ဆန္ဒပြမှုတွေဖြစ်ပွားနေပေမယ့် သီရိလင်္ကာသမ္မတက ရာထူးမှဆင်းမပေးဘဲ အစိုးရအဖွဲ့သစ် ဖွဲ့စည်း

ကိုလံဘို၊ ဧပြီ-၁၈-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာသမ္မတကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုတွေ ကြီးထွားလာနေပေမယ့် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာကတော့ အဖွဲ့၀င် ၁၇ ဦးပါ၀င်တဲ့ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ပါတယ်။

မစ္စတာ ရာဂျာပက်ဆာဟာ ကနဦးမှာ အစိုးရအဖွဲ့၀င် ၀န်ကြီးတွေကို ထုတ်ပယ်ခဲ့ပြီး အစိုးရသစ်တစ်ရပ်ဖွဲ့စည်းရေးမှာ ကူညီဖို့ အတိုက်အခံပါတီတွေကို တောင်းဆိုခဲ့ပေမယ့် အတိုက်အခံတွေက အဲဒီကိစ္စကို ငြင်းဆိုခဲ့ပါတယ်။

လက်ရှိမှာ သမ္မတရာဂျာပက်ဆာဟာ သူ့ရဲ့ပါတီ၀င်တွေကို ရာထူးနေရာအများအပြားမှာ ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံးစီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

အဓိကစားနပ်ရိက္ခာနဲ့ လောင်စာဆီတင်သွင်းမှုအတွက် ပေးချေဖို့ နိုင်ငံခြားငွေနည်းပါးနေတာကြောင့် ကုန်ပစ္စည်းရှားပါးပြတ်လပ်မှုနဲ့ စျေးကြီးမြင့်ခြင်းတွေ ကြုံတွေ့နေရပါတယ်။

နေ့တစ်၀က် သို့မဟုတ် ဒီထက်ကြာမြင့်စွာ လျှပ်စစ်ဓါတ်အားပြတ်တောက်တာတွေနဲ့ အစားအစာ၊ ဆေးဝါး၊ လောင်စာဆီပြတ်လပ်မှုတို့ကြောင့် အများပြည်သူတွေရဲ့ အမျက်ဒေါသက အမြင့်ဆုံးသို့ ရောက်ရှိနေပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW