ရခိုင်က လွတ်ငြိမ်းအကျဥ်းသား ၄၅ ယောက်ထဲမှာ နိုင်ငံရေးအမှုနဲ့အကျဉ်းကျနေသူတွေ မပါဝင်

ဧပြီ ၁၇-၂၀၂၂
SW(VOM)

တနိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းသား/သူတစ်ထောင်ကျော်ကို ဒီကနေ့ လွှတ်ငြိမ်းခွင့်ပေးရာမှာ ရခိုင်ပြည်နယ်က ၄၅ ယောက် ပါဝင်တယ်လို့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ရဲမှူးကြီး သက်လွင်က အတည်ပြုပြောပါတယ်။

” ရခိုင်က ၄၅ ယောက်လွတ်တယ်လို့ပဲသိပါတယ်။ ဘယ်မြို့နယ်တွေက ပါတယ်ဆိုတာတော့မသိဘူး။ (total)အားလုံးပေါင်းပဲ သိပါတယ်။” လို့ ပြောပါတယ်။

လွတ်ငြိမ်းခွင့်ရသူတွေထဲမှာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့သူတွေမပါဝင်ဘဲ မူးယစ်ဆေးအမှု၊ ခိုးမှုနဲ့ လူသတ်မှုစတဲ့ ရာဇဝတ်အကျဥ်းသားတွေအများစုဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားတွေ ကူညီရေးဆောင်ရွက်နေတဲ့ ဦးဝေဟင်အောင်က ပြောပါတယ်။

အဲဒီ ၄၅ ဦးထဲမှာ စစ်တွေအကျဥ်းထောင်က ၈ ယောက်ပါဝင်ပြီး ကျန်တဲ့ အကျဉ်းသားတွေဟာ တခြားအကျဉ်းထောင်တွေက ဖြစ်ပါတယ်။

လွတ်ငြိမ်းခွင့်ရတဲ့ အကျဥ်းသားတစ်ဦးရဲ့ မိခင်က ” အခုလို လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့အတွက် အရမ်းဝမ်းသာရပါတယ်” လို့ ပြောပါတယ်။

ဒီကနေ့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အကျဥ်းသား/သူ ၁၅၇၇ ယောက်လွတ်ငြိမ်းခွင့်ရခဲ့ပြီး နိုင်ငံခြားသား အကျဥ်းသား ၄၂ ဦးကိုလည်း လွတ်ငြိမ်းခွင့်နဲ့အတူ ပြည်နှင်ဒဏ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရခိုင် #လွတ်ငြိမ်း #နိုင်ငံရေးအကျဉ်းသား #မပါဝင်

Related posts

Leave a Comment

VOM News

FREE
VIEW