မြောက်ကိုရီးယားက ကန့်ကွက်ပေမယ့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်

ဆိုးလ်၊ ဧပြီ-၁၈-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်နဲ့ တောင်ကိုရီးယားစစ်ဘက်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၁၈ ရက်နံနက်ပိုင်းမှာ စတင်လိုက်ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းဖို့ မြောက်ကိုရီးယားက ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်နိုင်လာနိုင်ဖွယ်ရှိတဲ့ အခြေအနေတွေကို တုံ့ပြန်တဲ့ပုံစံမျိုး တုပပြီ စစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမှာဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်တာ၀န်ရှိသူတွေကပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၈ ရက်ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေနဲ့ အခြားသောကိစ္စရပ်တွေကြောင့် လက်တွေ့ပစ်ခတ်လေ့ကျင့်မှုအစား ကွန်ပြူတာစနစ်နဲ့ တုပလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်မှုဟာ နှစ်နိုင်ငံတပ်တွေရဲ့ စစ်ရေးဆိုင်ရာ အသင့်ရှိမှုကို မြင့်တင်ခြင်းဖြင့် တောင်ကိုရီးယားစစ်ဘက်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်ကဆိုပါတယ်။

ဧပြီ ၁၈ ရက်မှာ စတင်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီး နျူကလီးယားပိုင်ဆိုင်မှုကို အဆင်ခြင်မဲ့ထိပ်တိုက်ရင်ဆိုင်တာဟာ ပျက်စီးဆုံးရှုံးဖို့ အချိန်နီးလာပြီလို့ သတိပေးပြောဆိုပါတယ်။

လက်ရှိမှာတော့ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဆောင်ကင်ဟာ တောင်ကိုရီးယားနိုင်ငံဆိုးလ်သို့ ရောက်ရှိနေပြီး ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ အထူးကိုယ်စားလှယ် နိုကျူဒတ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

Ref:NHK
Photo:Getty Images
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW