ပေါက်မြို့နယ် တောင်ပိုင်းက တိုက်ပွဲရှောင်ပြည်သူတွေ အရေးတကြီးထောက်ပံ့မှု လိုအပ်နေ

ဧပြီ ၊ ၁၈-၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် တောင်ပိုင်းမှာရှိတဲ့ ကျေးရွာ ၁၁ ရွာက တိုက်ပွဲရှောင်ပြည်သူတွေဟာ မိုးဦး၊လေဦးကာလကို ရောက်လာတဲ့အတွက် စားဝတ်နေရေး အထောက်ကူပြုပစ္စည်းတွေ အရေးတကြီး လိုအပ်လာနေပြီဖြစ်တယ်လို့ နယ်ခံလူမှုကူညီရေးအဖွဲ့တွေဆီကနေတဆင့် သိရပါတယ်။

” ရွာတွေမီးဘေးသင့်ပြီး ပြန်စရာ အိမ်မရှိတော့တဲ့ တိုက်ပွဲရှောင်တွေဖြစ်ကြတယ် ၊ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းတွေက ဖြစ်သလို နေလို့ရပေမယ့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်က အရေးတကြီးလိုအပ်နေတာ ၊ အခုလို တိုက်ပွဲရှောင်နေရင်း မွေးလူနာအပါအဝင် ကျန်းမာရေး ချို့တဲ့နေတဲ့ သက်ကြီးရွယ်အိုတွေအတွက် အမိုးအကာနဲ့ အစားအသောက် အာဟာရ အပြင် ဆေးဝါးတွေ လိုအပ်နေတာ ” လို့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။

ပေါက်မြို့နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ တောင်ဘက်၊ ဇီးတော၊ အင်းငယ်ဒေါင့်၊ ဘို့မယ်၊ တောင်ချို၊ ဒိန်းကွင်း၊ ကျောက်အိုး၊ လက်ပံလှ၊ တံစူး၊ ကိုင်းမ၊ သက္ကယ်ကျင်း စတဲ့ ကျေးရွာ ၁၁ ရွာက ဒေသခံ ပြည်သူတွေဟာ လူနေအိမ်တွေ မီးရှို့ခံရလိုက်ရတာကြောင့် နီးစပ်ရာ တောတွေထဲကို တိုက်ပွဲရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲရှောင်ပြည်သူတွေဟာ အခုလ ၇ ရက်နေ့နဲ့ ၁၅ ရက်နေ့က နီးစပ်ရာတောတိုက်တွေထဲကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ တိုက်ပွဲရှောင်တွေဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပေါက်မြို့နယ် #တိုက်ပွဲရှောင် #အကူအညီလိုအပ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW