာကြောင့် ကုန်ပစ္စည်းရှားပါးပြတ်လပ်မှုနဲ့ စျေးကြီးမြင့်ခြင်းတွေ ကြုံတွေ့နေရပါတယ်။ နေ့တစ်၀က် သို့မဟုတ် ဒီထက်ကြာမြင့်စွာ လျှပ်စစ်ဓါတ်အားပြတ်တောက်တာတွေနဲ့ အစားအစာ၊ ဆေးဝါး၊ လောင်စာဆီပြတ်လပ်မှုတို့ကြောင့် အများပြည်သူတွေရဲ့ အမျက်ဒေါသက အမြင့်ဆုံးသို့ ရောက်ရှိနေပါတယ်။ Ref:…

Read More

ပေါက်မြို့နယ် တောင်ပိုင်းက တိုက်ပွဲရှောင်ပြည်သူတွေ အရေးတကြီးထောက်ပံ့မှု လိုအပ်နေ

ဧပြီ ၊ ၁၈-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် တောင်ပိုင်းမှာရှိတဲ့ ကျေးရွာ ၁၁ ရွာက တိုက်ပွဲရှောင်ပြည်သူတွေဟာ မိုးဦး၊လေဦးကာလကို ရောက်လာတဲ့အတွက် စားဝတ်နေရေး အထောက်ကူပြုပစ္စည်းတွေ အရေးတကြီး လိုအပ်လာနေပြီဖြစ်တယ်လို့ နယ်ခံလူမှုကူညီရေးအဖွဲ့တွေဆီကနေတဆင့် သိရပါတယ်။ ” ရွာတွေမီးဘေးသင့်ပြီး ပြန်စရာ အိမ်မရှိတော့တဲ့ တိုက်ပွဲရှောင်တွေဖြစ်ကြတယ် ၊ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းတွေက ဖြစ်သလို နေလို့ရပေမယ့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်က အရေးတကြီးလိုအပ်နေတာ ၊ အခုလို တိုက်ပွဲရှောင်နေရင်း မွေးလူနာအပါအဝင် ကျန်းမာရေး ချို့တဲ့နေတဲ့ သက်ကြီးရွယ်အိုတွေအတွက် အမိုးအကာနဲ့ အစားအသောက် အာဟာရ အပြင် ဆေးဝါးတွေ လိုအပ်နေတာ ” လို့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။ ပေါက်မြို့နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ တောင်ဘက်၊ ဇီးတော၊ အင်းငယ်ဒေါင့်၊ ဘို့မယ်၊ တောင်ချို၊…

Read More

မြောက်ကိုရီးယားက ကန့်ကွက်ပေမယ့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်

ဆိုးလ်၊ ဧပြီ-၁၈-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နဲ့ တောင်ကိုရီးယားစစ်ဘက်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၁၈ ရက်နံနက်ပိုင်းမှာ စတင်လိုက်ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းဖို့ မြောက်ကိုရီးယားက ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်နိုင်လာနိုင်ဖွယ်ရှိတဲ့ အခြေအနေတွေကို တုံ့ပြန်တဲ့ပုံစံမျိုး တုပပြီ စစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမှာဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်တာ၀န်ရှိသူတွေကပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၈ ရက်ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေနဲ့ အခြားသောကိစ္စရပ်တွေကြောင့် လက်တွေ့ပစ်ခတ်လေ့ကျင့်မှုအစား ကွန်ပြူတာစနစ်နဲ့ တုပလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ နှစ်နိုင်ငံတပ်တွေရဲ့ စစ်ရေးဆိုင်ရာ အသင့်ရှိမှုကို မြင့်တင်ခြင်းဖြင့် တောင်ကိုရီးယားစစ်ဘက်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်ကဆိုပါတယ်။ ဧပြီ ၁၈ ရက်မှာ စတင်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီး နျူကလီးယားပိုင်ဆိုင်မှုကို အဆင်ခြင်မဲ့ထိပ်တိုက်ရင်ဆိုင်တာဟာ ပျက်စီးဆုံးရှုံးဖို့ အချိန်နီးလာပြီလို့ သတိပေးပြောဆိုပါတယ်။…

Read More

တောင်ဒဂုံက ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်ခံရချိန် ဘဏ်မန်နေဂျာ သေနတ်နဲ့ပစ်ခံရ

ဧပြီ ၁၈ ၊၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်၊ မောင်းမကန်လမ်းမပေါ်က ကမ္ဘာ့ရတနာဘဏ်ကို ဒီကနေ့ မနက် ၈နာရီကျော်က အမည်မသိသေနတ်ကိုင်ဆောင်ထားသူ တွေက ဓားပြလာတိုက်ရာ ​ဘဏ်မန်နေဂျာကနေ သေ နတ်ဝင်လုခဲ့ချိန် ကျည်ထိမှန်ခဲ့တယ်လို့ ရပ်ကွက်နေ သူတွေဆီက သိရပါတယ်။ ဒီကနေ့ မနက်ပိုင်း တောင်ဒဂုံမြို့နယ် ကမ္ဘာ့ရတနာဘဏ်မှာ အလုပ်လုပ်နေတဲ့ဘဏ်မန်နေဂျာက ဘဏ်ကိုကားနဲ့ရောက်လာချိန် ဓားပြတိုက်နေတဲ့ အခြေအနေကိုတွေ့ရလို့ သေနတ်ဝင်လုရာကနေ သေနတ်နဲ့ပစ်ခတ်ခံရတာဖြစ်တယ်လို့ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ “ဘဏ်ကို ဓားပြတိုက်ဖို့လုပ်နေတာ တွေ့လို့ မန်နေဂျာက ဝင်လုံးရင်း သေနတ်နဲ့ပစ်ခံရတာ၊ CCTV မှတ်တမ်းတွေလည်း ရပြီးပါပြီ၊ ပိတ်ဆို့ဖမ်းဆီးဖို့လုပ်နေပါတယ်”လို့ သူကပြောပါတယ်။ ဘဏ်ရှေ့မှာ သေနတ်ကိုင်ထားတဲ့ ဓားပြတိုက်မယ့်သူကိုတွေ့လို့ ဘဏ်မန်နေဂျာက ကားပေါ်ကနေဆင်းကာ ဝင်ရောက်သတ်ပုတ်ခြင်းဖြစ်တယ်လို့ စီစီတီဗီမှတ်တမ်းတွေကို ကိုးကားပြီး ရဲတပ်ဖွဲ့ရဲ့ပြောပြချက်အရ သိရပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရလို့ ဒဏ်ရာရရှိသူဟာ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ…

Read More

စစ်ကိုင်းတိုင်းမှာ သင်္ကြန်ကာလ လူ ၃၀ ကျော်ဒဏ်ရာရခဲ့ပြီး၊ လူ ၁ ဒါဇင်နီးပါး သေဆုံးခဲ့

ဧပြီ ၊ ၁၈-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်းက မြို့နယ် ၃၀ ကျော်မှာ သင်္ကြန်ကာလအတွင်း ဒဏ်ရာရသူ လူ ၃၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ပေါင်း လူ ၁ ဒါဇင်ကျော်ရှိခဲ့တယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေရဲ့ လူမှုကူညီရေး မှတ်တမ်းတွေအရ သိရပါတယ်။ ” အပျော်လွန်ပြီး ဆိုင်ကယ်မတော်တဆမှုကြောင့် ဒဏ်ရာရ ၊ သေဆုံးတာတွေရှိသလို ၊ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပစ်ခတ်မှုဖြစ်စဥ်တွေကြောင့် ဒဏ်ရာရ သေဆုံးရခဲ့တာတွေဖြစ်တယ် ” လို့ အဲ့ဒီဖြစ်စဥ်တွေကို သွားရောက်ကူညီပေးခဲ့တဲ့ နယ်ခံပရဟိတသမားတွေက ပြောပါတယ်။ မုံရွာအခြေစိုက် လူမှုကူညီရေး အသင်းတခုရဲ့ တာဝန်ရှိသူတဦးကတော့ ” မုံရွာမှာဆို အကြိုနေ့ မနက်က ပစ်ခတ်မှုဖြစ်တယ် ၊ မုံရွာနယ်မြေရဲစခန်းက ရဲတစ်ယောက်ဒဏ်ရာရတယ် ၊ နေ့ခင်းပိုင်းမှာ အလယ်ရပ်ကွက်ထဲက ငှက်ပျောသီးဆိုင်နားမှာ ပေါက်ကွဲမှုထပ်ဖြစ်တယ် ၊ အမျိုးသမီး ၁…

Read More

နိုင်/ကျဉ်းမပါဘဲ စစ်ကိုင်းတိုင်းမှာ အကျဉ်းသား ၁၂၃ ဦး လွတ်

ဧပြီ ၊ ၁၇-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်းထဲက အကျဥ်းထောင်တွေနဲ့ အလုပ်စခန်းတွေကနေ ဒီကနေ့မနက်ပိုင်းက ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ အကျဥ်းသား ၊ အကျဥ်းသူ ၁၂၃ ဦးရှိတယ်လို့ အကျဥ်းဦးစီး ဌာန အသိုင်းအဝိုင်းက သိရပါတယ်။ ” မုံရွာအကျဉ်းထောင်မှ ကျား ၁၁ ဦး၊ ခန္တီးအကျဉ်းထောင်မှ ကျား ၁၅ ဦး၊ ရွှေဘို အကျဉ်း ထောင်မှ ကျား ၁၀ ဦး မ ၁ ဦး စုစုပေါင်း ၁၁ ဦး၊ ကလေးအကျဉ်းထောင်မှ ကျား ၂၅ ဦး မ ၇ ဦး စုစုပေါင်း ၃၂ ဦး၊ ကသာအကျဉ်းထောင်မှ ကျား ၆ ဦး မ ၅ ဦး စုစုပေါင်း ၁၁…

Read More

မာရီယူပိုလ်မြို့က ယူကရိန်းတပ်တွေ ဒီနေ့နောက်ဆုံး လက်နက်ချဖို့ ရုရှားပြော

မော်စကို၊ ဧပြီ-၁၇-၂၀၂၂ မျိုးဆက်(VOM) ရုရှားတပ်တွေ ပိတ်ဆို့ဝိုင်းရံထားတဲ့ နိုင်ငံတောင်ပိုင်း မာရီယူပိုလ်မြို့မှာ ခုခံတိုက်ခိုက်နေဆဲဖြစ်တဲ့ ယူကရိန်းတပ်ဖွဲ့၀င်တွေအနေနဲ့ အသက်ရှင်လိုပါက ဧပြီ ၁၇ ရက် မော်စကိုစံတော်ချိန် နံနက် ၆ နာရီမှာ လက်နက်ချကြဖို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ယူကရိန်းစစ်ပွဲမှာ အပြင်းထန်ဆုံးတိုက်ပွဲတွေဖြစ်ပွားနေပြီး အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ ထောက်ထားမှုဆိုင်ရာကပ်ဘေးဖြစ်ပွားနေတဲ့ မာရီယူပိုလ်မြို့ပြဧရိယာကို ရုရှားတပ်ဖွဲ့တွေက ရှင်းလင်းခဲ့ကြောင်း ရုရှားဘက်က အစောပိုင်းမှာ ထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း သီးခြားအတည်ပြုချက်မရသေးဘူးလို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။ ဒါဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုပြုပြီးနောက်ပိုင်း ရုရှားတပ်တွေရဲ့ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့တဲ့ ပထမဆုံးယူကရိန်းမြို့ကြီး ဖြစ်လာဖွယ်ရှိပါတယ်။ မာရီယူပိုလ်မြို့မှာ ရုရှားတပ်တွေကို တိုက်ခိုက်နေတဲ့ ယူကရိန်းနွှံ ပြည်ပနိုင်ငံတွေက တပ်ဖွဲ့၀င်တွေဟာ အေဇော့ဗ်စတယ် သံမဏိစက်ရုံမှာ ပိတ်မိနေကြောင်း ရုရှားဘက်က ထုတ်ဖော်ပြောဆိုထားပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ လမ်းညွှန်ချက်တွေအပါအ၀င် အဲဒီနေရာမှာ…

Read More

ရခိုင်က လွတ်ငြိမ်းအကျဥ်းသား ၄၅ ယောက်ထဲမှာ နိုင်ငံရေးအမှုနဲ့အကျဉ်းကျနေသူတွေ မပါဝင်

ဧပြီ ၁၇-၂၀၂၂ SW(VOM) တနိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းသား/သူတစ်ထောင်ကျော်ကို ဒီကနေ့ လွှတ်ငြိမ်းခွင့်ပေးရာမှာ ရခိုင်ပြည်နယ်က ၄၅ ယောက် ပါဝင်တယ်လို့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ရဲမှူးကြီး သက်လွင်က အတည်ပြုပြောပါတယ်။ ” ရခိုင်က ၄၅ ယောက်လွတ်တယ်လို့ပဲသိပါတယ်။ ဘယ်မြို့နယ်တွေက ပါတယ်ဆိုတာတော့မသိဘူး။ (total)အားလုံးပေါင်းပဲ သိပါတယ်။” လို့ ပြောပါတယ်။ လွတ်ငြိမ်းခွင့်ရသူတွေထဲမှာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့သူတွေမပါဝင်ဘဲ မူးယစ်ဆေးအမှု၊ ခိုးမှုနဲ့ လူသတ်မှုစတဲ့ ရာဇဝတ်အကျဥ်းသားတွေအများစုဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားတွေ ကူညီရေးဆောင်ရွက်နေတဲ့ ဦးဝေဟင်အောင်က ပြောပါတယ်။ အဲဒီ ၄၅ ဦးထဲမှာ စစ်တွေအကျဥ်းထောင်က ၈ ယောက်ပါဝင်ပြီး ကျန်တဲ့ အကျဉ်းသားတွေဟာ တခြားအကျဉ်းထောင်တွေက ဖြစ်ပါတယ်။ လွတ်ငြိမ်းခွင့်ရတဲ့ အကျဥ်းသားတစ်ဦးရဲ့ မိခင်က ” အခုလို လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့အတွက် အရမ်းဝမ်းသာရပါတယ်” လို့ ပြောပါတယ်။ ဒီကနေ့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အကျဥ်းသား/သူ…

Read More
VOM News

FREE
VIEW